အာနန္ဒာဗောဓိပင် သမိုင်း

(image source: http://www.panoramio.com/photo/4286032)
(image source: http://commons.wikimedia.org/wiki/File:Anandabodhi.jpg)
တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။
ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ အင်မတန်မှ နည်းပါတယ်။
ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ […]

မင်းကွန်းဆရာတော်ဘုရားကြီးနှင့် မလွန်ဆန်လှူအသင်းကြီး

သာသနာ့မိခင် ကျေးဇူးဆပ်ရန် ကြံခြင်း
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း၌ အာဒိ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားသည် –
မြန်မာနိုင်ငံတော်၏ ဦးဆုံး တိပိဋကဓရ ဖြစ်အောင် အားထုတ်ခြင်း၊ဆဋ္ဌသင်္ဂါယနာ ဝိဿဇ္ဇက(အဖြေ)ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊မဟာဗုဒ္ဓဝင်ကျမ်းကြီး ၆-တွဲ (၈-အုပ်) ပြုစုတော်မူခြင်း – ဟူသော ရှေ့ပိုင်း သာသနာပြု လုပ်ငန်း သုံးသွယ်တို့ကို ဆောင်ရွက်တော်မူပြီးသည့်နောက် ဖော်ပြလတ္တံ့ပါအတိုင်း ဆင်ခြင်တော်မူခဲ့ပါသည်။
….. မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်းကြီးသည် မြန်မာနိုင်ငံရှိ ရဟန်း သာမဏေတို့၏ ဖခင်ကြီးနှင့် တူ၏။နှစ်စဉ် နှစ်စဉ် ပရိယတ္တိ စာလျှောက်မေးပွဲများ ကျင်းပ၍ ပရိယတ္တိသာသနာတော်ကို ထွန်းလင်းစေ၏။ဤသို့ ဗုဒ္ဓသာသနာတော်နှင့် စပ်၍ ဖခင်ကြီးနှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီး၏ ကျေးဇူးကို တိပိဋကဓရ ပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်မှုဖြင့် […]

မင်းကွန်းဆရာတော်ဘုရားကြီးနှင့် “ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း”

“ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ,သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း”
ဒီကနေ့ တရားနာပရိတ်သတ်တွေကို ပေးမယ့် တရားလက်ဆောင် ဓမ္မလက်ဆောင်ကတော့ အဲဒီ ခန္ဓာ အာယတန ဓာတ် သစ္စာ ပါပဲတဲ့။
“ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ,သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း၊ဖောက်ပြန်ထွေပြား၊ ဖြစ်တတ်ငြား၍၊ စကားပုံသေ၊ ရုပ်ခေါ်ပေ၏။မြေဓာတ်,ရေဓာတ်၊ မီး,လေဓာတ်ဟု၊ လေးရပ်ဘုတ်ကြီး၊ ပွားစီးအနက်၊စက်,သော,ဃာ,ဇီ၊ ကာ,ငါးလီမူ၊ အကြည်ရူပ၊ ပသာဒတည်း။ရူပ,သဒ္ဒ၊ ဂန္ဓ,ရသာ၊ ဖောဌဗ္ဗာဟု၊ ငါးဖြာအာရုံ၊ နှစ်စုံဘာဝ၊ ဟဒယနှင့်၊ ဇီဝ,သြဇာ၊ ဆယ့်ရှစ်မှာမူလေးဖြာဟေတု၊ ကြောင်းစတုကြောင့်၊ ဖြစ်မှုပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၍၊ ရုပ်ကြီးရူပ၊ နိပ္ဖန္နတည့်။ထိုမှတပါး၊ ကလပ်ခြားမျှ၊ အာကာသနှင့်၊ ကာယဝစီ၊ နှစ်လီကိုယ်,နှုတ်၊ လှုပ်မှုရှားမှု၊ နှစ်ခုဝိညတ်၊ ရူပဿ,လဟု၊ မုဒု,ကမ္မည၊ ဝိကာရခေါ်၊ ရုပ်သုံးဘော်ကား၊ ပေါ့ပါးနူးညံ့၊ ကြမ်းခံ့မူရာ၊ […]

