ဝင်္ဂီသမထေရ်ကို နည်းယူခြင်း-မဟာစည်ဆရာတော်ဘုရားကြီး

သာသနာအစဉ်အဆက်မှာ တချို့ရဟန်းတော်များ ကိလေသာတွေ ဖြစ်လာတော့ အဲဒီ ကိလေသာတွေ ငြိမ်းအောင်လို့ အားထုတ်တာကိုး။ဝင်္ဂီသမထေရ်ဆိုရင် ဆွမ်းခံသွားနေရင်း ကိလေသာဖြစ်လာတော့ အရှင်အာနန္ဒာကို လျှောက်ထားတယ်။“အရှင်အာနန္ဒာ ..တဲ့၊ ကာမရာဂတော့ ဖြစ်လာပြီတဲ့၊ ကာမရာဂမီးတွေ လောင်နေပါတယ် တဲ့၊ ကာမရာဂငြိမ်းကြောင်းဖြစ်တဲ့ တရားကို ဟောပါဦး တဲ့၊ သွန်သင်ဆုံးမပါဦး” ဆိုပြီးတော့ လျှောက်ထားတယ်။
လျှောက်ထားတော့ အရှင်အာနန္ဒာက “အသုဘ နှလုံးသွင်းရမယ်လို့၊ သင် သုဘသညာ သွားနှလုံးသွင်းမိလို့ ကာမရာဂဖြစ်တယ်၊ ဝိသဘာဂအာရုံတွေ ဖြစ်တယ်”။ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေက မိန်းမများကို တမျိုးတဖုံ ထင်တယ်တဲ့၊ ကောင်းတဲ့အနေအားဖြင့် သွားပြီး နှလုံးသွင်းရင် ဒါက ဖြစ်တတ်တယ်။ မိန်းမဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာ လှပတယ်၊ တင့်တယ်တယ်၊ ကောင်းတဲ့အနေအားဖြင့် သွားပြီးတော့ ကြည့်ရှု နှလုံးသွင်းလို့ရှိရင် ဒီကာမရာဂတွေဆိုတာ ဖြစ်တတ်တယ်။ […]

ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး ဒေါ်ငွေကြည် (၁)

အရင်တစ်လက အေဘီဘီအေအသင်းဥက္ကဌကြီး ဦးဟန်ကြူအကြောင်း ဂုဏ်ပြုမှတ်တမ်း ရေးသားခဲ့ပြီး၊ ဒီတခါ အသင်းရဲ့ ဘဏ္ဍာရေးမှူး ဒေါ်ငွေကြည်အတွက် ဂုဏ်ပြုမှတ်တမ်းရေးသားမည့်အကြောင်း လောကချမ်းသာဆရာတော် ဦးဣန္ဒကကို လျှောက်ထားခဲ့ပါတယ်။
ဆရာတော်က “ဒကာမကြီးအကြောင်းကို ရေးမယ်ဆိုရင် ‘ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး’လို့ ခေါင်းစဉ်တပ် ရေးပါ”ဟု အမိန့်ရှိလိုက်ပါသည်။ကျွန်တော်မှ ခေါင်းစဉ်တပ်ရေးရမည့် အထောက်အထားများကိုလည်း မိန့်ကြားရန် လျှောက်ထားလိုက်ရာ ဆရာတော်က အောက်ပါအတိုင်း သမိုင်းကြောင်းကို ရှင်းပြတော်မူခဲ့ပါသည်။
“၁၉၈၃ ခုနှစ် ဇူလိုင်လ ၁၀ ရက် နယူးယောက်ကို စရောက်ပြီး Bronx မှာရှိတဲ့ ယိုးဒယားဘုန်းကြီးကျောင်းမှာ တည်းခိုရပါတယ်။ ဒီကျောင်းကို အေဘီဘီအေက ဝယ်ရန် စရံငွေ ပေးထားပြီး ဖြစ်တယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပထမဆုံးအကြိမ် နယူးယောက် ဝါဆိုပွဲတော် ကျင်းပခဲ့တယ်။ ဒီပွဲမှာ ဒကာမကြီးက ဝေယျာဝစ္စအားလုံးကို […]

အေဘီဘီအေ မြန်မာနှစ်သစ်ကူးပွဲတော် ဓာတ်ပုံသတင်း

၂၀၀၉ ခု ဧပြီလ ၁၁ ရက် စနေနေ့ လုပ်အားပေးသူ့လက်ရာအတာသင်္ကြန်တီရှပ်နဲ့ ဒီဇိုင်းဆရာ၂၀၀၉ ခု ဧပြီလ ၁၂ ရက် ပွဲတော်နေ့ လောကချမ်းသာဆရာတော်၏ အနုမောဒနာတရားတရားနာပရိတ်သတ်များတရားနာပရိတ်သတ်များဘုန်းကြီးဦးအဘယာလင်္ကာရမှ ရေစက်ချ ဆုတောင်း အမျှဝေ ချီးမြှင့်နှစ်သစ်ကူးပွဲတော်အလှူရှင်များမှ ရေစက်ချဂုဏ်ပြုလက်မှတ်ချီးမြှင့်အန္တရာယ်ကင်း ဘေးကင်း ပရိတ်ရေပက်ဖျန်း

တရားတော်မြတ်

တတိယသင်္ဂါယနာကို တင်တော်မူကြတဲ့အခါ အသောကမင်းတရားကြီးက ပစ္စည်းလေးပါး ပြည့်စုံအောင် ထောက်ပံ့ခဲ့တယ်။
သံဃာတော် အရှင်သူမြတ်များကို မေးလျှောက်တာတစ်ခုက – “အရှင်သူမြတ်တို့ဘုရား၊ ဗုဒ္ဓမြတ်စွာ ဟောပြတော်မူခဲ့တဲ့ တရားတွေဟာ ဘယ်လောက်ရှိပါသလဲ ဘုရား” တဲ့။
အဲဒီတော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သူမြတ်က အဖြေ ပေးတော်မူတယ်။
“ပိဋကတ်အားဖြင့် သုံးပုံတဲ့ – သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ပါပဲ။နိကာယ်အားဖြင့် ငါးရပ် – ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ ခုဒ္ဒကနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တုရနိကာယ် တို့ပါပဲ။အင်္ဂါအားဖြင့် ကိုးတန် – သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္တက၊ ဇာတက၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လ လို့ (၉)ပါး ဖြစ်ပါတယ်။ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိတယ်” လို့ ဖြေကြားခဲ့ပါတယ်။
ဂန္ထဝင်စာပေမှ ၂၀၀၈ ခုနှစ် မေလတွင် ပထမအကြိမ် […]