သဘာဝဘေးရန်များကို ကြိုတင်ကာကွယ်ခြင်း-အရှင်ဣန္ဒက

နာဂစ်လေမုန်တိုင်း အတွေ့အကြုံများကို သင်ခန်းစာယူပြီး လေမုန်တိုင်း သဘာဝအန္တရာယ် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ မည်မျှအရေးကြီးသည်ကို သိရှိနိုင်ပါတယ်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အနည်းငယ် တင်ပြလိုပါတယ်။ လေမုန်တိုင်း ခံနိုင်တဲ့ အဆောက်အဦများကို ဆောက်လုပ်နေထိုင်ခြင်းဟာ အရေးကြီးတဲ့ ကာကွယ်နည်းတခု ဖြစ်ပါတယ်။ နှစ်စဉ်လိုလို လေမုန်တိုင်း အတိုက်ခံနေရတဲ့ ဂျမေကာနိုင်ငံမှာ အဆောက်အဦများကို ကွန်ကရစ်မိုး ကွန်ကရစ်ကာများနဲ့ ခိုင်ခိုင်မာမာ ဆောက်ထားတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အလွန်နည်းတာကို တွေ့ရပါတယ်။ ဝါးတိုင် မဓမတိုင် ဓနိမိုးနဲ့ ဆောက်တဲ့ အဆောက်အဦများဟာ (ငလျင်ဒဏ်ခံပေမယ့်) လေဒဏ်ကိုတော့ မခံနိုင်ပါ။
သစ်တောများဟာလည်း လေမုန်တိုင်း ခံတပ်ကြီးများ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းရိုးတန်းဒေသတလျောက်ဟာ ယခင်က ကနစိုတော လမုတောများနဲ့ ဖုံးအုပ်ပြီး အလွန်သာယာစိုပြေတဲ့ အရပ်ဒေသကြီး ဖြစ်ခဲ့ပါတယ်။ နှစ်တရာအတွင်းမှာ ကနစိုပင် လမုပင်များကို ခုတ်လှဲပြီး ထင်းဆိုက်ခဲ့ကြတာကြောင့် […]

အေဘီဘီအေရဲ့ ပထမအကြိမ် နိဗ္ဗာန်ဈေး – အရှင်ပညာသီဟ

“အရှင်ဘုရား၊ စေတီတော်နဲ့ကျောင်းတည်ဆောက်ရေးအတွက် အလှူငွေရအောင် နိဗ္ဗာန်ဈေးလုပ်ပါလားဘုရား။ တခြားပြည်နယ်က ကျောင်းတိုင်းလိုလိုမှာ လုပ်နေကြတယ်။ အရှင်ဘုရားတို့ အေဘီဘီအေက ကျောင်းတည်ထောင်တာလဲ ကြာလှပြီ၊ ဘာဖြစ်လို့မလုပ်တာလဲ ဘုရာ့”

“အေး .. ငါလဲ ဖြစ်အောင်တိုက်တွန်းနေတာပဲဟ ‘မတိုး’ ရ။ လုပ်မယ် လုပ်မယ်နဲ့ အသံပေးနေတာ သုံးနှစ်လောက်တောင် ရှိသွားပြီ။ ခုထိတော့ အကောင်အထည် မပေါ်သေးဘူး။ ဖြစ်လိုဖြစ်ငြားဆိုပြီး အစပျိုးတဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈-ခု မေလ ၂၅-ရက်မှာ နယူးဂျာစီ လောကချမ်းသာစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယ ဘုရားပွဲ ကျင်းပဖို့ ဆွေးနွေးကြတုန်းက စတုဒိသာကျွေးဖို့ အစီအစဉ်တခုပါတယ်။ အဲဒီ အစီအစဉ်ကို နိဗ္ဗာန်ဈေးအစပျိုးတဲ့အနေနဲ့ စတုဒိသာလှူမယ့်သူတွေကို အစားအစာရောင်းဖို့ ငါအကြံပေးခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး။ ဒါကြောင့် ဖြစ်ချင်ဖြစ် မဖြစ်ချင်နေဆိုပြီး ငါလဲ […]