ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း – သပြေကန်ဆရာတော်ဘုရားကြီး

ရဟန်းတို့ … မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်လာဖို့ရာ၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ရာ အကြောင်းက ဘာလဲ?ရဟန်းတို့ … ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသော တရား၊ အပြစ်မရှိသော တရား၊ ယုတ်သော တရား၊ မြတ်သော တရား၊ မည်းညစ်သော အဖို့ရှိသော တရား၊ ဖြူစင်သော အဖို့ရှိသော တရားတွေ ရှိနေကြတယ်။ထိုတရားတို့၌ သင့်တင့်သော အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု များစွာ ပြုပြင်ခြင်းမှာမဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့၊ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ အကြောင်းပင် ဖြစ်ပါတော့တယ်။
ဒီ ဒေသနာတော်လာ တရားတွေက ‘ကုသိုလ်’ ‘အကုသိုလ်’ တရားတွေပါပဲ။ဒီတရားတွေမှာ ‘အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု’ဆိုတာ ဒီတရားတွေရဲ့ သဘောကို သိအောင်ပြုမှုကို ဆိုပါတယ်။
ဒီတရားတွေမှာ သဘာဝလက္ခဏာခေါ်တဲ့ ကိုယ်ပိုင် […]

ဉာဏ်ဖြစ်ကြောင်း ခုနစ်ပါး – မဟာစည်ဆရာတော်ဘုရားကြီး

….. မြတ်စွာဘုရားဟောတဲ့ ဒေသနာကတော့ တစ်လုံးတည်းပဲ။ အဲဒီ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်ဆိုရင် ယောနိသော မနသိကာရပဲတဲ့။ နှလုံးသွင်းမှုပဲတဲ့။ အဋ္ဌကထာကတော့ အကြောင်း ၇-ပါး ပြထားပါတယ်။
(၁) ပရိပုစ္ဆကထာ – မေးမြန်းရမယ် တဲ့။(၂) ဝတ္ထုဝီသတကြိယာ – ဝတ္ထုစင်ကြယ်အောင် သန့်ရှင်းအောင် ပြုခြင်း။(၃) ဣန္ဒြိယ သမတ္တာပဋိကာရဏာ – ဣနြေ္ဒညီမျှအောင်ပြုခြင်း။(၄) ဒုပ္ပညပုဂ္ဂလာ ပရိဝဇ္ဇနာ – ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။(၅) ပညဝန္တပုဂ္ဂလ သေဝနာ – ပညာရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲခြင်း။(၆) ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခနာ – နက်နဲသော ဉာဏ်၏ ကျက်စားရာဖြစ်တဲ့ တရားတွေကို ဆင်ခြင်ခြင်း။(၇) တစဒိမုတ္တတာ – ညွှတ်ကိုင်းသော စိတ်ရှိရမယ် တဲ့။
ဒီတော့ ဆောင်ပုဒ်လေး ပေးပြီးမှ ဟောရမယ်။
‘မေးမြန်း’‘သန့်စင်’၊ […]

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ ပျံလွန်တော်မူခြင်း

ပြည်တွင်း ပြည်ပ မဟာစည်နာယက၊ ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ၂၀၀၉ ခု နိုဝင်ဘာလ ၂၄ ရက် အင်္ဂါနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရပါသည်။
ဖြူးဆရာတော်သည် ၁၉၉၉ ခုနှစ်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ စသည့် နိုင်ငံများသို့ ရှစ်လကြာ ဓမ္မဒူတခရီး လှည့်လည်၍ ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။ထိုစဉ်က ဖြူးဆရာတော်သည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးခိုက် တရားချစ်ခင် သူတော်စင်တို့အား ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။ ပြည်ပခရီးစဉ်များ ပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသောအခါ ပြည်တွင်းတရားပွဲများတွင် လောကချမ်းသာစေတီတော်ကြီး အောင်မြင်စွာ […]

ဉာဏ်ပါတဲ့ ကုသိုလ်

“ဘုန်းကြီးတို့ကို ဆရာသမားများက သင်ကြားခဲ့တယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့အခါ စိတ်ပါလက်ပါနဲ့ ရိုရိုသေသေ လေးလေးစားစား လုပ်ရတယ်။ ဘာကုသိုလ်ပဲ လုပ်လုပ်။ဘုန်းကြီးတို့ မန္တလေးမှာ … ရှေးက … ဒီလို အဆို အဆုံးအမတွေကို နာခံထားရတဲ့သူတွေဟာ … မရှိဆင်းရဲလို့ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေကို ပေးကမ်း လှူဒါန်းတာတောင်မှ စီးထားတဲ့ ဖိနပ်လေး ချွတ်ပြီး အလှူငွေ တစ်ပြား တစ်မတ်ကို လက်ကလေးနှစ်ဖက်နဲ့ ကိုင်ပြီး ရိုရိုသေသေ ပေးကမ်း လှူဒါန်းကြတယ်။ဘုန်းကြီးတို့ ကိုယ်တိုင်လဲ ဒီလို ဆိုဆုံးမမှုတွေကို နာယူခဲ့ရတော့ ကိုရင်လေးတစ်ပါးကို သင်္ကန်းလှူတာတောင် … ‘ကိုရင်လေး ဒီကိုကြွ၊ ဟောဒီနေရာမှာ ထိုင်’ ဆိုပြီး ကိုရင်ကလေးပင်ဖြစ်လင့်ကစား အလှူခံပုဂ္ဂိုလ်ကို တလေးတစားနဲ့ ရိုရိုသေသေ လှူဒါန်းပါတယ်။”
(မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ)
+++++
၂၀၀၉ ခု နိုဝင်ဘာလ […]

