ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၆) (၇) (၉) – ညောင်တုန်းမြို့ ရွှေဟင်္သာစံကျောင်းဆရာတော်

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၆)
မေး။ ။ ဘုရား တရား သံဃာသည် ပရမတ်ဖြစ်မည်၊ ပညတ်ဖြစ်မည်နည်း … ဟူသော ပုစ္ဆာအဖြေကား –
ဖြေ။ ။ ပရမတ်ဟူသည် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ကို ခေါ်သည်။ ဘုရားသည် ထိုပရမတ်လေးပါးမှ လွတ်သောကြောင့် ပညတ်ဖြစ်သည်။ သံဃာလည်း ထိုပရမတ် ၄-ပါးမှ လွတ်၍ ပညတ်ဖြစ်သည်။ တရားတော်မှာမူကား လောကုတ္တရာတရား ၉-ပါးသည် ပရမတ်တရား ဖြစ်သည်။ ပိဋကတ်သုံးပုံဟူသော ပရိယတ်တရားသည် ပညတ်တရား ဖြစ်သည်။

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၇)
မေး။ ။ ပညတ်ကို ပယ်က ဘုရားကို ပယ်ရာကျမည်၊ မကျမည်နည်း … ဟူသော ပုစ္ဆာအဖြေကား […]

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား

မေး။ ။ ဆရာတော်ဘုရား … တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။ နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။ ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။
အဘာဝပညတ် လို့ ခေါ်ပါတယ်။
နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။
နိဗ္ဗာန်ဟာ အမှန် ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။
ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီ သဘာဝကြီးဟာ […]

ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ကြောင်း မည်သို့ သိနိုင်ပါသနည်း

မေး။     ။ ဆရာတော်ဘုရား ….. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။
တပည့်တော်တို့ဟာ တိဟိတ်ပဋိသန္ဓေနေသူ၊ သို့မဟုတ် ဒွိဟိတ်ပဋိသန္ဓေနေသူ ဖြစ်သည်ကို မည်ကဲ့သို့ သိနိုင်ပါသလဲ ဘုရား။
(မောင်မျိုးမင်း၊ တတိယနှစ်၊ ရူပဗေဒ)
ဖြေ။     ။ ဒီနေရာမှာ ဟိတ်ဆိုတာ အကြောင်းတရားကို ခေါ်ပါတယ်။
အကုသိုလ်ဘက်မှာလည်း လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။
ကုသိုလ်ဘက်မှာလည်း အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။
အလောဘဟိတ်ဆိုတာ မလိုချင် မတပ်မက်ခြင်းတည်းဟူသော အကြောင်း၊
အဒေါသဟိတ်ဆိုတာ စိတ်မဆိုး စိတ်မပျက်ခြင်းတည်းဟူသော အကြောင်း၊
အမောဟဟိတ်ဆိုတာ မတွေဝေခြင်း ရှင်းရှင်းလင်းလင်း သိခြင်းဟူသော အကြောင်းလို့ ဆိုပါတယ်။
ဒါကြောင့် အမောဟဆိုတာ အသိဉာဏ်ကို ဆိုလိုတာပါ။
ဒွိဟိတ်ပဋိသန္ဓေ တိဟိတ်ပဋိသန္ဓေလို့ သုံးနှုန်းရာမှာ တစ်ဘဝရဲ့ အစဆုံး ပဋိသန္ဓေစိတ် ဖြစ်ခိုက်မှာ […]

အရိယာအဖြစ်သို့ ရောက်ရန် မည်မျှကြာကြာ အားထုတ်ရပါသလဲ

မေး။     ။ ဆရာတော်ဘုရား … တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
(က) သတိပဋ္ဌာန်ဝိပဿနာကို ကြိုးစား အားထုတ်လျှင် ဤဘဝတွင်ပင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားထားပါသည်။ အရှင်ဘုရား၏ အတွေ့အကြုံတွင် အရိယာအဖြစ်သို့ ရောက်ရှိခဲ့သောသူများ ရှိပါသလား ဘုရား။
(ခ) အရိယာအဖြစ်သို့ ရောက်ရန် မည်သို့သော နည်းဖြင့် မည်မျှကြာကြာ အားထုတ်ရပါမည်လဲ ဘုရား။
(မိုးမိုးအေးနှင့် မိစန္ဒာမွန်၊ ဒုတိယနှစ်၊ စက်မှုတက္ကသိုလ်)
ဖြေ။     ။ (က) ယောဂီရဲ့ တရားအတွေ့အကြုံ တရားတက်ပုံဟာ ကျမ်းဂန်နဲ့ ညီညွတ်တယ်လို့ ယူဆနိုင်တဲ့အတွက် ဒီယောဂီဟာဖြင့် တစ်မဂ်တစ်ဖိုလ် ရလောက်တယ်လို့ မှန်းဆရတဲ့ ယောဂီတချို့ ဘုန်းကြီးတွေ့ဖူးပါတယ်။
အဲဒီလို ယောဂီမျိုးဟာ စတင် အားထုတ်ကတည်းက […]