မဟာစည် ဓမ္မဒူတခရီး – (၁၉၉၆)

(လွန်ခဲ့သော ၁၉၉၆-ခုနှစ် ဇွန်လအတွင်း မဟာစည်ဆရာတော်ကြီးများ၏ နယူးယောက်၊ နယူးဂျာစီ ဓမ္မဒူတခရီးစဉ်နှင့်ပတ်သက်၍ စာရေးဆရာ မောင်သက္ကက ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၃)တွင် “မဟာစည် ဓမ္မဒူတခရီး”ဟူ၍ ရေးသားဖော်ပြထားသည်ကို ပြန်လည် မှတ်တမ်းပြုပါသည်။)

ဗုဒ္ဓမြတ်စွာ၏ သာသာနာ့ခေတ်ဦး

ဘုရားမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိ၍ ဘုရားဖြစ်တော်မူပြီးနောက် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ ပထမဝါ ကပ်တော်မူခဲ့သည်။ ဝါကျွတ်ပြီးသောအခါ အရှင်ယသထေရ် အမှူးရှိသည့် ရဟန်းခြောက်ကျိပ်တို့အား သာသနာပြုစေလွှတ်ခြင်းနှင့် စပ်၍ သြဝါဒစကား မိန့်ကြားတော်မူခဲ့သည်။

“ရဟန်းတို့၊ သင်တို့သည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ စီးပွားချမ်းသာဖြစ်ဖို့ရန် အရပ်ရှစ်မျက်နှာ ဒေသစာရီခရီး လှည့်လည် သွားကြကုန်လော့။ ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တပါးက တရားဟောလျှင် […]

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၃

ခုတ်ထွင် ရှင်းလင်း ကျောင်းသန့်ရှင်း

အခြားသူများ ကွန်ကရစ်လောင်းနေစဉ်အတွင်း မောင်လင်းထွဋ်က ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်များကို စက်ဖြင့် ရိတ်၍ သန့်ရှင်းပေးသည်။ ကျောင်းမှာ ငါးဧကခန့် ကျယ်သဖြင့် ပေါင်းမြက်သုတ်သင်ရသည့် ကိစ္စသည်လည်း လွယ်ကူသော ကိစ္စ မဟုတ်။ စက်ကြီး မဝယ်ခင်က လက်တွန်းပေါင်းမြက်ရိတ်စက်ကလေးများကို အသုံးပြုခဲ့ရရာ လူပင်ပန်းသလောက် အလုပ်မတွင်ကျယ်ခဲ့ပေ။ ထို့ကြောင့် ကိုတင်မောင်သန့်၏စက်ကို ယမန်နှစ်က ခေတ္တ အလှူခံ၍ အသုံးပြုခဲ့ရသည်။ ထို့နောက် စေတနာရှင်များထံမှ အလှူငွေကောက်ခံကာ မြက်ရိတ်စက်တလုံးကို ဝယ်ခဲ့သည်။ တတ်နိုင်သည့် ငွေကြေးပမာဏနှင့် တိုင်းတာ၍ အင်အား အသင့်အတင့် ကောင်းမွန်သည့် တပတ်ရစ် စက်တလုံးကို ကိုတင်မောင်သန့်က အချိန်ယူ၍ ရှာဖွေ ဝယ်ယူပေးခဲ့သည်။ ထိုစက်ကို မောင်ဖေဝင်းနှင့် ညီများက ထိန်းသိမ်းပြုပြင်ပြီး ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်တို့ကို ရိတ်ပေးလေ့ရှိပါသည်။ […]

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၂

လုပ်အားဒါန ပေးလှူကြ

ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ဆရာတော်နှင့် ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဂျက်ဖရီတို့ လာရောက်၍ လျှပ်စစ်မီးကြိုးသွယ်ရန် တိုင်းတာကာ မီးကြိုး မီးခလုတ် စသည့် လိုအပ်သော ပစ္စည်းများကို Freehold Shopping Mall, Builder Square သို့ သွားရောက် ဝယ်ကြသည်။ နံရံများအတွက် Wall Sheet အလှပြားများကို ဝယ်ရန်အတွက်လည်း ရွေးချယ်ကြသည်။ သို့သော် မိမိတို့နှစ်သက်သော ပစ္စည်းမှာ အလုံအလောက် မရှိသဖြင့် ဝယ်သင့် မဝယ်သင့် ချိန်ဆ ဝေဖန်ရပြန်သည်။ ရသလောက်ကို ဝယ်ပြီးမှ နောက်ထပ် အမျိုးတူ ထိုပစ္စည်းမျိုး မရက အခက်အခဲတွေ့နိုင်မည်ဟု စဉ်းစားမိကြသဖြင့် မဝယ်ခဲ့ကြ။ ထို့ပြင် ဒေါက်တာခင်မောင်နှင့် ကိုတင်မောင်တို့မှ နံရံကို Sheet Rock ကပ်၍ […]

