လောကချမ်းသာစေတီတော် ဓာတ်ပုံသတင်း – ၂၀၀၉ မတ် ၂၂

လောကချမ်းသာစေတီတော်၏ အရန်စေတီတော် ကျောင်းဆောင် တံကဲများ ပြုလုပ်မှုကို အတတ်ပညာရှင်များမှ ၂၀၀၉ ခု မတ်လ ၂၂ ရက်နေ့တွင် ဆက်လက် ဆောင်ရွက်နေကြစဉ်။
ဟော ဒီလို စပ် …

ဟော ဒီလို မွှေ ….

ဟော ဒီလို လောင်း …..

သင်္ကြန်အခါတော် – မဟာစည်ဆရာတော်ဘုရားကြီး

(မဟာစည်ဆရာတော်ဘုရားကြီး၏ ခရစ်သက္ကရာဇ် ၁၉၆၈ ခုနှစ်တွင် ဟောကြားသော ‘လောကဓံတရားတော်’ မှ)
+++++
ဒီကနေ့ဟာ ၁၃၂၆ ခု ဆိုတဲ့ နှစ်ဟောင်းက ၁၃၂၇ ခု ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းတဲ့ သင်္ကြန်အခါတော် အစနေ့ ဖြစ်တယ်။
ဒီ သင်္ကြန်ဆိုတာ သင်္ကြန္တ ဆိုတဲ့ သက္ကတဘာသာမှ ဖြစ်လာတဲ့ စကားပဲ။ပြောင်းရွှေ့တယ် လို့ အဓိပ္ပာယ် ရှိပါတယ်။ဒါကြောင့် နှစ်ဟောင်းမှာ အဆုံးဖြစ်တဲ့ မိန်ရာသီမှ နှစ်သစ်မှာ အစဖြစ်တဲ့ မိဿရာသီသို့ တနင်္ဂနွေဂြိုလ်ဆိုတဲ့ နေဂြိုလ်ကြီး ပြောင်းရွှေ့တာကို သင်္ကြန်ကျတယ်လို့ ဆိုပြီး မြန်မာပြည်မှာ နှစ်သစ်ကူးပွဲ ကျင်းပကြတာပဲ။အဲဒါဟာ နှစ်ဟောင်း တပေါင်းလမှ နှစ်သစ် တန်ခူးလသို့ ပြောင်းရွှေ့တာကိုပဲ ရည်ရွယ်ပါတယ်။
ဒီ သင်္ကြန်ကျတယ်ဆိုတာကို ရှေးက ပုဏ္ဏားတွေက စပြီး တီထွင်ထားတဲ့အတိုင်း ယခုလည်း […]

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၅

အဓိပတိ ဆောင်ပုဒ်များ
ဆန္ဒကဲမို့၊ ငါသို့သူမှာ၊ ပြုမူရာသည်၊ ဘယ်မှာမပြီး ရှိအံ့နည်း။ဝီရိယကဲမို့၊ ငါသို့သူမှာ၊ ပြုမူရာသည်၊ ဘယ်မှာမပြီး ရှိအံ့နည်း။စိတ္တကဲမို့၊ ငါသို့သူမှာ၊ ပြုမူရာသည်၊ ဘယ်မှာမပြီး ရှိအံ့နည်း။ပညာကဲမို့၊ ငါသို့သူမှာ၊ ပြုမူရာသည်၊ ဘယ်မှာမပြီး ရှိအံ့နည်း။
(ဂန္ထဝင်စာပေမှ ၂၀၀၈ ခု မေလတွင် ပထမအကြိမ် ထုတ်ဝေသော ‘ရေစကြိုဆရာတော်’၏ ‘ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ-ပဌမတွဲ’ စာ-၁၃၄)

