ဗောဇ္ဈင်အမည် ရပုံ – သပြေကန်ဆရာတော်ဘုရားကြီး

‘ဗောဇ္ဈင်’ဆိုတာ ‘ဗောဇ္ဈင်င်္ဂ’ ဆိုတဲ့ ပါဠိမှ ဆင်းသက်လာတဲ့ ဝေါဟာရပဲ။
‘ဗောဇ္ဈင်င်္ဂ’ဆိုတာလည်း ‘ဗောဓိ’နဲ့ ‘အင်္ဂ’နှစ်ပုဒ်ကို ပါဠိနည်းအရ စပ်ထားတာ ဖြစ်ပါတယ်။
‘ဗောဓိ’မှာ ‘နိုးမှု’ ‘သိမှု’ အနက်နှစ်မျိုးနဲ့ ဆိုင်ပါတယ်။

အရိယာဖြစ်တဲ့ ဘုရားတပည့်ဟာ လောကုတ္တရာမဂ်ခဏမှာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားခုနစ်ခု အစုအပေါင်းဖြင့် ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးလာတတ်တယ်။
သစ္စာလေးပါးကို သိတတ်တယ်။
နိဗ္ဗာန်ကို ကိုယ်တွေ့ အသိရောက် မျက်မှောက်ပြုတတ်တယ်။

ဒီတော့ သတိစသော တရားခုနစ်ပါး အပေါင်းဟာ ကိလေသာဆိုတဲ့ အိပ်ပျော်ခြင်းမှ နိုးကြောင်း၊ သစ္စာသိကြောင်း၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိကြောင်း တရားအစုဖြစ်လို့ ထိုတရား အစုအပေါင်းကို ‘ဗောဓိ’ ဆိုရပါတယ်။

‘သတိ’စသော တရားတခုခုကိုတော့ ထို‘ဗောဓိ’ခေါ်တဲ့ တရားအပေါင်း၏ […]

ရုပ်လုံးထွက်ပေါ် စေတီတော် – အရှင်ပညာသီဟ

စာဆိုတာ ရေးစရာ အကြောင်းအရာပေါ်လာလို့ ရေးဖို့စိတ်ကူးရှိနေတုန်း ကောက်ရေးလိုက်ရင် စပြီး ရေးဖြစ်သွားတယ်။
စ,မရေးဖြစ်ဘူးဆိုရင် စာတပုဒ်ထွက်လာဖို့ မဖြစ်နိုင်ဘူး။
ဒါကြောင့် စ,ရေးမှ စာဖြစ်တယ်။
ဒါမှမဟုတ် စ,ရေးချ စာလို့ ပြောရမယ်။

တခါတရံကျတော့လဲ စထားတဲ့ အကြောင်းအရာကို အဆုံးသတ်နိုင်ဖို့ လုံးပန်းနေရတာလဲ ရှိသေးတယ်။ ဒါကိုတော့ စ,လုံးလို့ပဲ ဆိုလိုက်ကြပါစို့။

လူတွေ အများအားဖြင့် စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ဘုရားဟောဒေသနာမှာ ဖွေရှာစုဆောင်းပြီး၊ စာစီစာရိုက် စာအုပ်ပုံစံအဖြစ် ကွန်ပျူတာပေါ်မှာ ဖန်တီး၊ အစမ်းပုံနှိပ်၊ စာအုပ်ချုပ်၊ အဖုံးအတွက် စီစဉ်၊ ကြုံတဲ့လူကို စိတ်ဝင်စားဖို့ ကောင်း,မကောင်း၊ စာအုပ်အဖြစ် ထုတ်ဝေရင် အကျိုးရှိ,မရှိ စတာတွေကို စုံစမ်းပြီး၊ စာတအုပ်ဖြစ်အောင် ကိုယ်တိုင်စီစဉ်နေတာ အတော်လေး အချိန်ကြာသွားတယ်။ ပင်တော့ ပင်ပန်းတာပေါ့။
ပရိတ်ကြီး၊ ပဋ္ဌာန်း၊ ဗုဒ္ဓဘာသာအခြေခံသိမှတ်စရာ စတဲ့ စာအုပ်ကလေးတွေကို […]

သန့်ရှင်းရေးလုပ်အားပေးပွဲ – ၂၀၀၈ ဧပြီ (၁၉)

“မောင်အေးခိုင်လေးလဲ မလိုက်ဖြစ်ဘူး၊ ကဖိုးထိန်လဲ မလိုက်ဘူး၊ ညနေ သင်္ကြန်ပွဲအတွက် ပြင်ဆင်ကြရမယ့်သူတွေလဲ များတော့ ဒီနေ့ လုပ်အားပေး လာမယ့်သူ များမယ် မထင်ဘူး” ဟု ဆရာစောက ဆိုသည်။
ဆရာစောနှင့်အတူ ဒေါ်ထားကြည်၊ လော်ရင်းတို့သာ လိုက်ပါလာသည်။

