လယ်တီဆရာတော်ဘုရားကြီး၏ ပတ္တမြားမေတ္တာစာ

(၁၂၅၅-ခုနှစ်အတွင်း မိုးကုတ်မြို့ ပတ္တမြားသေဌေး ဦးမှတ်သို့ ပေးသော မေတ္တာစာ)

မုံရွာမြို့ သာဓုဇန ပါသာဒိကာရာမ မည်သော
လယ်တီတောကျောင်းတိုက်နေ
သံဃာတော် လေးကျိပ်ကျော်တို့နှင့်
၎င်းတိုက်ဆရာတော် မေတ္တာရပ်ခံအပ်သည်။

ဇမ္ဗူ့ပတ်ကုံး၊ မြေအလုံးတွင်
စံနှုန်းမဖက်၊ ဝင်းထိန်လက်
အမျက်ရတနာ၊ နီလာမျိုးမှန်
အဖိုးတန် ပတ္တမြား ဖြစ်ပွားပေါ်ထွန်းရာ
မဟာကမ္ဗောဇ၊ တိုင်းများအချုပ်
မိုးကုတ်မြို့ဇာတိ
မဏိသေဌေးကြီး တဦးဟု
အထူးပွင့်လင်း၊ သတင်းကြီးစွာ
တတိုင်းလုံး သာပေသော ဒါယကာ မောင်မှတ် –

ဒူရေ သန္တော ပကာသေန္တိ၊
ဟိမဝန္တောဝ ပဗ္ဗတော။ (ဓမ္မပဒ-ပါ၊ နှာ-၅၆)

မိန့်ဟောဓမ္မစက်၊ ရွှေကျမ်းထွက်အရ
ဒါန ပါရမီ၊ စာဂီအမူ
အလှူအစွန့်၊ ဝံ့ဝံ့စားစား
ရက်ရောသူအများတွင်
ဘုရားဟောကျမ်းလာ၊ ရာဇဝင်အတိတ်
အရိပ်ကလွန်ပြီး၊ ဟောရိုးကြီးများကို
နားညည်းဖွယ်မှု၊ လွှတ်ထားပြု၍
ယခုနောက်ဖြစ်၊ ဝတ္တုသစ်ထုတ်ဆောင်ကာ
ယပ်ထောင်ယပ်လှဲ၊ ဟောပြောပွဲတွင်
အလှူရဲအတွက်နှင့်၊ သက်သေခံထုတ်ဖို့မှာ
မိုးကုတ်သား မောင်မှတ်ဟု
တိုင်းလေးရပ် ဆယ်မျက်နှာ
လွှမ်းမိုး၍ လာပေသော
ဒါယကာသတင်းကို
နားတွင်းမှာ ပြည့်နှက်
ကြားရသည့်အတွက်ကြောင့်
အချက်ကောင်းပေါ်ပြီဟု
သံဃာတော်အများတို့
အားတက်ခြင်း ဖြစ်ကြ၍
ဒါယကာ့ထံ၊ တမန် “သြဇာ”ကို
အမှာစာ လက်မှတ်နှင့်
မေတ္တာရပ် စေလွှတ်လိုက်ပေသည်။
[…]

သန့်ရှင်းရေး လုပ်အားပေးပွဲ – ၂၀၀၈ မတ် (၂၃)

နယူးဂျာစီ မဟာသတိပဋ္ဌာန်ရိပ်သာ လောကချမ်းသာ ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်း ၂၀၀၈-ခုနှစ် မတ်လ (၂၃)ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် သန့်ရှင်းရေးလုပ်အားပေးပွဲသို့ လောကချမ်းသာကျောင်း ပဓာနနာယကဆရာတော် ဦးဣန္ဒက၊ ဆရာတော်ဦးပညာသီဟ၊ ဦးပဉ္စင်း ဦးသောဘန၊ ဦးပဉ္စင်း ဦးခေမိဿရ – သံဃာတော် (၄)ပါး

အသင်းအမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဌေးဌေးဝင်းမိသားစု၊ ဦးမောင်မောင်နှင့် ဇနီးဒေါ်မြတ်မြတ်၊ ဦးအောင်ကျော်မိုးနှင့် ဇနီးဒေါ်ဌေးဌေးမိသားစု၊ ဦးဓာတ်ကျော်၊ ဦးစောကြင်၊ ဦးကျော်သူမြတ်၊ ဦးခင်မောင်ဝင်း –

ဒေါ်ပြုံးပြုံးနှင့် ဝေယျာဝစ္စအဖွဲ့၊ ဦးလှဖူးနှင့် ဇနီး ဒေါ်အေမီကြူ၊ ကိုထွန်းထွန်း မကြည်ကြည်စိုးတို့အပါအဝင် စေတနာ စိတ်အားထက်သန်ကြသူများ စုစုပေါင်း (၅၀)ခန့် သန့်ရှင်းရေး လုပ်အားပေးကြပါသည်။