ဝီရိယနည်းသူများအဖို့ ဆုံးမသြဝါဒ

(ပ, ဖ, ဗ, ဘ, မ)
“ဟာ .. ပျင်းလို့ပါကွာ၊ ဟာ … ပျင်းရင်တော့ ဘာမှ မဖြစ်နိုင်ဘူးဟေ့။‘ပျင်း’ရင်တော့ ‘ဖျင်း’တော့တာပါပဲ၊ ‘ပျင်း’ရင် ‘ဖျင်း’တယ်တဲ့။‘ဖျင်း’တော့ ဘာဖြစ်တုံး၊ ‘ဖျင်း’တော့ ‘ဗလာနတ္ထိ’တဲ့။‘ဗလာ’ဖြစ်သွားရင်တော့ ‘ဘေးရောက်’သွားတယ်တဲ့။‘ဘေးရောက်’သွားတော့ ဘာဖြစ်တုံး၊ ‘မသုံး’တော့ဘူး၊ ‘မြောင်း’ထဲ ကျတယ်။‘ပ, ဖ, ဗ, ဘ, မ’ကိုး”
အဲသလို ဆရာတော်များက အဆုံးအမ ပေးကြတယ်။ဒါ ဝီရိယနည်းကြတဲ့ ပုဂ္ဂိုလ်များအတွက် အဆုံးအမများ ပေးတော်မူကြတာပါ။
(ဂန္ထဝင်စာပေမှ ၂၀၀၈ ခု မေလတွင် ပထမအကြိမ် ထုတ်ဝေသော ‘ရေစကြိုဆရာတော်’၏ ‘ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ-ပဌမတွဲ’ စာ-၁၂၃)

လောကချမ်းသာစေတီတော် ဓာတ်ပုံသတင်း

၂၀၀၉ ခုနှစ် မေလတွင် ကျင်းပမည့် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် အရန်စေတီတော်များ ထီးတော်တင်ပွဲကိုပါ ပြုလုပ်မည်ဖြစ်ရာ အရန်စေတီတော်များ၏ တံကဲ ကျောင်းဆောင်များကို အချိန်မီ ပြီးစီးရန် အတတ်ပညာရှင်များမှ ကြိုးပမ်း ဆောင်ရွက်နေကြစဉ်။

မလွဲတံထွာ ဓမ္မတာ – (၂)

ဘယ်သူမှ ရှောင်လွှဲမရတဲ့ ဓမ္မတာမို့ သေခြင်းတရားဆိုတာ လူတိုင်း ရင်ဆိုင်ကြရပါတယ်။“ပျောက်သောသူ ရှာလျှင် တွေ့၊ သေသောသူ ကြာလျှင် မေ့” ဆိုသော်ငြား ရှာမတွေ့တော့တဲ့သူတွေ၊ မမေ့နိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီထဲမှာ ဒေါ်ငွေကြည်လည်း တစ်ယောက် ပါဝင်ပါတယ်။
ဒေါ်ငွေကြည်ဟာ အေဘီဘီအေအသင်းရဲ့ ဘဏ္ဍာရေးမှူးတာဝန်နဲ့ ဝေယျာဝစ္စအဖွဲ့ခေါင်းဆောင်တာဝန်တွေကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပါတယ်။
အေဘီဘီအေအသင်းရဲ့ နှစ်စဉ် ကျင်းပမြဲ ဘာသာရေးပွဲတွေနဲ့ သာရေး နာရေး အလှူအတန်းပွဲတွေအတွက် စားသောက်ဖွယ်ရာတွေကို မမောနိုင် မပန်းနိုင် ဦးစီး စီမံ ချက်ပြုတ်ကျွေးမွေးခဲ့တာ၊ သားသမီး မြေးမြစ် သိုက်သိုက်ဝန်းဝန်းနဲ့ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ဦးဆောင်မှုပေးခဲ့တာတွေ မျက်စိထဲ မြင်ယောင်နေဆဲပါ။
ဦးသန်းမြင့်-ဒေါ်ငွေကြည်မိသားစုဆို နယူးယောက်မြို့မှာ မသိသူ ရှားလှပါတယ်။သူ့ရဲ့ ဦးစီး စီမံတတ်မှု၊ စည်းစနစ်ကျမှု၊ စည်းရုံး လှုံ့ဆော်တတ်မှု၊ သည်းခံ ခွင့်လွှတ်နိုင်မှုတွေနဲ့ ဘုရား တရား […]

