တောင်မြို့ မြောက်မြို့

မန္တလေးသား မဟုတ်၍ တကြောင်း၊ ဗဟုသုတနည်းပါး၍ တကြောင်း၊ မြန်မာနိုင်ငံသမိုင်းနှင့်ပထဝီဝင်ကို မကျွမ်းကျင်၍တကြောင်း၊ မန္တလေးမြို့နေ အမရပူရမြို့နေ သူငယ်ချင်းများရှိခဲ့သည့်တိုင် စကားမစပ်မိခဲ့သဖြင့်လည်းကောင်း တောင်မြို့ မြောက်မြို့ ဇစ်မြစ်ကို ယခင်က မသိခဲ့။
တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ၏ကျမ်းစာများကို အကြောင်းပြု၍ ‘အမရပူရမြို့’ကို ‘တောင်မြို့’ဟု ခေါ်ကြောင်းလောက်သာ သိထားခဲ့သည်။
တနေ့က ရွှေဘိုမိမိကြီး၏ “ရွှေပြည်၊ လှေသင်း၊ မင်းလက်ဝါး” သုံးအုပ်ပေါင်းချုပ်စာအုပ်ကို ဖတ်ရမှ တောင်မြို့ မြောက်မြို့အကြောင်း ဂဃနဏ သိလိုက်ရလေသည်။
“၁၃။ တောင်မြို့မှ မြောက်မြို့သို့” ကောက်နုတ်ချက်
မန္တလေးတောင်အနီးတွင် မြို့နန်းအသစ် တည်ဆောက်သည်မှာ သုံးနှစ်ခန့်ကြာမှ ပြီးစီးသည်။၁၂၁၈-ခု၊ တပို့တွဲလဆန်း (၄)ရက်နေ့မှ စ၍ တည်ဆောက်ရာ ၁၂၂၀ ပြည့်နှစ်၊ ဒုတိယ ဝါဆိုလဆန်း (၆)ရက်တွင်မှ မြို့တော်တည်ဆောက်မှု အားလုံး ပြီးစီး၍ မြို့သိမ်းပွဲ လုပ်ရသည်။မြို့တော်ကို ‘ရတနာပုံမ်’ဟု သမုတ်ပါသည်။အကျယ်မှာ […]

မလွဲတံထွာ ဓမ္မတာ – (၁)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)ရဲ့ ဥက္ကဌ ဦးဟန်ကြူ ကွယ်လွန်တာ ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့ဆို ၂-နှစ် ပြည့်ပါပြီ။
ဦးဟန်ကြူဟာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းရယ်လို့ ၁၉၈၁-ခုနှစ် သြဂုတ်လ ၂၁-ရက်နေ့မှာ တရားဝင်ဖြစ်လာခဲ့တဲ့နေ့က စပြီး၊ သူကွယ်လွန်တဲ့ ၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့ထိ အသင်းရဲ့ ဥက္ကဌတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ သူပါ။“ဗုဒ္ဓမြတ်စွာ သာသနာ၊ ကမ္ဘာပြန့်ရမည်”ဆိုတဲ့ အသင်းရဲ့ဆောင်ပုဒ်နဲ့အညီ ဆရာ ဒကာ လက်တွဲညီညာ သာသနာအကျိုးပြု လုပ်ငန်းရပ် များစွာကို ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းဆိုတာ နယူးယောက်မြို့မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ မြန်မာပြည်ဖွား မိသားစုများရဲ့ ဗုဒ္ဓဘာသာအသင်းတစ်ခု ဖြစ်ပါတယ်။အသင်းစတည်ထောင်ပြီး နေရာထိုင်ခင်း အဆောက်အဦဆိုတာ မရှိသေးတော့ ဦးဟန်ကြူက သူ့ရဲ့ ပဲပြားစက်ရုံ […]

အေဘီဘီအေ ၂၀၀၉ နှစ်သစ်ဆုတောင်းမေတ္တာပို့သပွဲ

၂၀၀၉-ခုနှစ် ဇန်နဝါရီလ ၄-ရက် တနင်္ဂနွေနေ့တွင် နယူးယောက် လောကချမ်းသာဘုရားကျောင်းတော်ကြီး၌ နှစ်သစ်ဆုတောင်းမေတ္တာပို့သပွဲ ကျင်းပခဲ့၏။
အလှူရှင်များဖြစ်ကြသော Dr. Jonathan Chang & Veronica Chang, (son) Michael Chang, (daughter) Cassie Chang, “Chang Family Medical Center” မှ ဒန်ပေါက်ထမင်းနှင့် အချိုမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ၏။
လောကချမ်းသာဘုရားကျောင်းတော်၏ အထပ်တိုင်းတွင် ဧည့်ပရိတ်သတ်များဖြင့် ပြည့်နေပြီး၊ ဒန်ပေါက်ထမင်းပြတ်သွားသဖြင့် ထမင်းထပ်ချက်ရကြောင်း သိရ၏။
သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် မေတ္တာပို့၍ သာယာကုန်းဆရာတော် ဘဒ္ဒန္တ ဝိစာရိန္ဒမှ တရားချီးမြှင့်ပေးလေသည်။
နှစ်သစ်ဆုတောင်းမေတ္တာပို့သပွဲအပြီးတွင် အေဘီဘီအေအသင်း၏ လစဉ်အစည်းအဝေးကို ဆက်လက် ပြုလုပ်ရာ နယူးဂျာစီ မဟာစည်ရိပ်သာဝင်းအတွင်း လောကချမ်းသာဓမ္မာရုံကြီး တည်ဆောက်ရေးအတွက် အဓိကထား ဆွေးနွေးကြကြောင်း၊ ဓမ္မာရုံကြီးအတွက် ငွေကြေးများ လိုအပ်လျက်ရှိကြောင်း သိရ၏။ […]