ဦးမောင်မောင်၊ ဦးအောင်ကျော်မိုးနှင့် ကိုထွန်းထွန်းတို့က လောကချမ်းသာစေတီတော်မြတ်ကြီး၏ ခေါင်းလောင်းအပေါ်ပိုင်းတွင် ဘီလူးမပန်းဆွဲများ […]

သန့်ရှင်းရေး လုပ်အားပေးပွဲ – ၂၀၀၈ မတ် (၉)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာနှင့် ဆုတောင်းပြည့် ဓာတ်ပေါင်းစု လောကချမ်းသာစေတီတော်မြတ်ကြီး၏ ဘုရားဝတ္တကမြေနေရာသစ် သန့်ရှင်းရေးလုပ်အားပေးပွဲသို့ သွားရောက်လိုပါက လောကချမ်းသာဘုရားကျောင်းသို့ မတ်လ (၉)ရက် တနင်္ဂနွေနေ့ အရောက်လာရန် မိတ်ဆွေဖြစ်သူ ဆရာစောက လွန်ခဲ့သော တပတ်ခန့်ကတည်းက မှာထား၏။

မတ်လ (၉)ရက် တနင်္ဂနွေနေ့မနက် အိပ်ရာမှ ထသောအခါ နွေဦးရာသီ daylight saving time အတွက် ၁-နာရီ ရှေ့သို့တိုးထားရာ အိပ်ရေးကောင်းစွာ မဝချင်။
လောကချမ်းသာဘုရားကျောင်းရောက်တော့ နံနက် ၉း၀၀ နာရီထိုးရန် ၁၀-မိနစ်သာ လိုတော့၏။
ဆရာစောနှင့်အဖွဲ့ကား ရောက်နေပြီ။

ဆရာစောက တရုတ်တန်းမှ ဝယ်လာသော ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံနေ၏။
ဦးမြင့်သိန်းက လက်ဖက်ရည်ဖျော်ရန် ပြင်ဆင်နေ၏။
လော်ရင်းနှင့်အဖွဲ့က လုပ်အားပေးများအား ကျွေးမွေးရန် ဟင်းများကို အဆင်သင့် ချက်ပြုတ်ထားပြီးဖြစ်ရာ ဟင်းအိုးများကို သယ်ယူသွားရန် […]

ဗောဇ္ဈင်သုတ်ပရိတ် အနက်

ဟေ- အို သူတော်ကောင်းတို့။
သံသာရေ-သံသရာ၌။
သံသရန္တာနံ-ကျင်လည်ကြကုန်သော သတ္တဝါတို့၏။
သဗ္ဗဒုက္ခဝိနာသနေ-ဒုက္ခခပ်သိမ်းတို့ကို ပျောက်ငြိမ်းစေတတ်ကုန်သော။
မာရသေနာ ပမဒ္ဒနေ-မာရ်စစ်သည် အသင်းအပင်းတို့ကို နှိမ်နင်းဖျက်ဆီးတတ်ကုန်သော။
ဗောဇ္ဈင်္ဂေ-ဗောဇ္ဈင်မည်ကုန်သော။
သတ္တ-ခုနစ်ပါးကုန်သော။
ယေ ဓမ္မေ-အကြင်တရားတို့ကို။

ဗုဇ္ဈိတွာ-သိကြကုန်သောကြောင့်။
ဥတ္တမာ-မြတ်ကုန်သော။
ဣမေ သတ္တာ-ဤပုဂ္ဂိုလ်တို့သည်။
တိဘဝါ-ဘဝသုံးပါးမှ။
မုတ္တကာ-လွတ်မြောက်ရကုန်သည်ဖြစ်၍။
အဇာတိံ-ပဋိသန္ဓေနေခြင်း မရှိသော။
အဇရံ-အိုခြင်း မရှိသော။
အဗျာဓိံ-နာခြင်း မရှိသော။
အမတံ-သေခြင်း မရှိသော။
နိဗ္ဘယံ-ဘေးမရှိသော။
နိဗ္ဗာနံ-နိဗ္ဗာန်သို့။
ဂတာ-ရောက်ကြကုန်ပြီ။