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၃

“ဤ ကိုယ်ကာယတစ်လံမျှ၌နှစ်ဝရုပ်နာမ်ဖြစ်၍ ချုပ်၏နာမ်ရုပ်နှစ်ပါးအလွတ်ထား၍ဤကား လိပ်ပြာဤကား ငါနှင့်ဤမှာ ဇီဝဤ အတ္တဟုညွှန်ပြဖွယ်ရာမရှိပါသည်ခန္ဓာ နာမ်ရုပ်မျှပါတကား .. ။
နာမ်ရုပ်နှစ်ပါးဤနှစ်ပါးလည်းရှည်လျားကာလမတည်ကြဘဲခဏဖြစ်လျက်ခဏပျက်၍နှိပ်စက်ခြင်းရာလိုမပါဘူးသဘာဝအားဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနိစ္စသည်ဒုက္ခ အနတ္တချည်းပါတကား .. ။”
ဤဓမ္မလက်ဆောင်လင်္ကာများကို မင်းကွန်းဆရာတော်ကြီးသည် ဥပဇ္ဈာယ်ဆရာတော်ဖြစ်တော်မူသော မင်းကွန်း ပထမဓမ္မနာဒဆရာတော်ဘုရားကြီးအား အကြောင်းပြု၍ ခရစ်နှစ် ၁၉၃၉-ခု၊ မြန်မာသက္ကရာဇ် ၁၃၀၁-ခုနှစ်တွင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။
ဆရာ-တပည့်နှစ်ဦးကြား နွေးထွေးသော ဆက်ဆံရေးနှင့် မေတ္တာတရားအကြောင်း မင်းကွန်းဆရာတော်ကြီးက သာသနာသက္ကရာဇ် ၂၅၁၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅-ရက်နေ့တွင် မန္တလေးမြို့ အနောက်ပြင် အောင်တော်မူကျောင်းကြီး စေတီတော် အာရာမ်အတွင်း ဆိပ်ကမ်းအလုပ်သမားများ၏ ကုသိုလ်ကောင်းမှုဖြစ်သော ‘နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံ’၌ ဟောကြားအပ်သော ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’တွင် တစွန်းတစ လှစ်ဟ ဟောကြားခဲ့သည်ကို ကြည်ညိုဖွယ် နာယူ ဖတ်ယူရပါ၏။
ပညာအနုဂါမိက ဥစ္စာ
ရှေ့မျက်နှာမှာ ပါရှိတဲ့ […]

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၂

ယခုအခါ သမာဓိဆိုတဲ့ တတိယ အနုဂါမိကဥစ္စာကို မြှုပ်နှံသိုမှီး သိမ်းဆည်းကြရအောင်။
ဒီ သမာဓိဘာဝနာ သူတော်စင်တွေဟာ ကုသိုလ်ဖြစ်ဖို့ရန်အတွက် ဗုဒ္ဓဘာသာ သူတော်စင်တွေဟာ များသောအားဖြင့် မြတ်စွာဘုရားရဲ့ ‘အရဟံဂုဏ်တော်’ကို ပုတီးစိပ်လေ့ရှိကြတယ်။ပုတီးစိပ်တဲ့ အမျိုးသား အမျိုးသမီးတယောက်ကို “ဘာ .. ပုတီးစိပ်သလဲ”လို့ မေးရင် “အရဟံဂုဏ်တော်ကို ပုတီးစိပ်တယ်”လို့ ဖြေတတ်ကြပါတယ်။
“ဘယ်လို အောက်မေ့ ဆိုပြီးတော့ ပုတီးစိပ်သလဲ”လို့ မေးရင် “သော ဘဂဝါ ဣတိပိ အရဟံ” အဲဒါကို တခေါက်ဆိုပြီးလျှင် ပုတီးတလုံး ချတယ်လို့ ဖြေကြပါတယ်။
‘သော ဘဂဝါ ဣတိပိ အရဟံ’က ပါဠိစကားဖြစ်နေတယ်။မိမိဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပာယ်ကို အကျယ်ဆိုပြီး အသိဉာဏ်ရပြီးတော့မှ ‘သော ဘဂဝါ ဣတိပိ အရဟံ’လို့ တခေါက် ဆိုလိုက်ရရင် တခေါက်ဆို ဆိုသလောက် အင်မတန် တန်ဖိုးရှိပါတယ်။ဒါကြောင့် […]

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၁

မင်းကွန်းဆရာတော်ဘုရားကြီး၏ သက်တော် ၈၀-ပြည့် ပတ္တမြားရတုပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ၁၉၉၁-ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ် အုပ်ရေ ၆,၀၀၀ ထုတ်ဝေသော ဆရာတော်၏ သင်ကြားပို့ချစဉ် ‘ပရမတ္ထသံခိပ်အဖြေ စကားပြေကျမ်း’၏ ကျောဖုံးတွင် ပါရှိသော မင်းကွန်း တိပိဋကဓရ ဓမ္မရည်ညွှန် လက်ဆောင်မွန်။
သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။ သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။(ဝိ၊ ၄)
ဗုဒ္ဓုပ္ပါဒ နဝမနှင့်၊ ဓမ္မဒေသနာ ချမ်းသာနှစ်ဝ၊ ရသည့်အညီ သာမဂ္ဂီ ဒွေး၊ ကိုယ်စီပေး၍ လေးချက် ဝီရိယ၊ ချမ်းသာရအောင် အမျှကျင့်နိုင်ပါစေသော်ဝ်။

စိတ်ကောင်းရှိဖို့က ပဓာန – အရှင်ပညာသီဟ

“အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် […]