ဤခရီး နီးလာပြီ – အရှင်အဘယာလင်္ကာရ

၂၀၀၉ ခု အောက်တိုဘာလ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ပျံလွန်တော်မူသွားသော ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းရှိ ပုညာရာမ မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော် အရှင်ပုညာနန္ဒကို ရည်စူးပြီး၊ ဆရာတော်၏ တပည့် ဒကာ ဒကာမ မိသားစုများက ဦးဆောင်ကာ ၂၀၀၉ ခု နိုဝင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့မှာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် ၇ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်ကို မြန်မာထမင်းဟင်း မြန်မာမုန့်မျိုးစုံတို့နှင့် ကျွေးမွေးဧည့်ခံ ကောင်းမှု ကုသိုလ် ပြုလုပ်ကြ၏။
ဘော်စတွန်မြို့၊ မဟာစည် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ဘုန်းကြီး ဦးအဘယာလင်္ကာရမှ “ဤခရီး နီးလာပြီ”ဟူသော တရားချီးမြှင့်၏။
….. ဘုန်းကြီး မနက်က ဆရာတော် ဦးပုညာနန္ဒရဲ့ […]

ယုံရမလိုလို – အရှင်ပညာသီဟ

အယူသည်းတယ်ပဲဆိုဆို အတိတ်နိမိတ်ကို ယုံတယ်ပဲ ပြောပြော၊ အဖြစ်အပျက်ကလေး တစ်ခု မှတ်မှတ်ရရ ရှိခဲ့ပါသည်။
စာရေးသူအနေဖြင့် စိတ်ထဲတွင် ထူးခြားသည်ဟု ယူဆမိသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်လို၍ ပက္ခဒိန်တွင် ရေးခြစ် မှတ်ထားလေ့ရှိပါသည်။ ထို့ကြောင့် နောင်တချိန် ပက္ခဒိန်အဟောင်းများကို ပြန်ကြည့်သည့်အခါ ထိုအဖြစ်အပျက်များကို ပြန်လည် မှတ်မိ သိရှိရသည်။
၁၉၉၉ ခုနှစ်ကတည်းက အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာအတွင်း စေတီတော်နှင့် ကျောင်းဆောင် တည်ဆောက်ရန် မြို့နယ် မြို့ပြစီမံကိန်းအဖွဲ့မှ ခွင့်ပြုချက် ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ငွေရေးကြေးရေး အခြေအနေအရ အဆောက်အဦနှစ်ခုလုံးကို တပြိုင်တည်း တည်ဆောက်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ကြောင့် အသင်းအနေဖြင့် စေတီတော် တည်ဆောက်မှုကို ပထမပိုင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ကာ ကျောင်းဆောင်တည်ဆောက်မှုကို ဒုတိယပိုင်း […]

နံနံပင် မကြိုက်သော ဆရာတော်နှင့် တံခါး ၆ ပေါက်

၂၀၀၉ ခု နိုဝင်ဘာလ ၁၄ ရက် စနေနေ့ အဘိဓမ္မာသင်တန်းတွင် ဝိပါက်စိတ်နဲ့ ကြိယာစိတ်အချို့ အကြောင်းကို လေ့လာကြရ၏။
….. ဒီနေ့ လေ့လာမယ့် စိတ် အားလုံးကို ‘အဟိတ်စိတ်’လို့ခေါ်တယ်။ အဟိတ်စိတ်အားလုံး ၁၈-ပါး ရှိတယ်။‘ဟိတ်’ဆိုတာ ‘ဟေတု’က လာတာ။ ‘မူလ၊ အရင်းအမြစ်’လို့ ဆိုလိုတယ်။ ‘ဟိတ်’ ၆-ပါး ရှိတယ်။လောဘရယ်, ဒေါသရယ်, မောဟရယ် … သူတို့က အကုသိုလ်ဟိတ်။ ပြီးတော့ သူရဲ့ ဆန့်ကျင်ဘက် အလောဘရယ်, အဒေါသရယ်, အမောဟရယ် .. သူတို့ကတော့ ကုသိုလ်ဟိတ်။
‘ဟိတ်’နဲ့ မယှဉ်တာကို ‘အဟိတ်’လို့ ခေါ်တယ်။ ဒီ‘အဟိတ်စိတ်’တွေ ဖြစ်တဲ့အခါကျတော့ ဒီဟိတ်တွေ တစ်ခုမှ မပါဘူး။ သူတို့က တခြား ကုသိုလ်ဟိတ်၊ အကုသိုလ်ဟိတ်တွေကြောင့် ဖြစ်တဲ့ “အကျိုး”တွေဖြစ်တယ်။ […]

