ဗောဇ္ဈင်သုတ်ပရိတ်

(မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ ဗောဇ္ဈင်သုတ်ပရိတ် စာအုပ်ငယ်-မှ)

အမှာစကား။ ။ ဗောဇ္ဈင်သုတ်နှင့် စပ်၍ မှာတမ်းလိုသည်မှာ ပရိတ်ကြီးပါဠိ၌ လာသည်ကား အမြွက်မျှ ဖြစ်သည်။ အပြည့်အစုံဖြစ်အောင် ဤဆိုလတ္တံ့သောအတိုင်း ရွတ်ဆိုလျှင် ပို၍ ပြည့်စုံပြီး အာနုဘော်လည်း ထက်သန်သည်ကို လက်တွေ့ကြုံရပါသည်။ ထို့ကြောင့် လူမမာ မကျန်းမာ၍ ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုလျှင် ရှေးဆရာတော်တို့နည်းရော ပါဠိတော်နည်းရော ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ဤဆိုလတ္တံ့သောအတိုင်း ရွတ်ဆိုကြပါလေ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သံသာရေ သံသရန္တာနံ၊
သဗ္ဗဒုက္ခ၊ ဝိနာသနေ။
သတ္တံ ဓမ္မေ စ ဗောဇ္ဈင်င်္ဂေ၊
မာရသေနာ ပမဒ္ဒနေ။

ဗုဇ္ဈိတွာ ယေ စိ+မေ သတ္တာ၊
တိဘဝါ မုတ္တကု+တ္တမာ။
အဇာတိ+မဇရာ+ဗျာဓိံ၊
အမတံ နိဗ္ဘယံ ဂတာ။

ဧဝ+မာဒိ ဂုဏူ+ပေတံ၊
အနေက […]

ဓာရဏပရိတ္တ

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော
သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
[…]

လောကချမ်းသာဘုရားကြီး – ၅

တစုံလျှင် (၆၀၀)ကျပ်တန် သင်္ကန်းပရိက္ခရာ လှူဒါန်းသော မန္တလေးမြို့မှ အလှူရှင်များစာရင်း

ဦးထွန်းလှိုင်-ဒေါ်မိမိ၊ တူမ ခင်မမ
သဟာယလက်ဖက်ပွဲရုံ၊ ၂၁၉/၃၂ လမ်း၊ မန္တလေးမြို့

၁-စုံ

ဦးဘအေး-ဒေါ်လှလှ၊ သမီး ဝင်းဝင်းအေး
ယွန်းထည် ပန်းပုထည် နိဗ္ဗာန်ကုန်သည်
ဘုရားကြီး အာနန္ဒာစောင်းတန်း၊ မန္တလေးမြို့

၃-စုံ

ဦးထွန်း-ဒေါ်ဝင်းစိန်၊ မောင် ဦးကျော်လင်းနှင့်ဇနီး မိသားစု
၂၂၀/၃၀-လမ်း၊ မန္တလေးမြို့

၁-စုံ

ဦးထွန်း-ဒေါ်ဝင်းစိန်၊ (သား)ထွန်းထွန်းဦး-ဆွေဆွေရီ
၂၂၀/၃၀-လမ်း၊ မန္တလေးမြို့

၁-စုံ

ဦးချစ်-ဒေါ်သိန်း မိသားစု
၉၇/၇၃-လမ်း၊ မင်္ဂလာလမ်း၊ မန္တလေးမြို့

၁-စုံ

ဦးကျန်-ဒေါ်မေရင်
၃၅-၃၆၊ […]

လောကချမ်းသာဘုရားကြီး – ၎

ပိဋကတ်တော်(အင်္ဂလိပ်ဘာသာပြန်) အလှူရှင်များစာရင်း

၁။ ဦးကျော်ဒင်၊ ဒေါ်သက်ညွန့်နှင့် ဓမ္မမိတ်ဆွေများ
ဒု-ဥက္ကဌ (ဝိုင်အမ်ဘီအေ)
အမှတ် (၇၃/၇၇) မောင်ထော်လေးလမ်း၊ ရန်ကုန်။
၂။ ဦးတင်ဝှာ (ကွယ်လွန်) (ဘီအိုအေစီ)
ဒေါ်ကျင်ရွှေ
ဦးရွှေထွန်း (ကွယ်လွန်)
ဦးမြတ်ဆွေဦး (သိပ္ပံလက္ခဏာနှင့်ရှေ့ဆောင်နက္ခတ်ပညာရှင်)
မစ္စတာကေဘီရောင်း
မစ္စကေဆူကာလက္ချမီးရောင်းနှင့်မိသားစု

တစုံလျှင် (၆၀၀)ကျပ်တန် သင်္ကန်းပရိက္ခရာ လှူဒါန်းသော ရန်ကုန်မြို့မှ အလှူရှင်များစာရင်း

ဦးသန်းမောင် (မဉ္ဇူသက) […]

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ်

ငါးပါးသီလဟာ အဓိကကျင့်စဉ်လား

“အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရား၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”လို့ ခဏ ခဏ မေးလျှောက်ခံရသည်။

ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။
ထို့ကြောင့် အခြားဘာသာဝင်တယောက်က – “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” ဟု […]

