ဇဝနဟံသဇာတ်

၂၀၀၉ ခု မေလ ၂၄ ရက် တနင်္ဂနွေနေ့ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း စတုတ္ထနေ့
တရားစခန်း၏ စတုတ္ထနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဒုတိယ ဥက္ကဌ ဦးစိန်မြင့် နှင့် အသင်း အမှုဆောင် ဒေါ်လီလီဌေး မိသားစုမှ လွန်ခဲ့သော ဧပြီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် သားဖြစ်သူ ကိုပြည့်စုံမြင့်အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များနှင့် ယောဂီများအား လှူဒါန်း ဆက်ကပ်ခြင်း၊ ဧည့်ပရိတ်သတ်အား မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံခြင်း ပြုလုပ်ကြပါသည်။
အနုမောဒနာတရားကို ရွှေမင်းဝံဆရာတော်မှ ချီးမြှင့်ရာ သေခြင်းတရား၏ လျင်မြန်ပုံ ဇဝနဟံသဇာတ်ကို ဥပမာ ပေး၍ အသေမဦးခင် လောကီအကျိုး လောကုတ္တရာအကျိုး ရရှိအောင် ဆောင်ရွက်ကြရန် ဟောကြားသွားပါသည်။
အာယုက္ခယ-အသက်တမ်းကုန်၍ […]

ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း (၂)

၂၀၀၉ ခု မေလ ၂၂ ရက် ညနေ ၆း၃၀ နာရီ တရားပွဲ
(၅)ရက် တရားစခန်း၏ ဒုတိယနေ့ ညနေ ၆း၃၀ နာရီ တရားပွဲတွင် ရွှေမင်းဝံဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ တရားကြေညာချက်ကို ရှင်းလင်း ဟောကြားခဲ့ပါသည်။
သတိပဋ္ဌာန်တရား အားထုတ်လျှင် ရရှိနိုင်သော အကျိုးတရားများကို မြတ်စွာဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ်တော်တွင် တရားကြေညာချက်အဖြစ် ဦးစွာ ဟောကြားတော်မူခဲ့ပါသည်။
တရားကြေညာချက် ပါဠိ
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာသောက ပရိဒေဝါနံ သမတိက္ကမာယဒုက္ခ ဒေါမနသာနံ အတ္ထင်္ဂမာယဉာယဿ အဓိဂမာယနိဗ္ဗာနဿ သစ္ဆိကိရိယာယယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။
တရားကြေညာချက် အနက်
ရဟန်းတို့၊ လေးပါးကုန်သော စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု ဟူသော အကြင်သတိပဋ္ဌာန်တို့သည် ရှိကုန်၏။စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု သတိပဋ္ဌာန်ဟူသော ဤအကျင့်လမ်းသည် ဘုရား […]

ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေမင်းဝံသာသနာ့ရိပ်သာကျောင်းတိုက်ကြီး၏ ပဓာန နာယကဖြစ်တော်မူသော ရွှေမင်းဝံဆရာတော် ဘဒ္ဒန္တသောဘနသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း လောကချမ်းသာဘုရားကျောင်းတော်ကြီး၌ ၂၀၀၉ ခု မေလ ၂၁ ရက်မှ ၂၅ ရက်ထိ (၅)ရက် တရားစခန်းကို ကမ္မဋ္ဌာနာစရိယ ဆရာတော်အဖြစ် ဟောကြား ညွှန်ပြလျက် ရှိပါသည်။
တရားစခန်းရက်များအတွင်း ညနေ အထူးတရားပွဲများသို့လည်း ဓမ္မမိတ်ဆွေများ ကြွရောက် နာယူနိုင်ကြပါသည်။
၂၀၀၉ ခု မေလ ၂၁ ရက် ညနေ ၆း၃၀ နာရီ အထူးတရားပွဲတွင် ဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ အာနိသံသကထာ-အကျိုးအာနိသင်ပြ မိန့်ခွန်းတော်ကို ရှင်းလင်း ဟောကြားသွားခဲ့ပါသည်။
အကျိုးအာနိသင်ပြ မိန့်ခွန်းတော်
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ ဖြစ်သော ပုဂ္ဂိုလ်သည် ကာယာနုပဿနာသတိပဋ္ဌာန် […]

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် ဓာတ်ပုံသတင်း

ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းက ၂၀၀၉ ခု မေလ ၁၀ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
လောကချမ်းသာ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီး၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး

သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကာ

အနုမောဒနာတရား နာကြားကြ၍

ရေစက်သွန်းချ ကုသိုလ်အမျှ ပေးဝေကြ၏

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဆရာစော။ ။ “ဗျာဒိတ်တော်ခံ၊ ဖွားပွင့်စံ၊ ဟောညွှန် ဗုဒ္ဓဝံသ ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” တဲ့ ဗျ။
ဆရာဇေ။ ။ ‘ကဆုန်လ’က တဆယ့်နှစ်လရှိတဲ့အနက် အတော် ထူးခြားတဲ့ လလို့ ဆိုရမှာပေါ့ဗျာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အလောင်းတော်ဘဝရော၊ ပါရမီဖြည့်တော်မူစဉ်ကရော၊ ဘုရားဖြစ်တဲ့အချိန်မှာရော ဖြစ်တော်စဉ်ကြီး ငါးပါးနဲ့ ဆုံဆည်း ကြုံကြိုက်တာ မဟုတ်လား။
ဆားပုလင်း ခင်မောင်ဝင်း။ ။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်” လမြတ်ဝါဆိုက ဖြစ်တော်စဉ် သုံးပါး၊ ကဆုန်လက ဖြစ်တော်စဉ်ကြီး ငါးပါးဆိုတော့ အမြတ်ဆုံးလ၊ ထူးခြားတဲ့ ကဆုန်လလို့ ပြောရမျာပေါ့ဗျာ။ ကဲ .. ကဆုန်လရဲ့ ဖြစ်တော်စဉ်ကြီးတွေကို ရှင်းစမ်းပါဦး။
ဆရာစော။ ။ […]

ဝိဝဋ္ဋနိဿိတ ဆုတောင်း – မဟာစည်ဆရာတော်ဘုရားကြီး

ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။ဒီက နားထောင်ကြည့်နေတယ်။ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။
“ညာတော အတ္ထော သုခါဝဟော”တဲ့။ညာတော-သိအပ်သော၊ အတ္ထော-အနက်သည်၊ သုခါဝဟော-ချမ်းသာကို ဆောင်တတ်၏ […]

ဘိက္ခုသုံးမျိုး – မဟာစည်ဆရာတော်ဘုရားကြီး

“ဘိက္ခု”ဆိုတာ အကျဉ်းချုပ်အားဖြင့် သုံးမျိုးလောက် ရှိပါတယ်။
“ဘိက္ခတိ ယာစတီတိ ဘိက္ခု” တဲ့။တောင်းတတ် အလှူခံတတ်လို့လဲ ဘိက္ခုလို့ ခေါ်တယ်တဲ့။
“ဘယံ ဣက္ခတီတိ ဘိက္ခု” တဲ့။ဘယံ-ဘေးကို၊ ဣက္ခတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏ တဲ့။ဘေးကို ရှုတတ်လို့တဲ့။ သံသရာဘေးတွေကို ရှုမြင်တတ်တယ်တဲ့။သံသရာမှာ ဘဝအသစ်ဖြစ်ရင် ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ အဲဒီ ဘေးတွေကို မြင်တတ်လို့ ဘိက္ခုပဲတဲ့။သံသရာဘေးတွေကို မြင်ပြီး သံသရာဘေးတွေက လွတ်မြောက်အောင် ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ် ‘ဘိက္ခု’လို့ ခေါ်တယ်။သင်္ကန်းဝတ်ထားသည်ဖြစ်စေ၊ မဝတ်ထားသည်ဖြစ်စေ သံသရာဘေးက လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတွေ ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ‘ဘိက္ခု’လို့ ခေါ်တယ်။
“ကိလေသေ ဘိန္ဒတီတိ ဘိက္ခု” တဲ့။ကိလေသေ-ကိလေသာတို့ကို၊ ဘိန္ဒတိ-ဖျက်ဆီးတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏။ကိလေသာ ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်၊ ဒါကတော့ […]

ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး ဒေါ်ငွေကြည် (၂)

စာရေးသူနှင့် သေမင်းတမန်
ကျွန်တော်၏ ဖြစ်ရပ်သည် တိုက်ဆိုင်မှုတွေ ရောပြွမ်းနေခြင်းကြောင့် ဘယ်တော့မှ မမေ့။
ကျွန်တော် အင်းစိန်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ရုံးတက်စဉ် ဌာနမှူးက နောက်နေ့နံနက် မကွေးတိုင်းကို ထွက်ခွာရန် တာဝန်ပေးပါသည်။ရန်ကုန်ထဲတွင် လုပ်လက်စ ကိစ္စများကို ရွှေ့ဆိုင်းထားရပြီးနောက် နေ့လယ်ပိုင်းတွင် ရွှေတိဂုံဘုရားကို တက်၍ ဖူးခဲ့၏။ ထိုစဉ် ရေဒီယိုမှ ၇၅-ကျပ်တန်များ တရားမဝင်ကြောင်း ကြေညာ၏။ ဘုရားရင်ပြင်ပေါ်တွင် လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ တောင်ဖက်မုခ်သို့ ဆင်းပြီး ရေဒီယိုနားထောင်နေရင်းက ပန်းသည်များ၊ လက်လုပ်လက်စား ဈေးသည်များ ငိုသူက ငိုနှင့် မြင်ကွင်းက စိတ်ချမ်းသာစရာ တကွက်မှ မရှိ။ ထို့ကြောင့် သမ္မတကြီး ဦးနေဝင်းကို နေ့စဉ် မေတ္တာပို့နေရာက ထိုနေ့က […]