ပြင်စမ်းစေချင် စိတ်အစဉ်

ဆရာစော။ ။ ကဲ … ဆရာဇေ တက်နေတဲ့ အဘိဓမ္မာသင်တန်းမှာ စိတ်ပိုင်းပို့ချချက် ပြီးသွားပြီလို့ ကြားတယ်။
ဆရာဇေ။ ။ ဟုတ်တယ်ဗျ … အမှန်ဆို ဒီဇင်ဘာ ၁၉ ကတည်းက ပြီးရမှာ။ အဲဒီနေ့က နှင်းမုန်တိုင်းကျပြီး ရာသီဥတု မကောင်းတာကြောင့် သင်တန်းနဲ့ စနေနေ့တရားပွဲ ပျက်သွားတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှပဲ စိတ်ပိုင်းပို့ချချက် အဆုံးသတ်တာပေါ့။
ကဖိုးထိန်။ ။ ဆရာဇေ မှတ်လာ သင်လာတာလေးတွေ ကြားချင်ပါသေးတယ်။ ‘စာ’နာပွဲပေါ့ ဆရာဇေ။
ဆားပုလင်းခင်မောင်ဝင်း။ ။ နာပါရစေမယ် ကဖိုးထိန်။ ဆရာဇေတင်မကဘူး … ဒီနေ့တော့ ကျွန်တော်ပါ စာဖတ်သူအနေနဲ့ ဖတ်ပြဖို့ စာတစ်အုပ် ယူလာပါသေးတယ်။
ကဖိုးထိန်။ ။ ဘာစာအုပ်များလဲ?
ဆားပုလင်း။ ။ အားလုံး ဖတ်ပြီးသား ဖြစ်မယ့် စာအုပ်ပါ။ […]

ဒေါသရှေ့ထား သူ့အမှား

….. အရှင်မဟာပါလမထေရ်က မိမိကိုယ် မိမိ ပြန်မေးတယ်။ … အို မဟာပါလ … သံသရာမှာ မျက်စိကွယ်ပေါင်း များခဲ့ပြီ။ အမှန်ကို မမြင် မသိခဲ့သော အမှောင်ထုမှ လွတ်မြောက်ရန် ဖြစ်သည့် တစ်ခုတည်းသော လမ်းပေါ်၌ လျှောက်နေသော ငါ့အတွက် ရပ်နေရန်လည်း မသင့်။ နောက်ပြန်ဆုတ်ရန်ဆိုသည်ကိုတော့ ထည့်၍ပင် မစဉ်းစား … အဝေးကြီး ဝေးပေပြီ။ ငါ့အတွက် ခရီးရှေ့ဆက်ရန်သာ ရှိ၏။ သံသရာတွင်း နောက်ဆုံး မျက်စိကွယ်ခြင်းသာ ဖြစ်သင့်ပေစွတကား … ဒီလို မေးတယ်။
ဒီတော့ တရားနာ တကာ တကာမတွေအတွက်လည်း မိမိတို့မှာ အမြင် အကြား စသည် အာရုံများ ကောင်းခိုက်၊ တရားနာနိုင် တရားထိုင်နိုင် တရားရှုမှတ်နိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်နေခိုက်၊ […]

စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါး

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် စနေနေ့တွင် နယူးယောက်မြို့၌ နှင်းမုန်တိုင်းကျရောက်ကာ ရာသီဥတု ဆိုးရွားသဖြင့် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ကျင်းပ ပြုလုပ်သော အဘိဓမ္မာသင်တန်းနှင့် စနေနေ့ တရားပွဲတို့ကို မပြုလုပ်ဖြစ်ခဲ့ပေ။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် စနေနေ့တွင် (၉)ပတ်မြောက် အဘိဓမ္မာသင်တန်းနှင့် စနေနေ့ တရားပွဲကို လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့၏။
ပထမဦးစွာ လောကချမ်းသာဆရာတော်က သင်ကြား ပို့ချခဲ့ပြီးသော စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါးတို့ကို အကျဉ်းချုပ် ပြန်လည် ရှင်းပြပေး၏။
ဆရာတော် ဦးသီလာနန္ဒာဘိဝံသ၏ သင်တန်းပို့ချချက်တွင် လောကုတ္တရာစိတ်အကျယ်အကြောင်း ထပ်မံ ရှင်းပြပြီး စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါးတို့ကို အကျဉ်းချုပ် ပြန်လည် […]

