အေဘီဘီအေ ၂၀၁၀ နှစ်သစ်ပွဲတော်

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၁၀ ခုနှစ် နှစ်သစ်ပွဲတော်ကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့လေသည်။
ကိုသောင်းစိန်-မသင်းသင်းနုနှင့် သမီး နှင်းစုခိုင် မိသားစုတို့က နှစ်ဖက်သော အဖိုးအဖွားများကို ရည်စူးပြီး၊ နှစ်ဖက်သော မိဘများကို အမှူးထားကာ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား နဝကမ္မဝတ္ထုများ လှူဒါန်းခြင်း၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ဒန်ပေါက်ထမင်း ဟင်း၊ အချိုမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊
ဦးမြင့်သိန်း-ဒေါ်မြင့်မြင့်စန်းမိသားစုက ကြွရောက်လာကြသော ဧည့်ပရိသတ်များအား လက်ဖက်ရည်အချိုဖြင့် ဧည့်ခံ ကျွေးမွေးခြင်း တို့ကို သဒ္ဓါရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ပြုလုပ်ကြ၏။
ပွဲတော်သို့ အေဘီဘီအေ ပဓာနနာယကဆရာတော်ဖြစ်သော လောကချမ်းသာဆရာတော်၊ အေဘီဘီအေ ဆရာတော်များ ဖြစ်ကြသော ဘုန်းကြီး အဘယာလင်္ကာရ၊ အရှင်ပညာသီဟ၊ […]

စိတ်၌ဖြစ်သော တရား (၁)

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆယ်ပတ်မြောက်ဖြစ်သော ‘ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်း’ကို ဆက်လက် ပြုလုပ်ပါသည်။
ယခင် အပတ်များတွင် အကျဉ်းအားဖြင့် ၈၉ ပါး၊ အကျယ် ၁၂၁ ပါးသော စိတ်အကြောင်း အကျယ်ကို လေ့လာပြီးဖြစ်ရာ ယခုအပတ်တွင် စေတသိက်အကြောင်းကို သင်ယူကြရ၏။
+++++
ပထမဦးစွာ ‘စေတသိက်’ဆိုတာ ဘာလဲ?
ဟို အစတုန်းကလည်း ပြောခဲ့ပါတယ်။ စေတသိက်ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်တဲ့တရား။ ဒါကိုပဲ စိတ်၌ ဖြစ်သောတရားလို့ ကျမ်းဂန်တွေမှာ သုံးတယ်။
ပရမတ္ထတရား ၄ ပါး – ‘စိတ်’၊ ‘စေတသိက်’၊ ‘ရုပ်’၊ ‘နိဗ္ဗာန်’ ဆိုပြီးတော့ ရှိတယ်။
‘စိတ်’ဆိုတာ အာရုံသိမှု သက်သက်ကလေးကို စိတ်လို့ ခေါ်တယ်။ စိတ်က […]

သံသရာကူးမြောက်ရေးတရားတော် (၁) – မဟာစည်ဆရာတော်ဘုရားကြီး

၁၃၃၉ ခုနှစ် တပေါင်းလပြည့်အဖိတ်နေ့ ဖြစ်တယ်။နာရီအားဖြင့် ညဦး ၇ နာရီခွဲခါနီးပါပြီ။ ၂ မိနစ်လောက်ပဲ လိုပါတော့တယ်။
အခုအချိန်က စပြီး ဘုန်းကြီးက တရားပွဲ ဖွင့်တဲ့အနေနဲ့ ၄၅ မိနစ်လောက် ဟောဖို့ပါပဲ။နောက်ပိုင်းကတော့ သလ္လာဝတီ ဦးသူရိယ ဟောပါလိမ့်မယ်။ အဲဒီ နောက်ပိုင်းပုဂ္ဂိုလ်လဲ အချိန် ပြည့်ပြည့်စုံစုံ ရအောင် ဘုန်းကြီးက နာရီဝက်လောက် သို့မဟုတ် ၄၅ မိနစ်လောက် တရားပွဲ ဖွင့်တဲ့အနေနဲ့ ဟောရမယ်။
နက်ဖြန်ခါကျတော့ နေ့ပိုင်း ဟောရမယ်။ ရေစက်ချရင်း အနုမောဒနာတရား မနေ့က ဟောထားပြီမို့ နက်ဖြန်ခါ ညပိုင်းကျတော့ ဟောဖို့ မလိုပါဘူး။
မြတ်စွာဘုရား လက်ထက်တော်အခါ ကာလတုန်းက သာဝတ္ထိပြည်၊ သာဝတ္ထိပြည်ဆိုတာ မြို့ပါပဲ။ ဒါပေမယ့်လို့ ရှေးတုန်းကတော့ အဲဒီ အိန္ဒိယမြို့တွေကို ပြည်လို့ ဘာသာပြန်လေ့ ရှိကြပါတယ်။ […]