နှိုင်းနှိုင်းချိန်ချိန် သုခမိန်

ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့်လူငယ်၊ ဝယ်သူနှင့်အရောင်းသမား၊ အုပ်ချုပ်ခံလူတန်းစားနှင့် အုပ်ချုပ်သူ၊ မိတ်ဆွေအချင်းချင်း စသည့် တဦးနှင့်တဦး ကူးလူးဆက်ဆံနေရသည့် လူ့ဘဝတွင် အချင်းချင်း ယုံကြည်မှုရှိခြင်းသည် များစွာ အရေးပါသည်။
ယုံကြည်မှုသည် လေးစားမှုကို ဖြစ်စေသည်။
လေးစားမှုသည် လိုက်နာမှု ကျင့်သုံးမှုကို ဖြစ်စေသည်။
ယုံကြည်မှုကို အခြေခံ၍ ကျင့်ဝတ် စည်းကမ်း စသည်တို့ကို လေးစား လိုက်နာ ကျင့်သုံးသောအခါ သာယာပျော်ရွှင်မှု တိုးတက်မှု စသော အကျိုးဖြစ်ထွန်းမှု အသီးအပွင့်တို့ကို နယ်ပယ်အသီးသီးတွင် ရယူ ခံစားနိုင်ကြပေသည်။
ယုံကြည်မှုမရှိဘဲ တဦးအပေါ်တဦး သံသယဖြစ်နေလျှင် ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးတို့တွင် အဆင်မပြေမှုများ ဖြစ်ကာ ဆုတ်ယုတ်မှု ပျက်စီးမှု စိတ်ဆင်းရဲမှု စသည့် လူမှုရေးဒုက္ခများနှင့် ရင်ဆိုင်ရတော့သည်။
ထို့ကြောင့် ယုံကြည်မှုသည် များစွာ တန်ဘိုးရှိသည်။
[…]

အေဘီဘီအေဥက္ကဌကြီး ဦးဟန်ကြူ

ဦးဟန်ကြူနဲ့ စသိခြင်း

အေဘီဘီအေအသင်း ဥက္ကဌကြီး ဦးဟန်ကြူအကြောင်းကို တစေ့တစောင်း ပြောပြပါရစေ။

မိမိဟာ ဦးဟန်ကြူနဲ့ ၁၉၈၃-ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့မှ စတင် သိရှိခဲ့ပါတယ်။ သိပုံကတော့ ဒီလိုပါ။ နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ ပထမဆုံး ဝါဆိုပွဲတော်ကို အဲဒီနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်ကို ကြွရောက်ရန် မိမိအား ဘုန်းကြီးဦးကေလာသမှတဆင့် ပင့်ဖိတ်ခဲ့ပါတယ်။ နယူးယောက် ပင်ဆဲလ်ဗေးနီးယားဘူတာရုံကို ရောက်တဲ့အခါ ဘူတာမှာ အသင့်စောင့်ကြိုနေကြတဲ့ ဦးဟန်ကြူနဲ့ ဦးအောင်ထွန်း(စာရင်းကိုင်)တို့ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ တွေ့ရလို့ ဘာမှ အခက်အခဲ မရှိခဲ့ပါဘူး။ မိမိကို တွေ့တွေ့ချင်းပဲ ဦးဟန်ကြူက
“ဒါမှ တို့ဘုန်းကြီး”လို့ ဖော်ဖော်ရွေရွေ နှုတ်ဆက်ပြီး မိမိရဲ့ လက်ဆွဲအိတ်ကို ယူခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ဆက်ပုံကို […]

လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး

လောကတလွှား၊ လူသားပေါင်းစုံ
ကမ္ဘာလောက၊ နေကြဖုံဖုံ
ချမ်းသာသုခ၊ ပြည့်ဝကုံလုံ
သာသနာ့ ပြုကြ ခွင့်ခါကြုံ။

ဓာတ်တော်မွေတော်၊ ပူဇော်ကြကုန်
ပေါင်းသဟာများ၊ ညီထားတူစုံ
စုကာပေါင်းစု၊ ကောင်းမှုဖုံဖုံ
ဆုတောင်းကြ သုခ နိဗ္ဗာန်ဘုံ။

တောင်းတသည့်တိုင်း၊ မဆိုင်းမှန်စွာ
ပြည့်ပြည့်ဝဝ၊ ရကြဖို့ရာ
စေတနာထား၊ ကြိုးစားသူငါ
တီထွင်ကြ ပြုကြ သာသနာ။

တော်ပေစွာ့ ခေါ်ကြ သာဓုပါ။

မြတ်ပုည ပြုကြ ဖန်ခါခါ။

ကြီးပွားရေး အားပေး သာသနာ။ ။

အရှင်စက္ကိန္ဒ
(၂၀၀၁-ခုနှစ် ဧပြီ-မေ၊ လောကချမ်းသာ၊ အတွဲ-၁၁ အမှတ်-၂၊ စာ-၆)

သမိုင်းကွင်းဆက် – မောင်သက္က

(၂၀၀၈-ခုနှစ် ဇန်နဝါရီလ ၂၆-ရက် စနေနေ့၊ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေး (တနည်း ရွှေဝါရောင်လူထုဆန္ဒထုတ်ဖော်ပွဲကြီး)တွင် ကျဆုံး အသက်ပေးသွားခဲ့ကြသော ရဟန်းရှင်လူများအတွက် ၄-လပြည့် ဆွမ်းကပ် ဆုတောင်း အမျှဝေ မေတ္တာပို့သပွဲတွင် ဆရာတော်ဦးအဘယာလင်္ကာရမှ တရားချီးမြှင့်ရာ –
“ဒို့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်အားစွမ်း မကြိုးပမ်းဘူး
ရဟန်းရှင်လူ မြန်တိုင်းသူတို့
[…]