လူသေလူဖြစ် ဝိနိစ္ဆယကျမ်းကြီး

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရခေတ်၊ သာသနာတော်နှစ် ၂၅၂၄၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁+၁၂+၁၃+၁၄ ရက်၊ ခရစ်နှစ် ၁၉၈၀ ခုနှစ် မေလ ၂၄+၂၅+၂၆+၂၇ နေ့များတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ရည်မှန်းချက် ထားရှိ၍ ပဲခူး-မြို့မဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (ထိုစဉ်က အဂ္ဂမဟာပဏ္ဍိတ၊ နောင်အခါ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်) ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ဖြစ်မြောက်ရေး သံဃာ့ဝန်ဆောင် ဆရာတော် ၆၆-ပါးတို့ ကြီးမှူးပြီး မြန်မာတစ်နိုင်ငံလုံးမှ သံဃာတော် တစ်သိန်းကျော် (ထိုစဉ်က သံဃာဦးရေ) တို့၏ ကိုယ်စား သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် […]

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၃) – အရှင်သီလာနန္ဒာဘိဝံသ

သရဏဂမနကို နားလည်
‘သရဏဂမန’ဆိုတာ အမှန် နားလည်ရမယ်။
‘သရဏ’ဆိုတာ ဘာလဲ?‘ဂမန’ဆိုတာ ဘာလဲ?‘သရဏဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ကိုးကွယ်ရာ ပုဂ္ဂိုလ်၊ ဘေးရန်အပေါင်းကို ဖျက်ဆီးပေးတတ်တဲ့ ပုဂ္ဂိုလ်ကို ဖြစ်ဖြစ်၊ တရားကိုပဲ ဖြစ်ဖြစ်၊ အဲဒါကို သရဏလို့ ခေါ်တယ်။
‘သရဏဂမန’ဆိုတာက အဲဒီ ဘေးရန်အပေါင်းကို ဖျက်ဆီးပေးတတ်တဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် တရားကို ကိုးကွယ်တာကို သရဏဂမနလို့ ခေါ်တယ်။ ဒါကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုတာမျိုးပေါ့။ အဲဒါဟာ သရဏဂမနပဲ။
သရဏဂုံအမျိုးမျိုး ရှိတယ်။
မိမိကိုယ်ကို စွန့်လှူပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်သွားတယ်။အရှင်ဘုရားကိုသာ ကိုးကွယ်ရာရှိပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်သွားတယ်။ဒါမှမဟုတ် အရှင်ဘုရားကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံ တည်တာပဲ။ဘုရား တရား သံဃာမှတစ်ပါး ရှိခိုးမှု၊ ကိုးကွယ်မှု မပြုလုပ်တော့ပါဘူးလို့ ပြောလိုက်ရင်လည်း […]

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၂) – အရှင်သီလာနန္ဒာဘိဝံသ

လောကုတ္တရာသရဏဂုံ
သရဏဂုံဟာ အကျဉ်းအားဖြင့် နှစ်မျိုးရှိတယ်။ လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံဆိုပြီး နှစ်မျိုး ရှိတယ်။
လောကုတ္တရာသရဏဂုံဆိုတာက တရားထူးရတယ်၊ အရိယာဖြစ်တယ်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အသုံးရှိတယ်။ အဲဒီ တရားထူးရတဲ့ အခိုက်အတန့်မှာ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်တစ်ခု ဖြစ်တယ်။ အဲဒီစိတ်ကို မဂ်စိတ်လို့ ခေါ်တယ်။ မဂ်ရယ် ဖိုလ်ရယ်လို့ ရှိတယ်။ အဲဒါ တရားထူးရတဲ့ အချိန်မှာ ဖြစ်တဲ့ စိတ်၊ ဝိပဿနာရှုမှတ်တဲ့အခါ ဉာဏ်တွေ အဆင့်ဆင့် မြင့်တက်ပြီး အဲဒီ တရားထူး ပေါ်လာတာပေါ့လေ။
အဲဒီ တရားထူး ရတဲ့အချိန် အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်တစ်မျိုး ဖြစ်တယ်။ဘယ်တုန်းကမှ မဖြစ်ဖူးသေးတဲ့ စိတ်တစ်မျိုး ဖြစ်တယ်။ အဲဒီ စိတ်ကို မဂ်စိတ်လို့ ခေါ်တယ်။ အဲဒီ မဂ်စိတ်က နိဗ္ဗာန်ကို […]

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၁) – အရှင်သီလာနန္ဒာဘိဝံသ

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။
‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။
အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။
‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။
အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် […]

