အိုနာသေကင်းရေးတရားပွဲ – မဟာစည်ဆရာတော်ဘုရားကြီး

….. မြတ်စွာဘုရား၏ အဆုံးအမ အကျဉ်းချုပ် ဟောရမှာပဲ။မြတ်စွာဘုရားက တရားဟောတာဟာ ဘာအတွက်လဲလို့ဆိုတော့ သတ္တဝါတွေ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ နိဗ္ဗာန်ကို ရောက်အောင်လို့ ဟောတော်မူတယ်။သတ္တဝါတွေ မအိုရအောင်၊ မနာရအောင်၊ မသေရအောင် အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ တရားကို ရအောင် ကျင့်နိုင်ဖို့ ဟောတော်မူခဲ့တယ်။တရားနာတဲ့ပုဂ္ဂိုလ်တွေမှာလဲ အဲဒါဟာ ရည်ရွယ်ရင်း အရင်းခံပဲ။ဒိပြင်ဟာတွေက လိုရင်း မဟုတ်ဘူး။ အိုခြင်း နာခြင်း သေခြင်း ကင်းဖို့ရာက အရေးအကြီးဆုံးပဲတဲ့။ အရေးမကြီးဘူးလား။ (အရေးကြီးပါတယ် ဘုရား)
ဘယ်သူမှ မအိုချင်ကြဘူး။ မအိုအောင်လို့ နုနုပျိုပျို ပုဂ္ဂိုလ်တွေက မိမိကိုယ်ကလေးကို ယုယုယယနဲ့ ပြုပြင်ပြီး နေကြတယ်။ ဒါပေမယ်လို့ အသက်အရွယ်ကြီးလာတော့ အိုတော့တာပဲ။ အဖွားကြီးတွေ အဖိုးကြီးတွေ မြင်မကောင်းအောင်လို့ကို အိုသွားကြတာပါပဲ။မကျန်းမမာ နာဖျားမှုလဲ […]

အဘိဓမ္မာသင်တန်း – မိတ်ဆက်နိဒါန်း

အဘိဓမ္မာသင်တန်း မိတ်ဆက်နိဒါန်းတွင် –
(၁) ဘုရားရှင် ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်မြတ်များကို သံဃာတော်အရှင်မြတ်တို့က မည်ကဲ့သို့ မှတ်တမ်းတင် ထိန်းသိမ်းလာခဲ့ကြပုံ။(၂) ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်အကြောင်း။(၃) အဘိဓမ္မာအကြောင်း။(၄) သုတ္တန်နှင့် အဘိဓမ္မာ ကွဲပြားပုံ။(၅) အဘိဓမ္မာတတ်ဖို့ လိုအပ် မလိုအပ်။(၆) အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ။(၇) မြန်မာနိုင်ငံနှင့် အဘိဓမ္မာ။(၈) အနောက်နိုင်ငံနှင့် အဘိဓမ္မာ။(၉) ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာအကြောင်းနှင့်(၁၀) ကိုယ့်ခန္ဓာနှင့် အဘိဓမ္မာအကြောင်းတို့ကို လေ့လာ မှတ်သား နာယူကြရ၏။
+++++
(၁)
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး (၃)လကျော်ကျော် ရှိသောအခါ အရှင်မဟာကဿပအမှူးရှိသော ရဟန္တာငါးရာတို့ စုဝေးကြ၍ မြတ်စွာဘုရားဟောတော်မူသော တရားတော်များကို စုဆောင်း စိစစ်ကြကာ မြတ်စွာဘုရားဟောတော်မူသည့် တရားစစ်မှန်သည်ဟု ကျေနပ် လက်ခံကြသည့်အတွက် ‘သံ’-အတူတကွ စုပေါင်း၍ ‘ဂါယနာ’-ရွတ်ဆိုတော်မူကြသည်။ ဤကား ပထမ သံဂါယနာ တည်း။
မြတ်စွာဘုရား […]

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၇-ဇွန်-၀၉)

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ်မြတ်၏ သာရဏီယသြဝါဒကထာ –
၁၃၇၁ ခုနှစ်၊ ဝါဆိုလဆန်း ၆-ရက် (၂၇-၆-၂၀၀၉) စနေနေ့
ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးသို့ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို အလေးဂရုပြုကာ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဆရာတော် အရှင်မြတ်တို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြလျက် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး သန့်ရှင်း စင်ကြယ်အောင်၊ အရှည်ခံ၍ တည်တံ့အောင်၊ စည်ပင်ပြန့်ပွား ထွန်းကားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု အာသီသ […]

