အေဘီဘီအေ ထမနဲပွဲတော် (၂၀၀၉) – စောဝင်း

ထမနဲပွဲတော်ဟာ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် နှစ်စဉ် တပို့တွဲလ၌ ထမနဲပွဲများ ကျင်းပလေ့ရှိပါတယ်။ ပြည်ပရောက် မြန်မာနွယ်ဖွားများကမူ ရာသီဥတုအခြေအနေအရ တပို့တွဲ-တပေါင်း (ဖေဖော်ဝါရီ-မတ်) ကာလမှာ ထမနဲပွဲများ ကျင်းပကြပါတယ်။
(၂၃)ကြိမ်မြောက် အေဘီဘီအေ ထမနဲပွဲတော်ကို မတ်လ ၇-၈ ရက်နေ့များက လောကချမ်းသာဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။မတ်လ ၇-ရက် စနေနေ့က ထမနဲထိုးတဲ့နေ့ ဖြစ်ပြီး၊ မတ်လ ၈-ရက်နေ့မှာတော့ ဆရာတော်တွေကို ဆွမ်းကပ်၊ ဧည့်ပရိတ်သတ်များကို ကျွေးမွေး ဧည့်ခံ၊ တရားနာ ရေစက်ချ ကုသိုလ်အမျှဝေပါတယ်။ဒီနှစ် ထမနဲပွဲ အလှူရှင်က ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ အမှုထမ်းနေကြတဲ့ ဓမ္မမိတ်ဆွေများ ဖြစ်ကြပါတယ်။ မတ်လ ၇-ရက် စနေနေ့မှာ အလှူရှင်တွေနဲ့အတူ Wyckoff ဆေးရုံမှ ဆရာဝန်များ၊ အသင်းအမှုဆောင်များ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ၊ […]

အဝင်-အထွက်

စိတ်ကူးချိုချိုအနုပညာမှ ၂၀၀၈-ခုနှစ် မေလတွင် ပထမအကြိမ်ထုတ်ဝေသော မောင်သွေးသစ်နှင့် မောင်ဇေယျာတို့ ပြုစုသည့် ‘ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)’ စာအုပ်၌ ပါဝင်သော ပန်းချီစံတိုး၏ ‘ဆရာကြီးဦးဖေမောင်တင်နှင့် နိဗ္ဗာန်လမ်း’ ကို မကြာမီက ဖတ်ရှုလိုက်ရ၏။
ဆရာကြီးဦးဖေမောင်တင်၏ အသက် ၈၀ ပြည့် မွေးနေ့ပွဲတွင် ဆရာကြီးအား သူ၏ပုံတူပန်းချီကားကို လက်ဆောင်ပေးရန်အတွက် ပန်းချီစံတိုးက ပုံတူရေးဆွဲခွင့် ရရှိခဲ့စဉ် အတွေ့အကြုံဆောင်းပါး ဖြစ်၏။ မှတ်ဖွယ်ကောင်းသောအချက်ကလေးကို ကောက်နုတ်ဖော်ပြပါ၏။
ဆရာကြီး၏ “တက္ကသိုလ်နှင့် မြန်မာစာပေ”၊ ဆရာကြီး၏ ‘The Simile of Skyscraper’ ကို ညိုမြ ဘာသာပြန်သည့် “မိုးမျှော် ၃၁ ထပ်တိုက် ဥပမာ”တို့လည်း အထူး မှတ်ဖွယ်ကောင်း၏။
+++++
နောက်တနေ့တွင် ပုံဆွဲရန် ကျွန်တော်ရောက်သွားလျှင် ဆရာကြီးကို […]