ကမ္မသတ္တိတရားတော် – အရှင်ဇနကာဘိဝံသ

ကံအကျိုး မြင်လို့
ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း ရှင် လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။ဘယ်လိုလိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။ဘယ်လို အကျိုးရှိတုန်း။မတော်တဲ့ မကောင်းမှု အကုသိုလ်အခန်းကျရင် နောက်ဆုတ်တယ်။ နည်းနည်းတွန့်လာတယ်။နောက်ဆုတ်တယ်ဆိုတာလဲ ကံရဲ့အကျိုးကို လှမ်းမြင်လို့ ဆုတ်တာ။ကောင်းတဲ့အလုပ် လုပ်ရမယ်ဆိုတော့ ကံရဲ့အကျိုး လှမ်းမြင်လိုက်တယ်ဆိုရင် အားတက်သရော ရှိလာတယ်။ လုံ့လ ဝီရိယတိုးလာတယ်။ သဒ္ဓါတရားတွေ တိုးလာတယ်။ဒါကြောင့် ကံဟာ ဘယ်လိုပါလိမ့်မတုန်းဆိုတာ အလှူ့ဒကာ အလှူ့အမတို့လို လူဝတ်ကြောင်ဘက်တွင် မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ နားလည်ပြီးတော့မှနေလျှင် အင်မတန် ကောင်းတယ်။ ခု ဆိုပါတော့ပေါ့။အလှူ့ရှင်များက အားတက်သရောနဲ့ လှူကြ တန်းကြတယ်။ စိတ်စေတနာ ထက်သန်ကြတယ်လို့ဆိုတော့ သူတို့ဘက်က တာဝန်ကျေသွားတယ်။
လောဘပေါင်းမြက်
အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် […]

ဘဝင် ‘မကျ-အကျ’ – ‘ဟင် နှင့် ဟ’ – အရှင်ပညာသီဟ

ရုတ်တရက် တွေ့မြင်ခံစားရသည့်အပေါ် မူတည်၍ နှုတ်မှ ထွက်လာသော အသံကို ‘အာမေဋိတ်’ဟု ဖွင့်ဆို၏။အံ့သြမှုကြောင့် ထွက်လာသော အသံလည်း ဖြစ်၏။ထိုအသံသည် အဓိပ္ပာယ် အပြည့်အစုံ မပါဝင်သည့် ‘ဟ’အက္ခရာစာလုံး၏ အသံထွက်နှင့် ခပ်ဆင်ဆင် တူသည်။တခါတရံ ‘အ’ အသံနှင့်လည်း ထွက်သည်။ ဥပမာ- ‘ဟ’ ‘ဟာ’ ‘ဟီး’ ‘ဟင်’ ‘ဟေ’ ‘ဟော’ ‘ဟိုက်’ ‘အို’ ‘အော်’ စသည်တို့ ဖြစ်သည်။နောက်ဆက်တွဲ စကားလုံးအပေါ် မူတည်၍ “ဟ .. ကောင်းလိုက်တာ”၊ “ဟ .. ဘယ်ဆိုးလို့လဲ”၊ “ဟာ .. ဘယ်လိုဟာကြီးပါလိမ့်”၊ “ဟာ .. လုပ်လိုက်ပြန်ပြီ”၊ “ဟာ .. အသုံးကို မကျဘူး”၊ “ဟီး .. သွားပါပြီ”၊ “ဟီး […]

တဒင်္ဂ တရား သံဝေဂ-အရှင်အဘယာလင်္ကာရ

“အဓုနာ အဘယော ဟောန္တော သဘယော ဝေ အနာဂတေ။ ဘာဝေမိ မရဏံ နိစ္စံ ခန္ဓာနံ ဘင်္ဂ ဘာဝတော။”
အဟံ-ရုပ်နာမ်နှစ်ရပ် ကြောင်းကျိုးစပ်၍ ပညတ်ဝေါဟာ မင်း,သူ,ငါသည်အဓုနာ-မျက်မှောက်မြင်ရ ယခုခဏ၌အဘယော ဟောန္တော(ပိ)-ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ဘယာကင်းပ အေးမြနေပါသော်လည်းအနာဂတေ-ပစ္စုပ္ပန်ထောက် မကြာရောက်မည့် နောက်နှောင်းဝေဆာ နောင်အခါ၌ဝေ-စင်စစ်ဧကန် အမှန်အားဖြင့် သဘယော (ဟေဿံ)-ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ လွန်စွာမပြတ် နှိပ်စက်အပ်သဖြင့် ကပ်ရောက်ဖိစီး ရောဂါကြီးငယ် အသွယ်သွယ်တို့ ကိုယ်ဝယ် ကျရောက်မည် ဖြစ်ပေ၏။
ကသ္မာ-အဘယ်ကြောင့်နည်းခန္ဓာနံ-ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ဘင်္ဂ ဘာဝတော-ဥပါဒ်ဌီဘင် ဖြစ်ပျက်စဉ်အရ တခဏချင်း မယွင်းမှန်စွာ ပျက်စီးနေသောကြောင့်ပင် ဖြစ်ပေ၏။တသ္မာ-ထို့ကြောင့်ပင်လျှင်မရဏံ-“မရဏံ ဓုဝံ၊ ဇီဝိတံ အဓုဝံ=သေခြင်းက မြဲပြီး၊ အသက်က မမြဲ”ဟူသော သေခြင်းတရားကိုနိစ္စံ-အမြဲမပြတ် တရစပ်ဘာဝေဓိ-အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ဘဲလျှင် စိတ်ထဲရောက်အောင် ကပ်ဆောင် ပွားများသင့်လှပါပေ၏။
[…]