အာဒိတ္တပရိယာယသုတ္တပူဇာ

၂၀၁၆-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အပတ်စဉ် စနေနေ့ ဓမ္မသင်တန်းများ ပြုလုပ်ရန်ဖြစ်သော်လည်း ရာသီဥတု အေးလွန်းသဖြင့် သင်တန်းသားများ အများစု မလာရောက်နိုင်ကြပါ။
သင်တန်းသား သင်တန်းသူ သုံးလေးဦးမျှသာ ရှိသဖြင့် တရားရှုမှတ်ခြင်းအစီအစဉ်နှင့် အာဒိတ္တပရိယာယသုတ္တပူဇာတို့ကိုသာ ပြုလုပ်ကြသည်။
တရားရှုမှတ်စဉ် ဆရာတော် ဦးပညာဇောတက တရားချီးမြှင့်ပေးပြီး၊

အာဒိတ္တပရိယာယသုတ်ကိုလည်း ဆရာတော် ဦးပညာဇောတကပင် ပို့ချပေးကာ စုပေါင်း ရွတ်ဆို ပူဇော်ကြပါသည်။

ကောကခွေးမုဆိုး၊ ကျောက်သွေးသမား၏ဆရာ အရှင်တိဿ နှင့် စရဏတစ်ဆယ့်ငါးပါး

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၁၆-ရက် စနေနေ့ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃ နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဂါထာအမှတ် ၁၂၅ – ကောကခွေးမုဆိုးဝတ္ထုနှင့် ဂါထာအမှတ် ၁၂၆ – ကျောက်သွေးသမား၏ဆရာ အရှင်တိဿ မထေရ်ဝတ္ထုတို့ကို ပို့ချပေးလေသည်။

ညနေ ၅ နာရီခွဲ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် `စရဏတစ်ဆယ့်ငါးပါးတရားတော်´ဖြင့် ဓမ္မဒါနပြု၏။

ကုက္ကုဋမိတ္တငှက်မုဆိုးနှင့် ဘုရားပေးတဲ့ မကြောက်ဆေး

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၉-ရက် စနေနေ့ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်ပေး၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ အမှတ် ၁၂၄-ကုက္ကုဋမိတ္တနေသာဒ၀တ္ထုကို ပို့ချပေး၏။

ဓမ္မပဒသင်တန်းအပြီး ခေတ္တနားချိန်တွင် ဘုရားခန်း၌ ဆင်ယင်ထားသော တန်ဆောင်တိုင်နှင့် နှစ်သစ် ရောင်စုံမီးများကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းကြ၏။ ပြီးသော် ဘော်စတွန်ကျောင်းသို့ ခေတ္တ ကြွရောက်နေသာ ဆရာတော် ဦးပညာဇောတ ပြန်လည် ရောက်ရှိနေသဖြင့် အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးသည်။

အဘိဓမ္မာသင်တန်းပြီးသော် ဘုရားခန်း သန့်ရှင်းရေးကုသိုလ် ယူကြပြန်၏။ ညနေ ၇-နာရီတွင် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက `ဘုရားပေးတဲ့ မကြောက်ဆေး´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

နှစ်သစ် (၂၀၁၆) ဆုတောင်း မေတ္တာပို့သပွဲ (၃-ဇန်န၀ါရီ-၂၀၁၆)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၂၀၁၆-ခုနှစ် နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို အသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၃-ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ကျင်းပ၏။ ကိုသက်တင်ထူးနှင့် မလိန်းလိန်း မိသားစုက ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား အာပူလျှာပူနှင့် မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။ မွန်းလွဲ ၁-နာရီတွင် ဆုတောင်း မေတ္တာပို့သပွဲ အခမ်းအနားကို ကျင်းပရာ Wisconsin ပြည်နယ်၊ Milwaukee မြို့၊ ကမ္မဒါယာဒကျောင်း ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)က အနုမောဒနာတရား ချီးမြှင့်၏။

`ဓမ္မဂုဏ်´ နှင့် `ဘဝရဲ့ ဘယ်နဲ့ညာ´

၂၀၁၆-ခုနှစ် ဇန်နဝါရီလ ၂-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ နှစ်သစ် ပထမဦး စနေနေ့ ဓမ္မသင်တန်းတွင် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် Wisconsin ပြည်နယ်၊ Milkwaukee မြို့၊ ကမ္မဒါယာဒကျောင်းတွင် သီတင်းသုံးသော ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)က `ဓမ္မဂုဏ်´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

မွန်းလွဲပိုင်း တရားပွဲအပြီး ခေတ္တ အားလပ်ချိန်၌ ဓမ္မသင်တန်းမိတ်ဆွေများက သင်တန်းသူ ဒေါ်ယဉ်ယဉ်အေးအား မွေးနေ့ကိတ်ဖြင့် အမှတ်တရပြုလုပ်ပေးကြ၏။

ညနေ ၆-နာရီ လောချမ်းသာဆည်းဆာတရားပွဲတွင်လည်း ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)ကပင် `ဘဝရဲ့ ဘယ်နဲ့ညာ´တရားတော်ဖြင့် ဟောကြား ဓမ္မဒါနပြု၏။

ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်း နှစ်သစ်မင်္ဂလာအလှူ

ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်းတွင် နှစ်ဖက်မိဘများအား အမှူးထား၍ ဦးမျိုးဝင်းနှင့်ဒေါ်အေးကြည် မိသားစုက နှစ်သစ်မင်္ဂလာ အရုဏ်နှင့် နေ့ဆွမ်း လှူဒါန်းကြသည်။

Pedestrian Lights at NJ Meditation Center

လူသွားလမ်း မီးတိုင် (၁၈)တိုင် အလှူရှင်များ
၁။ ဦးအောင်စိုး + ဒေါ်ခင်နီလာ နှင့် သမီး – ဒေါ်လာ ၁၇၀၀
၂။ ဦးအောင်စိုး + ဒေါ်ခင်နီလာ နှင့် သမီး – ဒေါ်လာ ၁၇၀၀
၃။ ဦးမျိုးဝင်းအား ရည်စူး၍ ဇနီး ဒေါ်လီလီဝင်းနှင့် မိသားစု – ဒေါ်လာ ၁၇၀၀
၎။ ဦးဟုတ်သွင်၊ ဒေါ်ကင်တီ၊ ဦးမျိုးဝင်းတို့အား ရည်စူး၍ သား၊ သမီး၊ ညီ၊ အစ်ကို၊ မောင်နှမများ – ဒေါ်လာ ၁၇၀၀
၅။ ဦးဟုတ်သွင်၊ ဒေါ်ကင်တီ၊ ဦးမျိုးဝင်းတို့အား ရည်စူး၍ သား၊ သမီး၊ ညီ၊ အစ်ကို၊ မောင်နှမများ – ဒေါ်လာ ၁၇၀၀
၆။ အေဘီဘီအေ ဝေယျာဝစ္စအဖွဲ့ (နယူးယောက်၊ […]