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၁

နယူးဂျာစီပြည်နယ်၊ မနာလပန်(အင်္ဂလစ်ရှ်တောင်း)မြို့နယ်၊ ဂေါ်ဒန်ကော်နာလမ်း၊ အမှတ် ၆၃၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ရောက်လျှင် “လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး”ကို ကြည်ညို ဖူးမြော်၍ “လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ”လေးတွင် ဝိပဿနာတရား ရှုပွားနိုင်ပါသည်။ လူ ၁၀၀ ခန့် ဆန့်မည့် ဓမ္မာရုံနှင့် ၁၀-ပေ ပတ်လည် ယောဂီဆောင် အခန်း ၁၆-ခန်း ပါဝင်သော “လောကချမ်းသာ ဓမ္မာရုံ”ကြီးကိုလည်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိပါသည်။ ယခု လက်ရှိ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံလေးတွင် ၁၉၉၆-ခုနှစ် ဇွန်လ ၂၆-ရက်နေ့၌ ပထမဦး ယောဂီများအဖြစ် ‘ဒေါ်ရွှေဥ၊ ဒေါ်မွှေးမွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီ’တို့ ဝိပဿနာ ရှုပွားခဲ့ကြပါသည်။ ဤ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ၏ သမိုင်းကို […]

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

နယူးယောက်မြို့၊ အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)၏ ပဓာနနာယကဆရာတော် အရှင်ဣန္ဒကသည် မြောင်းမြခရိုင်၊ ပြင်ရွာတိုက်နယ်၊ အညာစုကျေးရွာမှ ဖခင် ဦးဘနှင့် မိခင် ဒေါ်ဖွားသင် တို့၏ သားသမီးငါးယောက်တွင် အငယ်ဆုံးသားရတနာဖြစ်၍ ၁၃၀၂-ခုနှစ် ဝါခေါင်လဆန်း ၉-ရက် (၁၁-၈-၁၉၄၀) တနင်္ဂနွေနေ့၌ မွေးဖွားသန့်စင်ခဲ့သည်။

ဆရာတော်သည် ခုနစ်နှစ်သားအရွယ်၌ ဒရယ်ပေါက်ကျောင်းဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော်ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။ အသက်တဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာ ပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့လေသည်။ ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။

၁၃၂၁-ခုနှစ် […]

မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်လင်္ကာများ

(၁)
စစ်ကိုင်းတိုင်းဝယ်၊ ရွှေဘိုနယ်မှ
တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာ၌
ကောဇာသက္ကရာဇ်၊ ရေတွက်စစ်က
တစ်နှစ်ခြောက်ခြောက်(၁၂၆၆)၊ ခုနှစ်ရောက်သော်
ဝင်းတောက်ရွှန်းစို၊ ဒု-ဝါဆို၏
ကျော်လိုသုံး(၃)ရက်၊ သောကြာဘက်၌
နံနက်သုံး(၃)ကျော်၊ ဦးကံတော်နှင့်
ဒေါ်ဒေါ်အုန်းမှ၊ ဖွားမြင်ကြ၍
နာမမည်တွင်၊ တန်ဆာဆင်သည်
‘မောင်သွင်’ခေါ်ကြလေတော့၏။

(၂)
တဆယ့်နှစ်(၁၂)နှစ်၊ သာမဏေဖြစ်၍
ရှင်သစ်နာမ၊ ‘သောဘန’ဟု
[…]

လောကချမ်းသာဘုရားကြီး – ၃

လှူဖွယ်ဝတ္ထု အစုစု
(က) ဗုဒ္ဓပူဇာ
၁။ ကြေးဆင်းတုတော်၊ ဉာဏ်တော် ၃-ပေ ၈-လက်မ၊ အလေးချိန် ၁၅၀-ပိသာ
၂။ ပလ္လင်တံကဲ၊ အမြင့် ၁၁-ပေခန့်
၃။ ကြေးစည်၊ ၅-ပိသာ
[…]

