အရှုံးကြီး ရှုံးသူ နှစ်ဦး

“ကာဠာမ၏ အနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးသည် ရသင့် ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွတကား။ အကယ်၍များ အာဠာရဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏။”
“ရာမ၏ သားဖြစ်သော ဥဒကဂိုဏ်းဆရာကြီးသည် ရသင့် ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွတကား။ အကယ်၍များ ဥဒကဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏။”
ဗုဒ္ဓ
(မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” ဒုတိယတွဲ၊ စာ ၄၁၂-၄၁၃)
+++++
ဆားပုလင်းခင်မောင်ဝင်း။ ။ ဟော … လာပါပြီဗျာ … အဘိဓမ္မာကျောင်းတော်သားကြီး။
ဆရာစော။ ။ ကဲ .. ဆရာဇေ ထိုင်ပါစေဦး။ ဆားပုလင်းက […]

“ဘိက္ခု”ခေါ်ပုံ

မိုးသည် သည်းသည်းမည်းမည်း ရွာနေ၏။ လေအဝှေ့တွင် ဝါးပင်တို့ ယိမ်းနွဲ့နေကြ၏။ ကလေးအချို့မှာ အိမ်ရှေ့လမ်းပေါ် မိုးရေထဲ ဆော့ကစားနေကြ၏။
ထိုစဉ် ဆွမ်းခံကြွလာသော ရွာဦးကျောင်းက ဦးဇင်း အိမ်ရှေ့သို့ ရောက်ရှိလာသဖြင့် –
“အရှင်ဘုရား .. အထဲမှာ ခဏ ထိုင်ပါဦးလား ဘုရား၊ မိုးက တော်တော်နဲ့ စဲမှာ မဟုတ်ဘူး ဘုရား၊ ကြွပါဘုရား၊ ဟေ့ .. ကလေးတွေ ဆင်းကြ ဆင်းကြ၊ အောက်ကို သွား .. သွား” ဟု ဦးဇင်းကိုလည်း ပင့်ဖိတ်၊ အိမ်ပေါ်တွင် ဆော့ကစားနေကြသော ကလေးများကိုလည်း နှင်ထုတ်လိုက်ရသည်။
“မိုးကလည်း သည်းရန်ကော ဘုရား”“သူ့ နိယာမပေကိုး”
“အရှင်ဘုရားနဲ့ ကြုံတုန်း တပည့်တော် သိချင်တာလေး မေးစမ်းပါရစေ ဘုရား”“ဘာများတုန်း ဒကာ၊ ဖြေနိုင်တာကို ဖြေပါ့မယ်”
“အရှင်ဘုရားတို့ကို […]

ရှေ့စိတ်ကို နောက်စိတ်ဖြင့် လိုက်၍ သိခြင်း အကျိုး (မင်းကွန်းဝိပဿနာ)

စိတ်၏ကျရာ ဌာန ၄-ပါး
အားလုံးသော သတ္တဝါတို့၌ ‘ကိုယ်’ဟူသော ပစ္စည်းတစ်ခု၊ ‘စိတ်’ဟူသော ပစ္စည်းတစ်ခု ဟူ၍ နှစ်ခုသာ ရှိ၏။ထိုနှစ်ခုမှာလည်း ‘ကိုယ်’ဟူသော ပစ္စည်းကို လက်ညှိုးထိုး၍ ပြပါက အကြမ်းဖျင်းအားဖြင့် သိမြင်နိုင်၏။ ‘စိတ်’ဟူသော ပစ္စည်းကို လက်ညှိုးထိုး၍လည်း မပြနိုင်၊ မရှိဟုလည်း မပြောဆိုနိုင်ကြောင်းကို သိကြပါ၏။
မပြနိုင်သော ‘စိတ်ကို ဆုံးမရန် ခဲယဉ်းကြောင်း’၊ ‘တလောကလုံးကို စိတ်က ဆွဲဆောင်နေကြောင်း’၊ ‘တလောကလုံးကို စိတ်က ပြုပြင်နေကြောင်း’ ဘုရားကလည်း ဟောတော်မူ၏။
ဆုံးမရန် ခဲယဉ်းသော ‘စိတ်၏ နေထိုင်ရာ’ကို ရှာဖွေရန်မှာ စိတ်ရှိသော သတ္တဝါတိုင်း၏ တာဝန် ဖြစ်သည်။
စိတ်၏ နေထိုင်ရာကား တစုံတခုသော အလုပ်ကိစ္စကို ပြုလုပ်သောအခါ ပြုလုပ်ရာဌာန၌ ပြုလုပ်သည့် အမူအရာတွေကို အစဉ်တစိုက် လိုက်၍ သိနေသော သဘောတွေ ရှိနေ၏။ထိုသဘောတွေသည် […]

ဥတ္တရိမနုဿဓမ္မ

ပါဠိသုတ္တန်တွေမှာ “ဥတ္တရိမနုဿဓမ္မ” ဆိုတဲ့ စကားလုံးလေး ရှိတယ်။မြန်မာလို ပြန်ရင် “လူတို့၏ ကုသိုလ်ကမ္မပထ တရား ၁၀-ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ် တရား”တဲ့။အထက်တန်းကျတဲ့ တရားပေါ့လေ။သာမန်လူတွေ ရတာမျိုးမဟုတ်ဘဲ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ၊ တော်တဲ့ ပုဂ္ဂိုလ်တွေ ရတဲ့ စိတ်မျိုးပေါ့။ဒါကို “ရူပါဝစရစိတ်”က စပြီး “ဥတ္တရိမနုဿဓမ္မ”လို့ ခေါ်တယ်။
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
လောကချမ်းသာဘုရားကျောင်းတွင် ၂၀၀၉ ခု နိုဝင်ဘာလ ၂၈ ရက် စနေနေ့၌ ပြုလုပ်သော “အရှင်သီလာနန္ဒာဘိဝံသ”၏ သင်တန်း ပို့ချချက်များကို အခြေခံသည့် ၆-ပတ်မြောက် အဘိဓမ္မာသင်တန်းမှာ ရူပါဝစရစိတ် ၁၅-ပါးအကြောင်းကို လေ့လာ သင်ယူကြရ၏။
‘ရူပါဝစရ’ – ရူပ ၁၅ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်။‘ရူပါဝစရစိတ်’ – ရူပ ၁၅ ဘုံ၌ […]