သူတော်ကောင်းလက္ခဏာ

ဆားပုလင်းခင်မောင်ဝင်း။ ။ ကဖိုးထိန် .. ဘာတွေ တကုပ်ကုပ်နဲ့ ရေးမှတ်နေတာလဲဗျ။ အကြွေးစာရင်းတွေလား။
ကဖိုးထိန်။ ။ မှန်သလိုလိုရှိတယ် .. ဆားပုလင်း။ ပြီးခဲ့တဲ့နှစ်အတွင်း ကျနော့်အပေါ် ကျေးဇူးပြုခဲ့ကြတဲ့သူတွေရဲ့ စာရင်းကို နှစ်ချုပ်လုပ်နေတာပါ။ ဒီစာရင်းထဲ ဆားပုလင်းလဲ ပါတယ်။ နယူးဂျာစီကျောင်း သွားဖို့ ကားကြုံလိုက်ခွင့် ပြုတာလေးကအစပေါ့ဗျာ။
ဆားပုလင်းခင်မောင်ဝင်း။ ။ ဟာဗျာ .. ကဖိုးထိန်က လုပ်တော့မယ်။ ကျေးဇူးအတင်ခံချင်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူးဗျ။
ကဖိုးထိန်။ ။ သိပါတယ် .. ဆားပုလင်းရာ။
ဆားပုလင်းခင်မောင်ဝင်း။ ။ “သူတပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးသိသရွေ့ သိလေ့ရှိသည်လည်းကောင်း” ဆိုတာ သူတော်ကောင်း ဂုဏ်အင်္ဂါတစ်ပါး မဟုတ်လားဗျ။
ကဖိုးထိန်။ ။ ကျနော့်ကိုယ် ကျနော် သူတော်ကောင်းလို့တော့ မဆိုပါဘူးဗျ။ ‘ကိုယ့်ကိုကိုယ်ဖော် မသူတော်ခုနစ်ပါး’ဆိုလား။ ကောင်းတာလေးတွေတော့ ကိုယ့်မှာ […]

“ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း” – လယ်တီဆရာတော်ဘုရားကြီး

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အဘိယာစက နှင့် ဥယျောဇနကထာ
ပုထုဇ္ဇနောတိ ဧတ္ထ – ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ ဗုဒ္ဓေနာ ဒိစ္စဗန္ဓုနာ။ အန္ဓော ပုထုဇ္ဇနော ဧကော ကလျာဏေကော ပုထုဇ္ဇနော။
တတ္ထ ယဿ ခန္ဓာ, ဓာတု, အာယတနာဒီသု ဥဂ္ဂဟ, ပရိပုစ္ဆာ, သဝန, ဓာရဏ, ပစ္စဝေက္ခဏာနိ နတ္ထိ၊ အယံ အန္ဓပုထုဇ္ဇနော။ ယဿ တာနိ အတ္ထိ၊ သော ကလျာဏပုထုဇ္ဇနော။
(ဒီဃနိကာယ် သုတ်သီလက္ခန် အဋ္ဌကထာ၊ ဗြဟ္မဇာလသုတ်အဖွင့်၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ သင်္ခါရုပေက္ခာ ဉာဏနိဒ္ဒေသအဖွင့်၊ ဇိနာလင်္ကာရဋီကာ)
အနက်ကား –ပုထုဇ္ဇနောတိ ဧတ္ထ-ပုထုဇ္ဇနောဟူသော ဤပုဒ်၌အန္ဓော-အဝိဇ္ဇာအားဖြင့် ဉာဏ်အမြင်ကန်းသောပုထုဇ္ဇနော-ပုထုဇဉ်ပုဂ္ဂိုလ်သည်ဧကော-တစ်ယောက်ကလျာဏော-သုတမယဉာဏ်ရှိသဖြင့် ကောင်းသော အကျင့်ရှိသောပုထုဇ္ဇနော-ပုထုဇဉ်ပုဂ္ဂိုလ်သည်ဧကော-တစ်ယောက်ဣတိ-ဤသို့အာဒိစ္စဗန္ဓုနာ-နေမင်း၏ အဆွေဖြစ်တော်မူသောဗုဒ္ဓေန-မြတ်စွာဘုရားသည်ပုထုဇ္ဇနော-ပုထုဇဉ်ပုဂ္ဂိုလ်တို့ကိုဒုဝေ-နှစ်ယောက်တို့ဟူ၍ဝုတ္တာ-ဟောတော်မူအပ်ကုန်၏။
ဟိ ဝိတ္ထာရေမိ-ချဲ့၍ ဆိုဦးအံ့။တတ္ထ-ထိုနှစ်ယောက်သော ပုထုဇဉ်ပုဂ္ဂိုလ်တို့တွင်ယဿ-အကြင် ပုထုဇဉ် […]