ကိုးကွယ်တည်ထား ရုပ်ပွားစေတီ – အရှင်ပညာသီဟ

တည်ဆောက်မည့် အစီအစဉ်ရှိသည်ဟု သိရသလို တည်ဆောက်တော့မည်ဖြစ်ကြောင်း ကြေညာချက်ကိုလည်း ရရှိခဲ့သည်။ဆင်းတုတော် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သတင်းရသည့်အခါ သွားရောက်လေ့လာရန် ဆန္ဒ္ဒရှိခဲ့သည်။ သွားကြည့်မည် … သွားကြည့်မည်ဟု စိတ်က ရည်ရွယ်ခဲ့သော်လည်း ဆင်းတုတော် တည်ဆောက်နေဆဲကာလတွင် မရောက်ဖြစ်ခဲ့၍ ဘယ်သူတည်ဆောက်နေပြီး ဘယ်လိုတည်ဆောက်သည်ကို မသိခဲ့။
ဆင်းတုတော်ဖွင့်ပွဲဖိတ်စာ ရောက်လာမှ အော် .. ပြီးပြီပဲ၊ မသွားလို့ မဖြစ်၊ သွားဖြစ်အောင် သွားရမည်ဟု ဆုံးဖြတ်ကာ ဦးသောဘန၊ ကားမောင်းပို့သူ ကေဗင်တို့နှင့်အတူ စက်တင်ဘာလ ၂၆ ရက်နေ့က ဆင်းတုတော်ဖွင့်ပွဲသို့ သွားရောက်ခဲ့သည်။ ကျောင်းမှ ၃၅ မိနစ်ခန့် ကားမောင်းပြီးနောက် ဆင်းတုတော်တည်ရှိရာ ၁၀-ဧကခန့် ကျယ်ဝန်းသော ကျောင်းဝင်းအဝင်ဝသို့ ရောက်ရှိသည်။
ကျောင်းဝင်းအတွင်း၌ သာသနာ့အလံများဖြင့် ဝေဝေဆာဆာ တန်ဆာဆင်ထားသည်ကို တွေ့ရသည်။မြေလမ်း ခပ်ကြမ်းကြမ်းကို သတိထား မောင်းစဉ် မျက်လွှာပင့်ကြည့်လိုက်သည့်အခါ […]