Abhidhamma Day Ceremony (15-Oct-2016)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ဓမ္မသင်တန်းသူ သင်တန်းသားများ၏ ဆဋ္ဌမအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ၂၀၁၆-ခုနှစ် အောက်တိုဘာလ ၁၅-ရက် စနေနေ့ မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်၏။

Columbus Day Weekend Meditation Retreat

နယူးဂျာစီ၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ Columbus Day ရုံးပိတ်ရက် (၃)ရက် တရားစခန်းကို အောက်တိုဘာလ ၈-ရက် စနေနေ့မှ အောက်တိုဘာလ ၁၀-ရက် တနင်္လာနေ့ထိ ပြုလုပ်၏။ ဆရာတော် အရှင်ပညာသီဟက ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ် တရားဟော တရားပြသရာ `အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၁)၊ (၂)´တရားတော်ကို ဟောကြား ချီးမြှင့်ခဲ့၏။
အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၁) (၈-အောက်တိုဘာ-၁၆) – အရှင်ပညာသီဟ
အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၂) (၉-အောက်တိုဘာ-၁၆) – အရှင်ပညာသီဟ

One Day Meditation Retreat (28-May-2016)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် လစဉ် နောက်ဆုံး စနေနေ့၌ တစ်ရက်တရားစခန်းပြုလုပ်လေ့ရှိရာ ၂၀၁၆-ခုနှစ် မေလ (၂၈)ရက် စနေနေ့ တစ်ရက်တရားစခန်းဝယ် တင်တင်ရီက ကွယ်လွန်သူ မိခင်ကြီး ဒေါ်သစ္စဉာဏီ (ခေါ်) ဒေါ်အေးခုန်အား ရည်စူး၍ ဆွမ်းကပ်လှူ ကောင်းမှုကုသိုလ်ပြု၏။
လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပေး၏။

မွန်းလွဲပိုင်းတွင် ဆရာလေး ဒေါ်ကဉ္စနသိရီက လမ်းလျှောက်တရားရှုမှတ်နည်းကို သင်ကြားပေး၏။

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂၁-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ (၂၁)ရက် စနေနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၈-ခုနှစ် ကဆုန်လပြည့်နေ့ ဖြစ်သောကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်မှုများအဖြစ် နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။

ထိုနောက် လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များအား ဒေါက်တာမြတ်မြတ်မွန်နှင့် မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁-နာရီတွင် နယူးယောက်မြို့သို့ ကြွရောက်ရှိနေသော လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပြီး –

လှိုင်မဟာစည်ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာကြသော ဆရာတော် အရှင်ပညာသာမိနှင့် ဆရာလေး ဒေါ်ကဉ္စနသိရီတို့က လမ်းလျှောက်တရားရှုမှတ်ပုံကို ပြသ သင်ကြားပေးကြ၏။

ညနေ ၄-နာရီတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ကာ ကောင်းမှုကုသိုလ် ပွားများကြလေသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ – အေဘီဘီအေ (၁၅-မေ-၂၀၁၆)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို ၂၀၁၆-ခုနှစ် မေလ (၁၅)ရက် တနင်္ဂနွေနေ့တွင် အသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။

ပွဲတော်၌ ဒေါက်တာတင်မြင့်+ဒေါက်တာခင်ခင်လှ မိသားစုက ကော်ရည်ခေါက်ဆွဲနှင့် မြန်မာအချိုမုန့်များဖြင့် အဟာရဒါန ပြု၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၄-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ ၁၄-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြပြီး ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၄၁၊ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထုကို ပို့ချပေး၏။

ထိုနောက် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးပြီး

ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါန ပြု၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၇-မေ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၆-ခုနှစ် မေလ (၇)ရက် စနေနေ့၌ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၃၇-၁၄၀ မဟာမောဂ္ဂလ္လာနတ္ထေရ၀တ္ထုကို ပို့ချပေးပြီး –

ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းနှင့် ဥက္ကစေလသုတ်တို့ကို သင်ကြား ပို့ချပေးသည်။

ညနေ ဆည်းဆာတရားပွဲ မစမီ လယ်တီဆရာတော်ကြီးနှင့် လယ်တီ အရှင်ကေလာသ (ပါဠိပါရဂူ)တို့၏ ဗုဒ္ဓ၀င်လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး၊

ဆရာတော် အရှင်ဝိမလက တရားဓမ္မဟောကြား ဓမ္မဒါနပြုလေသည်။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၂၃-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂၃)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ကျင်းပပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ဂါထာအမှတ် ၁၃၆-အဇဂရပေတ၀တ္ထုကို သင်ကြားပေးပြီး၊

ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို ပို့ချပေး၏။

အဘိဓမ္မာသင်တန်းပို့ချပေးနေသော ဆရာတော် အရှင်ပညာဇောတ ခရီးထွက်နေသဖြင့် သင်တန်းမရှိပေ။

ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

မြန်မာနှစ်သစ်-၁၃၇၈ မင်္ဂလသုတ်ပူဇာ

၂၀၁၆-ခုနှစ် ဧပြီလ ၁၆-ရက်၊ ၁၃၃၇-ခုနှစ် နှောင်းတန်ခူးလဆန်း ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မြန်မာနှစ်သစ်မင်္ဂလာအဖြစ် မြတ်စွာဘုရားအမှူးရှိသော လောကချမ်းသာဘုရားကျောင်း ဆရာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ်ကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အနာထပိဏ္ဍိကကောဝါဒသုတ်ကို သင်ကြား ပို့ချပေးပြီး –

မွန်းလွဲ ၂း၁၅ မှ ၃း၀၀ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ညနေချမ်းတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြပြီး –

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။