သရဏနှင့် သရဏဂုံ – ချမ်းမြေ့ဆရာတော်

ရတနာသုံးပါးသည် သရဏ
ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တိုင် အကျင့်မှန် သိလို့ အဲဒီ အကျင့်မှန်ကို ကျင့်တဲ့အတွက် အရှိသဘာဝကို အရှိအတိုင်း သိမြင်တော်မူတော့ ‘လောဘ’ ‘ဒေါသ’ ‘မောဟ’ ကိလေသာတွေ ငြိမ်းလို့မို့ ဆင်းရဲငြိမ်းတော်မူတယ်။
ရှင်တော်မြတ်ဘုရားက ပြန်ပြီး ဟောကြားတော်မူတဲ့အခါမှာလဲ ဒီဆင်းရဲငြိမ်းကြောင်း တရားတွေကိုပဲ ကျင့်တော်မူ သိတော်မူတဲ့အတိုင်း ဟောကြားတော်မူတော့ ဒီတရားတော်တွေဟာ အမှန်တရားတွေ ဖြစ်လာတယ်။
အမှန်တရားတွေဆိုတော့ တရားတွေဟာလဲပဲ ဆင်းရဲငြိမ်းလိုတဲ့ ပုဂ္ဂိုလ်များ အားကိုး အားထားရာ ကိုးကွယ်ရာ ဆည်းကပ်ရာ အဖြစ်နဲ့ ယုံကြည်ရ လက်ခံရ လိုက်နာကျင့်ကြံရ ကိုးကွယ်ရမည့် ‘သရဏ’တွေပဲ။
အဲဒီ တရားတွေအတိုင်း လိုက်နာ ကျင့်ကြံကြလို့ ဆင်းရဲ တစိတ်တဒေသ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ များစွာ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ လုံးဝ ငြိမ်းတဲ့ သံဃာတော်တွေဟာ […]

သရဏဂုံဆောက်တည်ပုံ – မဟာစည်ဆရာတော်ဘုရားကြီး

‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာမြတ် ၃-ပါးကို ဆည်းကပ် ကိုးကွယ်တာကို ‘သရဏဂုံ’လို့ ခေါ်တယ်။
ယခု “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ ဆိုရတာတွေဟာ သရဏဂုံတွေပါပဲ။
အဲဒီ သုံးပုဒ်ထဲက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ – မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါတယ်”လို့ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ –
“မြတ်စွာဘုရားဟာ တရားအလုံးစုံကို အကုန် သိတော်မူတယ်။ အိုခြင်း နာခြင်း သေခြင်း အစရှိသော ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်တရားကို ကိုယ်တိုင် တွေ့ပြီးတော့ အဲဒီ နိဗ္ဗာန်ချမ်းသာကို သတ္တဝါအများ ရရှိခံစားနိုင်အောင်လို့ တရားတော်တွေကို ဟောကြားတော်မူတယ်။ မြတ်စွာဘုရားဟောတဲ့အတိုင်း လိုက်နာပြီး ကျင့်ရင် […]

လောကုတ္တရာစိတ် ၈-ပါး

….. ကောင်းတဲ့ ဖြူစင်တဲ့ စေတနာနဲ့ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အကြံများကိုသာ ပြုလုပ် ပြောဆို ကြံစည်မိအောင် အားထုတ်ဖို့ လိုပါတယ်။ သေသေချာချာ ကောင်းတာကတော့ အပါယ်လေးပါးမှ လုံးဝ လွတ်မြောက်တဲ့ တရားအဆင့်ကို ရောက်အောင် ဝိပဿနာ ဘာဝနာအလုပ်ကို အပြည့်အစုံ အားထုတ်တာဟာ အကောင်းဆုံး အသေချာဆုံးပါပဲ။
ဒါကြောင့် ဘုန်းကြီးက ဒီလို သြဝါဒ ပေးနေပါတယ်။“အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်ရောက်ပါစေ” တဲ့။
‘အပါယ်ဘေးငြိမ်းတဲ့ ဉာဏ်အဆင့်’ဆိုတာ ‘သောတာပတ္တိမဂ်ဖိုလ်ဉာဏ်’ အဆင့်ပါပဲ။
အဲဒီ ဉာဏ်လောက်ဆိုရင် တော်လောက်ပြီလားလို့ မေးစရာ ရှိပါတယ်။ ဘုန်းကြီးအနေနဲ့တော့ အဲဒီလောက်ဆိုရင် ဝမ်းမြောက်လှပါပြီ။
ဒါပေမယ့် မြတ်စွာဘုရားကတော့ အရဟတ္တဖိုလ် မရောက်မချင်း၊ ရဟန္တာ မဖြစ်သေး မချင်း စိတ်ချပြီး အားရ မနေပါနဲ့ဦးတဲ့။ ဆင်းရဲဒုက္ခ […]