ဦးပေါ်ဦး (ခေါ်) Richard Paw U (၁၉၂၂-၂၀၀၇)

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)ကြီးကို စတင် တည်ထောင်ပေးခဲ့သူများတွင် တဦးအပါအ၀င်ဖြစ်သော ဦးပေါ်ဦး (အသက် ၈၅-နှစ်)သည် ၂၀၀၇-ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့က ဟ၀ိုင်ယီပြည်နယ် Kaneohe ရှိ နေအိမ်၌ ကွယ်လွန် အနိစ္စရောက်ခဲ့ကြောင်း ကြားသိရပါသည်။

ဦးပေါ်ဦးကို ၁၉၂၂-ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၆-ခုနှစ် မတ်လတွင် ကိုလံဘီယာတက္ကသိုလ်မှ “ဗုဒ္ဓဘာသာဝင်ရဟန်းတော်တို့၏ ဘဝနှင့် မြန်မာလူမှုအဖွဲ့အစည်း” ဟူသော ဘွဲ့ယူစာတမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၄၉-ခုနှစ်မှ ၁၉၈၃-ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့အစည်းတွင် Chief of Liaison Office Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃-ခုနှစ်၌ အငြိမ်းစား ယူပြီးနောက် ဟဝိုင်ယီပြည်နယ်တွင် အခြေချ နေထိုင်ခဲ့သည်။

ဦးပေါ်ဦးသည် ဗုဒ္ဓသာသနာ […]

သာသနာ့ အမွေ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် မိမိတို့မှာ သားယောက်ျားကလေး မွေးဖွားလာပါက သာသနာ့အမွေ ပေးရတော့မည်ဟု တွေး၍ အထူး ဝမ်းသာကြလေသည်။ သားယောက်ျားမရသော မိဖများကလည်း သူတပါး၏ သားများကို တောင်းယူ၍ ရှင်ပြုပေးကြလေသည်။ ဤသို့ သာသနာ့အမွေပေးခြင်းသည် မိမိတို့ဘဝ၌ အမြတ်ဆုံး ကုသိုလ်ကြီးကို ဆည်းပူးရခြင်းဖြစ်သည်ဟူသော ယုံကြည်စိတ်များရှိသောကြောင့် ဝမ်းသာကြခြင်း ဖြစ်လေသည်။

ဗုဒ္ဓကိုယ်တော်တိုင်ပင် သားတော်ရာဟုလာအား သာသနာ့အမွေကိုသာ ပေးခဲ့ပုံ ဝတ္ထု၊ သီရိဓမ္မာသောကမင်းကြီးကိုယ်တိုင် သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့အား သာသနာ့အမွေပေးခဲ့ပုံ ဝတ္ထုများသည် ဗုဒ္ဓဘာသာ မြန်မာမိဘတို့အား သာသနာ့အမွေ ပေးချင်စိတ်များ ဖြစ်ပေါ်လာအောင် ဆွဲဆောင်လျက် ရှိကြလေသည်။

မိမိ၏မိခင်ကြီးသည် အငယ်ဆုံးသားဖြစ်သည့် မိမိအား ရှင်ပြုပေးရန် အားခဲလျက် ရှိပါသည်။ ငွေကြေး အတန်အသင့် ပြည့်စုံလာသောအခါ မိမိအား ရှင်ပြုပေးရန် စီစဉ်ပါတော့သည်။ […]

ဆရာတော်ဦးကေလာသ – ၃

(ဆရာတော်ဦးကေလာသ၏ ဘ၀ဖြစ်စဉ်အကျဉ်းကို ဆရာတော်၏ ဈာပနအခမ်းအနားနေ့က ဝေငှခဲ့ပြီး၊ ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် မင်္ဂလာဂျာနယ် အတွဲ(၁) အမှတ်(၂)တွင်လည်း အများသူငါ ကြည်ညိုနိုင်ရန်အတွက် ထပ်မံ ထည့်သွင်း ဖော်ပြခဲ့ပါသည်။)
ဒီဃဘာဏက၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ မင်္ဂလာရာမကျောင်းဆရာတော်
အရှင်ကေလာသ၊ သက်တော် (၆၀) သိက္ခာတော် (၄၀)၏ ထေရုပ္ပတ္တိအကျဉ်းချုပ်
အရှင်ကေလာသသည် မိတ္ထီလာခရိုင်၊ သာစည်မြို့အပိုင်၊ သဲပုံရွာ၊ ခမည်းတော် ဦးကောင်းငြိမ်း-မယ်တော် ဒေါ်ချောတို့မှ ၁၂၉၈-ခုနှစ် သီတင်းကျွတ်လဆန်း (၇)ရက် (၁၉၃၆-ခုနှစ် စက်တင်ဘာလ ၂၁-ရက်) တနင်္လာနေ့ နံနက် ၅ နာရီခွဲအချိန်တွင် ဖွားမြင်သည်။ အစ်ကိုတဦးနှင့် နှမနှစ်ဦး ရှိ၍ ဒုတိယမြောက် သားရတနာ ဖြစ်သည်။
သဲပုံရွာကျောင်းဆရာတော်ထံ ၁၁-နှစ်သားအရွယ်မှ စ၍ ပိဋကတ်အခြေခံ ကျမ်းစာများကို […]