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၎

ဒကာ + ဒကာမအပေါင်း သူတော်ကောင်းတို့ …
(၁) မမေ့မလျော့ကြနဲ့။
(၂) ဒို့မှာ သေခြင်းတရားနဲ့ အချိန်းအချက် မရှိကြဘူး။
(၃) မိမိတို့ ဆောင်ရွက်ရမဲ့ ဓမ္မကိစ္စများကို နေ့ရက်ဆွဲမထားဘဲ ခုကပဲ ကြိုးစားကြပါ။
ဦးဝိစိတ္တသာရာဘိဝံသ

မိုးမျှော် ၃၁-ထပ်တိုက် ဥပမာ – (ညိုမြ ဘာသာပြန်)

The Simile of Skyscraperby Professor U Pe Maung Tin
ကျွန်ုပ်သည် အမေရိကန်ပြည် ချီကာဂိုတက္ကသိုလ်တွင် ပါဠိနှင့် ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း သင်ကြားပို့ချရန် ဧည့်ပါမောက္ခအဖြစ် ၁၉၅၇-၅၉ ပညာသင်နှစ် ၂-နှစ်တာမျှ ဆောင်ရွက်ခဲ့ရသည်။
ချီကာဂိုတက္ကသိုလ်သို့ အောက်တိုဘာလ ၁ ရက်နေ့ ရောက်ရှိသွားရာ ကျွန်ုပ်ပို့ချရမည့် ဗုဒ္ဓဘာသာအတန်းတွင် ရန်ကုန်တက္ကသိုလ်မှာကဲ့သို့ ကျောင်းသားသစ်များကို မတွေ့ရဘဲ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသနသမားများသာ ပါဝင်ကြောင်း တွေ့ရှိရသည်။ ထို့ထက် ကျွန်ုပ်အဖို့ အံ့အားသင့်ရသည်မှာ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသော တက္ကသိုလ်ဆရာ နှစ်ယောက် သုံးယောက် ကျွန်ုပ်၏ အတန်းတွင် ပါဝင်နေခြင်း ဖြစ်၏။
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်၍ […]

လာရောက် နွှဲပျော် အေဘီဘီအေ ထမနဲပွဲတော် – အရှင်ဝဏ္ဏိတ

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးသည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယက ဆရာတော် အရှင်ဣန္ဒကရဲ့ ဦးဆောင် လမ်းညွှန်မှု၊ ကွယ်လွန်သူ ဥက္ကဌကြီး ဦးဟန်ကြူရဲ့ ရိုးသား ကြိုးစားခဲ့မှု၊ အသင်းသူ အသင်းသားများ၊ စေတနာရှင် ပြည်သူများရဲ့ အားကြိုးမာန်တက် ဆောင်ရွက်မှုတို့ကြောင့် အမေရိကန်နိုင်ငံ အရှေ့ခြမ်း နယူးယောက်မြို့၌ မားမားမတ်မတ် တင့်တင့်တယ်တယ် ဝင့်ထယ်ခမ်းနား ပေါ်ထွန်းလာခဲ့သည်မှာ ငွေရတုကာလ ကျော်လွန်၍ ရွှေရတုသို့ပင် ချီနေပြီ။
အမျိုး ဘာသာ သာသနာ့အကျိုးကို စေတနာသက်သက်ဖြင့် ဆောင်ရွက်လိုသူများ စုပေါင်း၍ ထူထောင်ထားသော အသင်းကြီးဖြစ်သည်အားလျော်စွာ ပြည်တွင်း ပြည်ပမှ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား ပင့်လျှောက်၍ တရားစခန်းများ ဖွင့်လှစ်ကာ ယောဂီများအား အသိအလိမ္မာ ဉာဏ်ပညာ တံခါးများ ဖွင့်လှစ်ပေးခြင်း၊ ကလေးငယ်များအတွက် တနင်္ဂနွေသင်တန်းများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ် […]