လောကချမ်းသာစေတီတော်မှတ်တမ်း – ၂၀၀၈ ဧပြီ (၉)

လောကချမ်းသာစေတီတော်၏ ပစ္စယံ ထောင့်အရပ်ရှစ်မျက်နှာတွင် သီတင်းသုံးတော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များကို အပူဇော်ခံ နေရာချထားမှုနှင့် အရပ်လေးမျက်နှာရှိ လှေခါး မုခ်ဝလေးခုတို့တွင် ခြင်္သေ့များ နေရာချထားမှုတို့ကို ၂၀၀၈-ခုနှစ် ဧပြီလ (၉)ရက်နေ့၌ ဆောင်ရွက်နေကြစဉ်။

လောကချမ်းသာစေတီတော်မှတ်တမ်း – ၂၀၀၈ ဧပြီ (၃)

ဆောင်းရာသီလွန်မြောက် နွေဦးရာသီသို့ ရောက်လာပြီဖြစ်ရာ သုံးလကျော် ရပ်နားထားခဲ့ရသော စေတီတော်တည်ဆောက်မှု လုပ်ငန်းများကို ပြန်လည် အစပြုနေပြီ ဖြစ်ပါသည်။
စေတီတော်တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာချုပ်နှင့် အကြံပေးအရာရှိ ဦးမောင်မောင်၊ ဆောက်လုပ်ရေးပညာရှင် ကိုလေးနှင့်အဖွဲ့၊ အတတ်ပညာရှင် အနုပညာရှင်များဖြစ်ကြသော ကိုထွန်းထွန်း၊ ကိုအောင်ကျော်မိုးတို့၏ ၂၀၀၈-ခု ဧပြီလ ပထမပတ်မှ စ၍ စေတီတော်အချောကိုင်မှုလုပ်ငန်း ဆောင်ရွက်နေကြပုံများကို မှတ်တမ်းပြုအပ်ပါသည်။

အမှီကောင်း – အရှင်ဣန္ဒက

လူတယောက် ကြီးပွားတိုးတက်ဖို့အတွက် အမှီကောင်းရှိဖို့လိုတာ အမှန်ပါ။
အမှီကောင်းရှိမှသာ လောကီ လောကုတ္တရာ ကြီးပွားတိုးတက်မှုတွေကို ရရှိခံစားနိုင်ပါတယ်။
“ဘုရားတောင် အမှီရှိမှ ပွင့်နိုင်တယ်”ဆိုတဲ့ စကားဟာ အမှီကောင်းအရေးကြီးပုံနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ စကားတခု ဖြစ်ပါတယ်။
ဒီနေရာမှာ ဘုရားရှင်ရဲ့ အမှီကောင်းဆိုတာ မဟာဗောဓိပင်နဲ့ ရွှေပလ္လင်ကို ပြောပုံရပါတယ်။
ဗုဒ္ဓမြတ်စွာဟာ မဟာဗောဓိပင်ကြီးအောက်မှာ ထိုင်၍ “ငါ ဘုရားမဖြစ်မချင်း ဒီနေရာက မထတော့”လို့ အဓိဋ္ဌာန်ပြုပြီး တရားအားထုတ်ခဲ့ရာ မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့်နေ့မှာ သဗ္ဗညုဘုရား စင်စစ် ဧကန်ဖြစ်တော်မူခဲ့ပါတယ်။

ကြီးပွားတိုးတက်နေသူ ရဟန်းရှင်လူတိုင်းပင် အမှီကောင်းရှိကြလို့ တိုးတက်ကြီးပွားနေခြင်း ဖြစ်ပါတယ်။
မိမိဟာ အကြီးအကျယ် အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တဦးတော့ မဟုတ်ပါ။ ဒါပေမယ့် မိမိဉာဏ်မှီသလောက် သာသနာတော်အကျိုး လောကအကျိုး သည်ပိုး ဆောင်ရွက်ရာမှာ အမှီကောင်းများရဲ့ ကျေးဇူးတွေကြောင့် အထိုက်အလျောက် […]

ပါရမီမျိုးစေ့ – အရှင်ပညာသီဟ

“အရှင်ဘုရား .. နယူးဂျာစီကျောင်းမှာ တရားစခန်းကျင်းပတာ မရှိဘူးလား ဘုရာ့”

“နေရာထိုင်ခင်း မပြည့်စုံသေးလို့ တရားစခန်း သတ်သတ်မှတ်မှတ် ကျင်းပဖို့ အစီအစဉ် မရှိသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တရားစခန်းတခု စမ်းပြီး လုပ်ခဲ့တယ်။ ဒါပေမယ့် အိမ်သာ ရေချိုးခန်းက မပြည့်စုံတော့ အဆင်မပြေဘူး။ နောက်ပြီး စားရေးသောက်ရေးအတွက် နေရာကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း မရှိတော့ တရားအားထုတ်သူတွေကို အားနာစရာကောင်းတယ်။
အဲဒီလို အဆင်မပြေမှုလေးတွေကြောင့် တရားစခန်းရယ်လို့ သတ်သတ်မှတ်မှတ် မကျင်းပဖြစ်ပေမယ့် သဘောတူတဲ့ပုဂ္ဂိုလ်တွေ စုပေါင်းပြီး လာရောက် တရားအားထုတ်ကြပါတယ်။
အထူးသဖြင့် ရုံးပိတ်ရက်ရှည်လဲဖြစ် နွေရာသီလဲဖြစ်တဲ့ အချိန်မျိုးတွေမှာ လာရောက်ပြီး တရားအားထုတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်တုန်းကတောင် အမျိုးသမီးသုံးယောက် သီလရှင်ဝတ်ပြီး ဆယ်ရက်တရားအားထုတ်ကြတယ်။
ဒကာကြီး ဒကာမကြီးတို့လဲ အဲဒီလို အဖော်ညှိပြီး နယူးဂျာစီကို လာရောက် တရားအားထုတ်ရင် ဖြစ်နိုင်ပါတယ်။
တရားစခန်းကျင်းပမှ […]