သမန်းမြက်ကို ယူဆောင်တတ်တဲ့သူ

မိလိန္ဒမင်း။ ။ အရှင်ဘုရားနာဂသေန … မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိအပ်ပါသလော?
အရှင်နာဂသေန။ ။ မင်းမြတ် … မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိ၏။
မိလိန္ဒမင်း။ ။ အရှင်ဘုရားနာဂသေန … မြတ်စွာဘုရား ခဲယဉ်းစွာ ပြုခဲ့သော အရာသည် အဘယ်နည်း?
အရှင်နာဂသေန။ ။ မင်းမြတ် … မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်, စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း” ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်၏။
မိလိန္ဒမင်း။ ။ ဥပမာ ပြုတော်မူပါဦးလော့ […]

မကွေးမြို့ ဆရာတော်ကြီး၏ သြဝါဒ – (၇-နိုဝင်ဘာ-၀၉)

ဆဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးသဘာပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရ၏ သာရဏီယ သြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဆရာတော်အရှင်မြတ်တို့ဘုရား –
သံဃာ့အဖွဲ့အစည်း ဖွဲ့စည်း၍ သာသနာတော်သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရာ ရှေးဦး အစပိုင်း အချိန်က ရဟန်းတု၊ ရဟန်းယောင်များ ပပျောက်သလောက် ဖြစ်၍ သမဏသာရုပ္ပ မရှိသော ရဟန်းတော်များလည်း နည်းပါးလာခဲ့ပါသည်။ပရိယတ္တိသာသနာတော်၏ အညစ်အကြေး ဘေးရန်ဖြစ်သော အဓမ္မဝါဒများကိုလည်း ပိတ်ပင် ဟန့်တား ပယ်ရှားနိုင်ခဲ့ပါသည် ဘုရား။
ယခုအခါ ပရိယတ္တိသာသနာတော်၏ ဘေးရန်ဖြစ်သော “အဓမ္မဝါဒ”ဟု ဆုံးဖြတ်ခဲ့ပြီးသော ဝါဒများ တစ်စတစ်စ ခေါင်းထောင်လာပြန်ပါသည်။အချို့က မထင်မရှား ဟောပြောကြသည်။အချို့က အထင်အရှား ဟောပြောကြသည်။အချို့က သင်တန်းဖွင့်၍ ပြသကြသည်။အဓမ္မဝါဒအဖြစ် […]

အဘိဓမ္မာညဝါကျမ်းများနှင့် ညဝါအကြောင်း သိကောင်းစရာများ

“ညဝါဆိုဖို့ မောင်တို့တောင်မြို့ကို သွား။သူ့စနစ်က သူ့ခေတ်တံခွန်ထူလို့မို့တလူလူ ဝင့်ကာကြွားတယ်ရှားတဲ့လူသား။”
အမရပူရတောင်မြို့ကို အဘိဓမ္မာညဝါဘက်တွင် သူမတူ တတ်မြောက်အောင် ပို့ချပေးသော မြို့တော်ဖြစ်သောကြောင့် အဘိဓမ္မာညဝါမြို့တော်ဟု အသိအမှတ်ပြုခြင်း ခံရလေသည်။
ပခုက္ကူမြို့ဆိုလျှင် ပိဋကတ်ပင်လယ် နိကာယ်သမုဒ္ဒရာကြီးတွေကို တစ်ဖက်ကမ်းရောက် ပေါက်မြောက်အောင် ပို့ဆောင်ကူးခတ်ပေးသော မြို့ဟူ၍ အသိအမှတ်ပြုခြင်း ခံရပြီး၊ ယခင်တချိန်က တကယ် တော်ခဲ့ ကျော်ခဲ့သော ဆရာတော်များမှ နိကာယ်စာဝါကြီးခေါ် ကျမ်းကြီးများကို ဖောက်ပေးခဲ့သည်။ ကျမ်းအိပ်များကို နှိုးပေးခဲ့ပါသည်။
မန္တလေးမြို့တော်ကြီးကိုမူ ကူးနည်းခတ်နည်း နိဿရည်းမျိုးစုံ ကုံလုံကြွယ်ဝ အတတ်ပညာစုံ ရသော ဌာနကြီးဟူ၍ အသိအမှတ် ပြုကြရပါသည်။
ညဝါဟု ခေါ်ကြသော စာဝါများမှာ –(၁) မာတိကာဓာတုကထာ(၂) ယမိုက်ကျမ်း(၃) ပဋ္ဌာန်းကျမ်း ဟု သုံးမျိုး သုံးစား ရှိပါသည်။
ညဝါဆိုသည်မှာ ညပိုင်းကာလကျမှ စာမကြည့်ဘဲ အလွတ်ဆိုရသော စာဝါ ဖြစ်သည်။ထို့ကြောင့် ညဝါဟု […]