လောကချမ်းသာဘုရားကြီး – ၂

အလှူအတွက် ဆောင်ရွက်ချက်

၉။ ကြေးဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများအတွက် ရှေးဟောင်းသုတေသနဦးစီးဌာနက ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောင်ခံချက် လိုအပ်ပါသည်။ အဆိုပါ ထောက်ခံချက်ပါမှသာ သာသနာရေးဦးစီးဌာနက ဆက်လက် ထောက်ခံပါသည်။ သာသနာရေးဦးစီးဌာနထောက်ခံချက် ပါမှသာ ကုန်သွယ်ရေးဦးစီးက လျှောက်လွှာကို လက်ခံပါသည်။

၁၀။ သို့ပါ၍ ဦးစွာ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ညှိနှိုင်းရပါသည်။ ဆင်းတုတော်များ စတင်ထုလုပ်ခွင့်နှင့် ထောက်ခံချက်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ညှိနှိုင်းရာ သက်ဆိုင်ရာ ကြေးသွန်းဆရာ နိဗ္ဗာန်ကုန်သည်တို့ထံတွင် ထွင်းထုလုပ်နေကြောင်း မှန်ကန်ကြောင်းနှင့် ရှေးဟောင်းပစ္စည်း မဟုတ်ပါကြောင်း သက်ဆိုင်ရာ ပြည်သူ့ကောင်စီများက ထောက်ခံချက်များ ပါရှိပါက ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် မန္တလေးမြို့ ကြေးသွန်းဆရာထွန်း၏သား ဦးဘရင်နှင့်သား နိဗ္ဗာန်ကုန်သည် ဦးဘအေး-ဒေါ်လှလှတို့ထံ အလှူရှင်များမှတဆင့် အကျိုးအကြောင်း အကြောင်းကြားပြီး သက်ဆိုင်ရာ […]

အေဘီဘီအေ နှစ်ဦး ဆုတောင်းမေတ္တာပို့သပွဲမှတ်တမ်း

အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ ၂၀၀၈ ခုနှစ် နှစ်ဦး ဆုတောင်းမေတ္တာပို့သပွဲကို ဇန်နဝါရီလ ၆-ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

အလှူရှင် ဦးခိုင်လင်း-ဒေါ်ခင်ဝင်းမြင့်၊ (သား) ခရစ်စတိုဖာဝေါင်း မိသားစုက ဒန်ပေါက်ထမင်းဖြင့်လည်းကောင်း၊ ဦးမြင့်သိန်း-ဒေါ်မြင့်မြင့်စန်းမိသားစုက လက်ဖက်ရည်အချိုဖြင့်လည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ပွဲတော်လာ ဧည့်ပရိသတ်တို့အား ကျွေးမွေးဧည့်ခံခြင်း ကောင်းမှုကုသိုလ် ပြုကြ၏။

သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ ပရိတ်သတ်များကို ဦးဆောင်ကာ စုပေါင်း၍ ဆုတောင်း မေတ္တာပို့သမှု ပြုကြ၏။လောကချမ်းသာဆရာတော် အရှင်ဣန္ဒကမှ တရားဓမ္မဟောကြား ချီးမြှင့်၍ဘုန်းကြီးဦးအဘယာလင်္ကာရက ရေစက်ချပေးလေသည်။

လောကချမ်းသာဘုရားကြီး – ၁

ဦးဘဦး၊ ဦးယောက်ကြည်၊ ဦးတင်မောင် မိသားစုများမှ နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးသို့ ကြေးဆင်းတုတော်တဆူ၊ ပလ္လင်၊ ပိဋကတ်သုံးပုံ (အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ)၊ ပရိက္ခရာ အစုံ ၁၀၀ နှင့် သာသနာရေးပစ္စည်းများ ပေးပို့လှူဒါန်းရန် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၀ိုင်၊အမ်၊ဘီ၊အေ)၏ အကူအညီ တောင်းခံ ရယူခဲ့ကြရပါသည်။

၁၉၈၅-ခုနှစ် မတ်လ (၂၈)ရက် နေ့စွဲဖြင့် ၀ိုင်၊အမ်၊ဘီ၊အေအသင်းကြီး၏ ဒုတိယ ဥက္ကဌ ဦးကျော်ဒင်က ဤသို့ ပေးပို့လှူဒါန်းခြင်း အစီရင်ခံစာကို ပြုစုထားခဲ့ရာ လောကချမ်းသာဘုရာကြီး၏ သမိုင်း တစိတ်တဒေသအဖြစ် ပြန်လည် ဖော်ပြ မှတ်တမ်းတင်ရပါသည်။

+ + + + + + + + +

(လောကချမ်းသာဘုရားကြီး)
နိဒါန်း
[…]