ဧဝ+မာဒိ+ဂုဏူ+ပေတံ-ဤသို့ အစရှိသော အကျိုး ဂုဏ်အင် အာနိသင်တို့နှင့် ပြည့်စုံသော။
အနေက ဂုဏသင်္ဂဟံ-ဂုဏ်အပေါင်းများစွာ သိမ်းယူရာဖြစ်သော။
သြသဓဉ္စ-ရောဂါပျောက်ရေးဝယ် ဆေးသဖွယ်လည်းဖြစ်သော။
မန္တဉ္စ-အန္တရာယ်ကင်းရေးဝယ် မန္တန်သဖွယ်လည်းဖြစ်သော။
ဣမံ ဗောဇ္ဈင်္ဂံ-ဤဗောဇ္ဈင်္ဂသုတ် ပရိတ်တော်ကို။
မယံ-ငါတို့သည်။
ဘဏာမ-ရွတ်ဆိုကြကုန်စို့။

သတိသင်္ခါတော-သတိဟုဆိုအပ်သော။
ဗောဇ္ဈင်္ဂေါစ-ဗောဇ္ဈင်လည်းကောင်း။
ဓမ္မာနံ ဝိစယောစ-ဓမ္မဝိစယဗောဇ္ဈင်လည်းကောင်း။
တထာ-ထိုမှတပါး။
ဝီရိယံစ-ဝီရိယဗောဇ္ဈင်လည်းကောင်း။
ပီတိ ပဿဒ္ဓိ ဗောဇ္ဈင်္ဂါစ-ပီတိဗောဇ္ဈင်, ပဿဒ္ဓိဗောဇ္ဈင်တို့လည်းကောင်း။
တထာ-ထို့ပြင်။
အပရေ-တပါးကုန်သော။
သမာဓု+ပေက္ခာ ဗောဇ္ဈင်္ဂါစ-သမာဓိဗောဇ္ဈင်, ဥပေက္ခာဗောဇ္ဈင်တို့လည်းကောင်း။
ဣတိ-ဤိသို့။
သဗ္ဗဒဿိနာ-တရားအလုံးစုံကို အကုန်သိတော်မူသော။
မုနိနာ-မြတ်စွာဘုရားသည်။
သမ္မဒက္ခာတာ-ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။
သတ္တ-ခုနစ်ပါးကုန်သော။
ဧတေ-ထိုဗောဇ္ဈင်တရားတို့သည်။
ဘာဝိတာ-ပွားများအပ်ကုန်သည်ရှိသော်။
ဗဟုလီကတာ-ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော်။

အဘိညာယ စ-သစ္စာလေးပါးကို သိခြင်းငှာလည်းကောင်း။
နိဗ္ဗာနာယ စ-နိဗ္ဗာန်အလို့ငှာလည်းကောင်း။
ဗောဓိယာ စ-မဂ်ဉာဏ်အလို့ငှာလည်းကောင်း။
သံဝတ္တန္တိ-ဖြစ်ကုန်၏။
ဧတေန သစ္စဝဇ္ဇေန-ဤသစ္စာစကားကြောင့်။
တေ-သင့်အား။
သဗ္ဗဒါ-အခါခပ်သိမ်း။
သောတ္ထိ-ချမ်းသာခြင်းသည်။
ဟောတု-ဖြစ်ပါစေသတည်း။

ဧကသ္မိံ သမယေ-အခါတပါး၌။
နာထော-မြတ်စွာဘုရားသည်။
မောဂ္ဂလ္လာနဉ္စ-မောဂ္ဂလ္လာန်မထေရ်ကိုလည်းကောင်း။
ကဿပဉ္စ-ကဿပမထေရ်ကိုလည်းကောင်း။
ဂိလာနေ-မကျန်းမမာသည်တို့ကို။
ဒုက္ခိတေ-ဆင်းရဲခြင်းသို့ ရောက်သည်တို့ကို။
ဒိသွာ-မြတ်တော်မူ၍။
သတ္တ ဗောဇ္ဈင်္ဂေ-ဗောဇ္ဈင်ခုနစ်ပါးတို့ကို။
ဒေသယိ-ဟောတော်မူပြီ။

တေ စ-ထိုမထေရ်မြတ်တို့သည်လည်း။
တံ-ထိုဗောဇ္ဈင်ခုနစ်ပါး တရားတော်ကို။
အဘိနန္ဒိတွာ-နှစ်သက်အားရ ခံယူကြကုန်သည်ဖြစ်၍။
တင်္ခဏေ-ထိုခဏ၌။
ရောဂါ-ရောဂါမှ။
မုစ္စိံသု-ပျောက်ကင်း လွတ်မြောက်ကြရကုန်ပြီ။
ဧတေန သစ္စဝဇ္ဇေန-ဤသစ္စာစကားကြောင့်။
တေ-သင့်အား။
သဗ္ဗဒါ-အခါခပ်သိမ်း။
သေတ္ထိ-ချမ်းသာခြင်းသည်။
ဟောတု-ဖြစ်ပါစေသတည်း။

ဧကဒါ-အခါတပါး၌။
ဓမ္မရာဇာပိ-တရားဘုရင် […]