ကိုယ့်ကိုယ်ကိုသာ အားကိုးပါ

“အို … ရဟန်း၊ မိမိကိုယ်ကို မိမိ တိုက်တွန်း ဆုံးမလော့။
မိမိကိုယ်ကို မိမိ စုံစမ်း ဆင်ခြင်လော့။
မိမိကိုယ်ကို စောင့်ရှောက်၍ သတိနှင့် ပြည့်စုံလျှင် သင်သည် ချမ်းသာစွာ နေရလတ္တံ့။
မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ ဖြစ်၏။
မိမိသည်သာလျှင် မိမိ၏ (နောင်ဘ၀အတွက်) သွားရာ (မှီခိုရာ) ဖြစ်၏။
ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းသော မြင်းကို ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို (အကုသိုလ်ကင်းအောင်) စောင့်ရှောက်လော့။´´
ဓမ္မပဒ ၃၇၉-၃၈၀ (ဆရာတော် အရှင်သေဋ္ဌိလ မြန်မာပြန်)
+++++
၂၀၁၂ ခုနှစ် ဧပြီလ ၇-ရက် စနေနေ့
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း။
မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားမထိုင်မီ လောကချမ်းသာ ငါးမိနစ်တရားတော်ကို လောကချမ်းသာဆရာတော်က ဟောကြား၏။
ဝိသုဒ္ဓိ ခုနစ်ပါး […]

“ဆွမ်းအလှူ”၊ “ဒွေသဟာယကဘိက္ခု” နှင့် “ကိုယ့်ကိုယ်ကိုသာ ကြည့်ပါ”

၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လွန်ခဲ့သော ၁၂-နှစ် (၂၅-မတ်-၂၀၀၀) က ဘဝတပါး ပြောင်းသွား ကွယ်လွန်ခဲ့သော ဘုရား တန်ဆောင်း သိမ် ကျောင်း ရဟန်း ဒါယိကာမကြီး၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဘဏ္ဍာရေးမှူး၊ ဝေယျာဝစ္စအဖွဲကို ဦးဆောင်သူ၊ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်သော မည်သည့်အလှူမဆို သူမပါလျှင် မပြီးမပြည့်စုံ ‘နယူးယောက်ဝိသာခါ’ဟု ဆိုလောက်သူ ဒေါ်ငွေကြည်အား ရည်စူး၍ ကျန်ရစ်သူ ဦးသန်းမြင့်အား အမှူးထားကာ သားသမီး မြေး မြစ် မိသားစုများက မြတ်စွာဘုရားအား ပန်း ရေချမ်း ဆီမီး ဆွမ်း ဆက်ကပ် လှူဒါန်း ပူဇော်ခြင်း၊ လောကချမ်းသာဘုရားကျောင်း သံဃာတော်များအား နေ့ဆွမ်း […]

“သုမနဒေဝီ”၊ “စိတ်၏တံခါးပေါက်များ” နှင့် “တရားဦး”

မြန်မာနိုင်ငံသို့ ခေတ္တ ကြွရောက်နေသော လောကချမ်းသာဆရာတော်ဘုရားသည် မတ်လ ၁၅ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိ၏။
လောကချမ်းသာဆရာတော်မှာ မြန်မာနိုင်ငံတွင် တစ်လကျော် သီတင်းသုံးခဲ့ပြီး ခရီးရှည်မှ ပြန်ရောက်စဖြစ်သဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက် စနေနေ့ လောကချမ်းသာ ၅-မိနစ်တရားတော် ချီးမြှင့်ရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဆရာတော် အရှင်စက္ကိန္ဒက မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာ ၅-မိနစ်တရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဓမ္မပဒဂါထာ အမှတ် (၁၈) – သုမနဒေဝီဝတ္ထုကို ဆရာတော် အရှင်စက္ကိန္ဒကပင် သင်ကြား ပို့ချ၏။
သုမနဒေဝီဝတ္ထုဇာတ်ကြောင်းမှာ မရှည်လျားသည့်ပြင် ဆရာတော် အရှင်စက္ကိန္ဒမှာလည်း ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း၏ ထမနဲပွဲတော်သို့ […]