သီချင်းသံနှင့် ဟောခြင်း အပြစ်ငါးပါး

၁။ မိမိကိုယ်တိုင်လည်း ထိုအသံ၌ သာယာပြီး တဏှာကို ပွားစေတတ်ခြင်း။၂။ ဣနြေ္ဒနုသော သူတပါးကိုလည်း ထိုအသံ၌ သာယာပြီး တဏှာကို ပွားစေတတ်ခြင်း။၃။ ဣနြေ္ဒကြီးသော လူကြီးလူကောင်း၊ ဆရာတော် သမားတော်အပေါင်းက ကဲ့ရဲ့တတ်ခြင်း။၎။ သီချင်းသံ မပါပါအောင်၊ နားထောင်၍ မကောင်းကောင်းအောင် အသံရှည်ကြီး ဆွဲပြီး အသံလုပ်၍ ဟောသော ဓမ္မကထိကမှာ တည်ကြည်ခြင်း မရှိဘဲ သမာဓိလည်း ပျက်တတ်ခြင်း။၅။ နောင်လာနောက်သားများလည်း ထိုနည်းကို အကောင်းမှတ်ပြီး အတုလိုက်တတ်ခြင်း။
+++++စာကိုးပထမကျော်ပြန် အရှင်ဓမ္မတိဏ္ဏ၏ စံပြ ဝိသုဒ္ဓါရုံတရားပေါင်းချုပ်၊ စာ-၉၃၂၂၀၀၁ ခု နိုဝင်ဘာလ၊ ဒုတိယအကြိမ်ထုတ်

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၈-ဖေဖော်ဝါရီ-၀၉)

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ဘုရားကြီး၏ သာရဏီယသြဝါဒကထာမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၅ ရက်၊ ၂၈-၂-၂၀၀၉ စနေနေ့
ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်နယ် တိုင်း အသီးသီးတို့မှ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြု စိတ်ဓာတ် အပြည့်အဝထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင်ဖြစ်တော်မူကြသည့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဘုရားကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော်ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့စွာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သပါသည် ဘုရား။
ဆရာတော်ဘုရားများနှင့် ယခုလို တစ်နှစ်လျှင် တစ်ကြိမ်ကျ […]

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၅-ဖေဖော်ဝါရီ-၀၉)

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် ဘဒ္ဒန္တကုမာရမဟာထေရ်၏ သာရဏီယ သြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၂ ရက် (၂၅-၂-၂၀၀၉) ဗုဒ္ဓဟူးနေ့
နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။ဆရာတော် အရှင်မြတ်တို့ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့်အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ဝုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ဝုဒ္ဓိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နောပရိဟာနိ” (ဒီ၊ ၂၊ ၆၅)ဟူသော ဘိက္ခု အပရိဟာနိယ […]

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၂-နိုဝင်ဘာ-၀၈)

ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေး သဘာပတိ၊ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
“ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ အားပေးချီးမြှောက်ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံတော်မူကြ၍ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွား တိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေ” ဟု အာသီသပတ္ထနာ ပြုလျက် နှုတ်ခွန်းဆက်စကား လျှောက်ထားပါသည် ဘုရား။
ဆရာတော် […]

တရားစာကို သဒ္ဓါနှင့် ရွတ်ပါ – သပြေကန်ဆရာတော်ကြီး

တရားတော်ကို ဒကာ၊ ဒကာမများ အားလုံးက အလေးပြုရမည်။ ရွတ်ဖတ်ဖို့ရန် မပျင်းသင့်သလို ကျက်မှတ်ဖို့ရန်လည်း မပျင်းရပေ။
အစွမ်းသတ္တိရှိသော တရားဓမ္မများ ရွတ်ဖတ် ပူဇော်နေလျှင် ထိုတရားဓမ္မများကို အကြောင်းပြု၍ မိမိတို့ သန္တာန်၌ နှစ်သက် ရွှင်လန်း ဝမ်းမြောက်ရ၏။
တရားတော်၏ အစွမ်းသတ္တိ အရှိန်အဝါတို့ကြောင့် မိမိတို့၌ ရောဂါ ကင်းနိုင်၏။ အန္တရာယ် ကင်းနိုင်၏။ လာဘ်လာဘ တိုးနိုင်၏။
ထိုသို့ပင် ဖြစ်သော်လည်း မိမိတို့၌ အန္တရာယ်ကင်းစေရန်၊ လာဘ်သပ်ပကာ တိုးပွားစေရန်၊ စီးပွားတိုးတက်များပြားစေရန် စသည့် လိုလားမှုဖြင့် မရွတ်ဖတ်ရပေ။
ထိုတရားဓမ္မတို့အပေါ်တွင် ကြည်ညိုလေးစား မြတ်နိုးသည့် သဒ္ဓါစိတ်ထားဖြင့် ရွတ်ဖတ် ပူဇော်သမှု ပြုရပေမည်။
+++++စာညွှန်းအပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၉၊ အတွဲ (၁၀) အမှတ် (၈)၊ စာ-၅၉