ဆရာတော်ဦးကေလာသ – ၂

သာသနာ့အာဇာနည် ပုဂ္ဂိုလ်တပါး ဆုံးရှုံးရခြင်း
ဝါရှင်တန်ဒီစီ (မေရီလင်းပြည်နယ်)မှ ဆရာတော် ဘဒ္ဒန္တကေလာသသည် အမေရိကန်အရှေ့ခြမ်း၌ သာသနာပြုလာခဲ့သည်မှာ (၁၇)နှစ်မျှ ရှိခဲ့ပေသည်။ ဆရာတော်သည် မြန်မာ အမေရိကန် ဗုဒ္ဓဘာသာအသင်း၏ ပဓာန နာယကဆရာတော်အဖြစ် လမ်းညွှန်မှုပေးကာ ဦးဆောင်ဦးရွက်ပြုတော်မူခဲ့၏။ နယူးယောက်မြို့ရှိ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ရာသက်ပန် သြ၀ါဒါ စရိယဆရာတော် တပါးလည်း ဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးနှင့်အတူ သာသနာပြု ကြွရောက်လာချိန်မှ စ၍ မြန်မာပြည်သို့ ပြန်လည် ကြွရောက်ခြင်းမရှိဘဲ အမေရိကန်မှာပင် အစဉ်တစိုက် သာသနာပြု နေထိုင်ခဲ့သည်။
ဆရာတော်သည် အမေရိကန်နိုင်ငံ အရှေ့ဘက်ခြမ်း၌ အခြေစိုက်နေထိုင်ခဲ့သော်လည်း ဟာဝိုင်ယီ၊ ကာလီဖိုးနီးယား၊ အိုဟိုင်းယိုးနှင့် ကနေဒါနိုင်ငံ တိုရန်တို မြန်မာဗုဒ္ဓဘာသာအသင်းများသို့ ကြွရောက်၍ အားပေးကူညီလျက် တရားဓမ္မများ ဟောကြားခဲ့သည်။ ဗုဒ္ဓဘာသာအသင်းများ […]

ဆရာတော်ဦးကေလာသ – ၁

ဆရာတော်ဦးကေလာသကို သတိရမိတိုင်း .. မင်းတို့လို လူငယ်တွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွ လုပ်နေကြရင် အေဘီဘီအေအသင်းကြီးဟာ အမေရိကန်ပြည် အရှေ့ဘက်ခြမ်းမှာ အတိုးတက် အကြီးပွားဆုံး ဖြစ်လာမှာပဲ .. ဟု သဘောသက်ဝင်သော စကားမိန့်ကြားခဲ့သည်ကို အမှတ်ရမြဲဖြစ်သည်။

ဆရာတော်ဦးကေလာသနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့သည်မှာလည်း လောကချမ်းသာဘုရားကျောင်း၌ပင် ဖြစ်သည်။ မှတ်မှတ်ရရ .. လောကချမ်းသာဘုရားကျောင်းကထိန်ပွဲသို့ ဆရာတော်ဦးကေလာသ ကြွရောက်လာခိုက်ဖြစ်သည်။ ဆရာတော်ဦးမဟောသဓပဏ္ဍိတနှင့် မိမိတို့သည် လောကချမ်းသာစာစောင်ကို ကထိန်ပွဲအမီ ထုတ်ဝေရန် ပြင်ဆင်နေကြသည်။ ဆရာတော်ဦးမဟောသဓပဏ္ဍိတက စာစောင်တခုကို ဆရာတော်ဦးကေလာသအား ဆက်ကပ်၏။ ခဏအကြာတွင် ဆရာတော်ဦးကေလာသသည် မိမိတို့အနီးသို့ ရောက်ရှိလာပြီး စာစောင်နှင့်ပတ်သက်၍ ချီးကျူးစကား အားပေးစကား ပြောကြားခဲ့သည်။ ထိုစဉ်က ဆရာတော်ဦးကေလာသသည် မဟာစည်ဆရာတော်ဘုရားကြီး၏ ကျမ်းစာအုပ်များကို တည်းဖြတ် ထုတ်ဝေဖြန့်ချိပေးခဲ့သူ၊ မင်္ဂလာရာမကျောင်းတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ […]

လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့

ကာလ်တန်ရိပ်သာလမ်းနှင့် ဘားဂင်းလမ်းထောင့်သို့ ရောက်သောအခါ လိုက်ပို့သူ ၀မ်းကွဲအဒေါ်က ..ဟိုမှာတွေ့လား၊ ခေါင်မိုးပေါ်မှာ ရေစင်နဲ့ အဆောက်အဦကြီး၊ အဲဒါ ဘုန်းကြီးကျောင်းပဲ .. ဟု ဆိုသည်။ ဘားဂင်းလမ်းအတိုင်း ၀င်လာရာ လူနေအိမ် ၁၀-အိမ်ခန့်မျှ ဖြတ်ကျော်လာပြီးနောက် စီးပွားရေးဆိုင်ရာ စက်ရုံ အဆောက်အဦများ တွေ့ရ၏။ ဘုန်းကြီးကျောင်းသည်ပင်လျှင် စက်ရုံတခု၏ အစိတ်အပိုင်းတခု လေးထပ်တိုက်အဆောက်အဦ ဖြစ်လေသည်။

အပေါ်ဆုံး လေးထပ်တွင် ပလ္လင်တော်ထက်၌ စံပယ်နေသောလောကချမ်းသာဘုရားကြီးကို ကြည်ညိုဖွယ် ဖူးမြော်ရ၏။ ဘုရား၏နောက်ဘက် အခန်းငယ်လေးထဲတွင် လောကချမ်းသာဆရာတော် အရှင်ဣန္ဒက သီတင်းသုံး၏။

+ + + + + + + + + + + + + + + + […]