ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၈-ဒီဇင်ဘာ-၂၀၁၀)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း ဆောက်လုပ်နေသော လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ အဆောင်-၂ (တောင်ဘက်အဆောင်)မှာ ဓမ္မာရုံပါရှိသော အဆောင် ဖြစ်၏။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် စနေနေ့က လောကချမ်းသာဆရာတော်ကိုယ်တိုင် ကြွရောက်၍ သံဃာတော်များ အဆောင်-၂ အုတ်မြစ်ပေါ်တွင် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြစဉ်။

+++++
ဓာတ်ပုံ – ဆရာစိန်

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၄-ဒီဇင်ဘာ-၂၀၁၀)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး၏ အဆောင်-တစ် မြေအောက်ထပ်နံရံတွင် အားဖြည့်သံချောင်းများ တည့်သွင်းသော လုပ်ငန်းနှင့် အဆောင်-နှစ်တွင် ကျောက်စရစ်ခဲများ ခင်းသောလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆက်လက် ဆောင်ရွက်နေကြစဉ်။

၃၂-စု အရင်းပြု၍

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဒီဇင်ဘာလ ၁၁ ရက် စနေနေ့၌ ၂၀၁၀ ခုနှစ်၏ နောက်ဆုံးသင်တန်းများအဖြစ် အဘိဓမ္မာ ဝီထိပိုင်း သင်ခန်းစာများ ပြန်လည် သင်ကြားခြင်းနှင့် မဟာသတိပဋ္ဌာနသုတ် ပဋိကူလမနသိကာရပိုင်း သင်ကြားပို့ချခြင်းတို့ကို ပြုလုပ်၏။
သင်တန်းသို့ ပုံမှန်တက်ရောက်ကြသူ သင်တန်းသား သင်တန်းသူ ၁၅ ဦးခန့်ကို လောကချမ်းသာဆရာတော်က အဘိဓမ္မာ ဝီထိပိုင်းဆိုင်ရာ မှတ်သားစရာများနှင့် မဟာသတိပဋ္ဌာနသုတ် သမ္ပဇညပဗ္ဗနှင့် ပဋိကူလမနိသိကာရပဗ္ဗပိုင်းတို့ကို ရှင်းလင်း သင်ကြား ပို့ချပေး၏။
သင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “၃၂-စု အရင်းပြု၍”ဟူသော တရားတော်ကို ဟောကြား ချီးမြှင့်ရာ ဆရာတော်ဦးဗုဓ်၏ ၃၂-ကောဋ္ဌာသ ပါဠိ နိဿယကို အားလုံး ညီညာဖြဖြ ရွတ်ဆို ပူဇော်ကြ၏။

+++++
ပဋိကူလမနသိကာရပိုင်း (ဆရာတော်ဦးဗုဓ်၏ ပါဠိနိဿယ)
(ဃ) ဘိက္ခဝေ-ရဟန်းတို့။ ဧဝမေဝခေါ-ဤအတူလျှင်။ ဘိက္ခု-ရဟန်းသည်။ […]

ဗုဒ္ဓအဘိဓမ္မာအရ တစ်နေ့တာ လုပ်ငန်းများ

….. ဝိဘင်းကျမ်းအတွက် ထုတ်လိုက်တဲ့ စာရွက်ထဲမှာ –
“အဋ္ဌာရသဓာတုယော
စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု၊
သောတဓာတု သဒ္ဒဓာတု သောတဝိညာဏဓာတု၊
ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု၊
ဇိဝှါဓာတု ရသဓာတု ဇိဝှါဝိညာဏဓာတု၊
ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု၊
မနောဓာတု ဓမ္မဓာတု မနောဝိညာဏဓာတု” လို့ ဓာတ်တစ်ဆယ့်ရှစ်ပါးကို သူ့အစုကလေးနဲ့သူ သုံးပါးတစ်စု သုံးပါးတစ်စု ဓာတုဝိဘင်းမှာ ဘုရားဟောခဲ့တဲ့ ပါဠိကို ထုတ်ပြထားတယ်။
အဲဒီ ပါဠိကို မြင်တော့ ဘုန်းကြီးစိတ်ထဲမှာ ဟာ … ဟန်ကျလိုက်တာ၊ တို့ ဒါယကာ ဒါယိကာမတွေကို ဓာတ်တစ်ဆယ့်ရှစ်ပါး ဝိပဿနာနှလုံးသွင်းကို ခု အစဉ်အတိုင်း ကျင့်သုံးစေရရင် အင်မတန် ကောင်းမယ်။ အကြောင်းအကျိုးတွေကိုလည်း အတော်မြင်လာမယ်လို့ ဘုန်းကြီးစိတ်ထဲမှာ ထင်မြင်လာပါတယ်။
ဟိုတုန်းက ရခဲ့ကြတဲ့ ဓာတ်တစ်ဆယ့်ရှစ်ပါးကတော့ –
“စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်၊
ရူပဓာတ်, သဒ္ဒဓာတ်, ဂန္ဓဓာတ်, […]

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၀-ဒီဇင်ဘာ-၂၀၁၀)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆက်လက် ဆောင်ရွက်နေကြစဉ်။