ဆရာတော် လမ်းလျှောက်ထွက်နေသဖြင့် လောကချမ်းသာဘုရားကျောင်း အလယ်ထပ်သို့ တက်ခဲ့ကြသည်။
မိမိတို့ရောက်ရှိနေကြောင်း အသံပြု၍ အခန်းတွင်းသို့ ဝင်သွားသောအခါ အရှင်ဇဝန၏ အသံသွင်းတရားခွေကို နာနေကြသော ဦးဝဏ္ဏိတနှင့် ဦးသောဘနတို့ကို တွေ့ရသည်။
ဦးဝဏ္ဏိတက ဆရာတော်ပေးထားခဲ့သော နယူးဂျာစီကျောင်းအတွက် ချက်လက်မှတ်များကို ထုတ်ပေးသည်။
ဆရာစောက ဘုရားပွဲတော်ဖိတ်စာ ပို့ရာတွင် အသုံးပြုမည့် လိပ်စာများ ရိုက်နှိပ်ရန်ကိစ္စနှင့် ပတ်သက်၍ ဦးဝဏ္ဏိတအား မေးလျှောက်သည်။
“အရှင်ဘုရား လိပ်စာတွေရိုက်ပေးဖို့ကိစ္စ ကိုရန်နောင်ဆီက ဘာကြားသေးသလဲ ဘုရာ့”
“သူ့ဆီ လိပ်စာတွေ ပို့တောင်ပို့လိုက်ပြီ ဒကာကြီး”
ကိုရန်နောင်မှာ ကွန်ပျူတာအတတ်ပညာရှင်တဦး […]

ကြိုတင်ပြင်ဆင်မှု – အရှင်ပညာသီဟ

လုပ်ငန်းတခုကို မလုပ်ဆောင်မီ မိမိ၏လုပ်ငန်း အောင်မြင်ရေးအတွက် စနစ်တကျ အကွက်ချ၍ ကြိုတင်ပြင်ဆင်လျှင် ထိုလုပ်ငန်းသည် သက်သာ လွယ်ကူစွာဖြင့် အောင်မြင်ပြီးစီး၍ ပျော်ရွှင်ချမ်းသာမှုကို ပေးသည်။
ကြိုတင်ပြင်ဆင်မှု မပြုဘဲ လုပ်ငန်းတခုကို လုပ်ဆောင်ပါက ထိုလုပ်ငန်းသည် အောင်မြင်ချင်မှ အောင်မြင်မည်။ အောင်မြင်မှု နှောင့်နှေးခြင်းသော်လည်း ဖြစ်နိုင်သည်။
မိမိတို့ကဲ့သို့ လူသာမန်များ မဆိုထားဘိ သုံးလောကထွဋ်ထား မြတ်စွာဘုရားသည်ပင်လျှင် ဘုရားအဖြစ်သို့ရောက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရ၏။
တဘဝတည်း တထိုင်တည်းနှင့် ဘုရားအဖြစ်ကို ရသည် မဟုတ်။
ဒီပင်္ကရာမြတ်ဘုရား ခြေတော်ရင်း၌ ဘုရားဖြစ်ရန် ဗျာဒိတ်ပန်ခဲ့စဉ်မှ စ၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို ပြုလုပ်ခဲ့ခြင်းသည် ဘုရားဖြစ်ရန် ကြိုတင် ပြင်ဆင်ခဲ့ရခြင်းပင် ဖြစ်သည်။
ထို ကြိုတင်ပြင်မှုကောင်းများ၏ ရလဒ်ကြောင့် ကိုယ်တော်တိုင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိကာ နိဗ္ဗာန်ချမ်းသာကို တွေ့ရှိ […]

လောကချမ်းသာသိမ်တော်ကြီးမှတ်တမ်း

အမေရိကန်ပြည်ထောင်စု
နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်
မဟာစည်သတိပဋ္ဌာန်ရိပ်သာ
လောကချမ်းသာ သီမာသမ္မုတိ မှတ်တမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သုံးလောကထွတ်ထား သဗ္ဗညုရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံတော်မူသည့် နှစ်မှ စ၍ ရေတွက်ရသော သာသနာတော်နှစ် ၂၅၄၄-နှစ်၊ မြန်မာနှစ် ၁၃၆၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ခရစ်နှစ် ၂၀၀၁-ခုနှစ် မေလ ၆-ရက်၊ တနင်္ဂနွေနေ့ နံနက် ၈ နာရီ ၀၀ မိနစ် အချိန်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်၊ Gordons Corner Road, No. 63 ၌ တည်ရှိသော မဟာစည်သတိပဋ္ဌာန်သာသနာ့ရိပ်သာအတွင်း ပေတစ်ရာပတ်လည် အကျယ်အဝန်းရှိသော မြေအရပ်ကို ကျောက်နိမိတ် ရှစ်ရပ် ပိုင်းခြားသတ်မှတ်၍ မဟာစည် သြဝါဒါစရိယ ရေဦးဆရာတော် အမှူးရှိသော သံဃာတော်အရှင်မြတ် (၁၇)ပါးတို့က […]

လောကချမ်းသာစေတီတော်မှတ်တမ်း – ၂၀၀၈ ဧပြီ (၁၄)

လောကချမ်းသာစေတီတော်တည်ဆောက်မှုလုပ်ငန်းများ –
အရပ်ရှစ်ထောင့်ရှိ ဆင်းတုတော်များ အပူဇော်ခံထားမှု လုပ်ငန်းများ –
ခြင်္သေ့များ နေရာချထားမှုလုပ်ငန်းများ နှင့်
မြို့နယ်မြေဆီမြေနှစ်ပြုပြင်ထိန်းသိမ်းရေးရုံး၏ ညွှန်ကြားချက်အရ မြေပြုပြင်မှုလုပ်ငန်းများကို ၂၀၀၈-ခုနှစ် ဧပြီလ (၁၄)ရက်နေ့တွင် ဆက်လက်ဆောင်ရွက်နေကြစဉ် –