Community Health Fair by MAMS (www.mamsus.org)

ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးစစ်ပေးခြင်း
မြန်မာ အမေရိကန် ဆေးပညာပေးအဖွဲ့ (The Myanmar American Medical Education Society Inc.) က နှစ်စဉ် ဆောင်ရွက်ပေးမြဲဖြစ်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆေးစစ်ပေးခြင်းတို့ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ –
(က) အဝလွန်ခြင်း(ခ) သွေးတိုးရောဂါ(ဂ) ဆီးချို သွေးချိုရောဂါ(ဃ) Cholesterol(င) အသဲရောဂါ ဘီပိုး ရှိ,မရှိ(စ) အထွေထွေ ကျန်းမာရေး အသိပညာပေးခြင်း(ဆ) ကင်ဆာရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း(ဇ) ကျန်းမာရေးအာမခံ (Health Insurance) နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို မြန်မာ အမေရိကန် […]

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ

အမေရိကန် အရှေ့ခြမ်းတွင် မြန်မာ ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် စတင် ဆောင်ရွက်ခဲ့သူမှာ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၉၇၉ ခုနှစ်တွင် အမေရိကန်ပြည်သို့ သာသနာပြုခရီး ကြွရောက်တော်မူခဲ့ပြီး မြန်မာ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ ဖွဲ့စည်း တည်ထောင်ကြရန် တိုက်တွန်း မိန့်ကြားတော်မူခဲ့ပါသည်။ နောက်ပါ သံဃာတော် နှစ်ပါးကိုလည်း အမေရိကန်ပြည် အရှေ့ဖက်ခြမ်းတွင် တစ်ပါး၊ အနောက်ဖက်ခြမ်းတွင် တစ်ပါး ချန်ထားရစ်ပြီး မျိုးစေ့ချပေးခဲ့ရာ ၁၉၈၁ ခုနှစ်တွင် နယူးယောက်မြို့၌ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းနှင့် လောကချမ်းသာဘုရားကျောင်း ပေါ်ပေါက်လာခဲ့ပါသည်။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နှစ်စဉ် ကျင်းပပြုလုပ်မြဲ ပွဲတော်များအနက် ၂၀၀၄ ခုနှစ် မတိုင်မီအထိ၊ သြဂုတ်လတွင် ကျင်းပသော ပွဲတော်မှာ လောကချမ်းသာဆရာတော်၏ မွေးနေ့ […]