ကံလေးမျိုး လေးလီ

၂၀၁၀ ခုနှစ် ဧပြီလ ၂၄ ရက် စနေနေ့ ညနေ ၄ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ၂၉-ပတ်မြောက် အဘိဓမ္မာသင်တန်းပို့ချချက်ကို လေ့လာ သင်ယူကြရရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က ၄၅ မိနစ်ခန့် ယခင်သင်ခန်းစာများကို ပြန်လည် ရှင်းပြ သင်ကြားပေးပြီး၊ သင်ကြားမည့် သင်ခန်းစာ မိတ်ဆက်ပေး၏။
+++++
လောကန္တရိတ်ငရဲ
ငရဲကြီး ၈-ထပ်၊ ငရဲငယ် ၁၂၈ သို့မဟုတ် ၁၆၀ တို့ကား မြေကြီးထဲမှာ ရှိ၏။
စကြဝဠာ သုံးခု ဆုံ၍ ဖြစ်ပေါ်လာသော ကွက်လပ်တွင် ရှိသည့် ငရဲကို လောကန္တရိတ်ငရဲဟု ခေါ်၏။
မည်သည့်အခါမှ နေရောင်မရရှိဘဲ ကွက်လပ်ထဲမှာလည်း အလွန်အေးသော ရေများ ရှိ၏။
ဤငရဲ၌ ဖြစ်သော သတ္တဝါတို့မှာ လင်းနို့များကဲ့သို့ နံရံကမ်းပါးများ၌ ကပ်တက်နေကြပြီး တစ်ဦးနှင့်တစ်ဦး […]

မစိုးရိမ်ကန်တော့ပန်း

၂၀၀၁ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့၊ ၁၃၆၃ ခုနှစ် ကဆုန်လပြည့်နေ့
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် လောကချမ်းသာစေတီတော် တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး၍ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၊ မွန်းလွဲပိုင်းတွင် မဟာစည် သြဝါဒါစရိယ ရေဦးဆရာတော်ဘုရားကြီးထံမှ သီလခံယူကြ၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ ဟောကြား ချီးမြှင့်သော အနုမောဒနာတရားတော်ကို နာကြားကြကာ မဟာစည် သြဝါဒါစရိယ အမေရိကန်နိုင်ငံ ဓမ္မနန္ဒဝိဟာရကျောင်း ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ရေစက်ချတရားကို နာယူ ရေစက်သွန်းချ ကောင်းမှု ကုသိုလ် အမျှပေးဝေခဲ့ကြစဉ်မှ စ၍ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသနှင့် နယူးယောက် နယူးဂျာစီ ဓမ္မမိတ်ဆွေများ ဆရာ ဒကာ ပိုမို ရင်းနှီးလာခဲ့ကြသည်။
ကံအကြောင်းဆက်လာ၍ ထိုအချိန်မှ စကာ […]

ကဆုန်လပြည့် ဗုဒ္ဓနေ့

သန္ဓေယူခါ၊ ဆယ်လကြာသော်
မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်
နတ်လူအောင်မြို့ လမ်းပါကို။

(ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး)

+++++

မဟာသက္ကရာဇ် ၆၈ ခု
ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့

ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။
နတ်တို့၏ နန္ဒဝန်ဥယျာဉ်နှင့် အသွင်တူ၏။
အရွယ်နုပျို လူထိုထို၏ စိတ်ကို ဖောက်ပြား ချောက်ချား တုန်လှုပ်စေနိုင်သော၊
ပန်းမျိုးစုံ ပန်ဆင်၊ ပုတီးနားဍောင်းတို့ ဆင်ယင်၊ သွယ်ပျောင်းသော ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်ကို ဆန်းပြားစုံလင် ဆင်ယင်ထားသော မိန်းမပျိုတစ်ဦးနှယ် အထူးတင့်တယ်၏။

ဆယ်လတို့ပတ်လုံး ဘုရားလောင်းကို ချီပိုးရွက်ဆောင်၍ ကိုယ်ဝန်ရင့်ကာ သားဖွားရန် နီးလတ်သောအချိန်၌ မိဘဆွေမျိုးတို့ရှိရာ ဒေဝဒဟပြည်သို့ ကြွလှမ်းလာသော မဟာမာယာဒေဝီမိဖုရားကြီးသည် မင်္ဂလာအင်ကြင်းတောသို့ ရောက်သော် […]

ဗြဟ္မာများ၏ သက်တမ်းနှင့် ကမ္ဘာပျက်ပုံ ဖြစ်ပုံ

၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် စနေနေ့သည် ၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်၏။
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ သန့်ရှင်းရေး လုပ်အားပေးပွဲရှိရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်နေသော အဘိဓမ္မာသင်တန်းကို ယခုတစ်ပတ်တွင် ၂၀၁၀ ခုနှစ် ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့သို့ ပြောင်းရွှေ့ ပြုလုပ်ခဲ့သည်။
လောကချမ်းသာဆရာတော်က ညနေ ၄ နာရီမှ ၅ နာရီထိ အဘိဓမ္မာ စိတ်ပိုင်း သင်ခန်းစာများကို ကျေညက်စေရန် ပြန်လည် ပို့ချပေး၏။
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ယခုအပတ် သင်ခန်းစာ၊ (၂၈)ပတ်မြောက် သင်တန်းပို့ချချက်မှာ ဗြဟ္မာတို့၏ သက်တမ်းများနှင့် ကမ္ဘာပျက်ပုံ တည်ပုံ အကြောင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် လေ့လာသင်ယူကြရ၏။
အရှင်သီလာနန္ဒာဘိဝံသ ဆရာတော်ကလည်း သူ၏ […]

နွေဦးလုပ်အားဒါန (၁၇-ဧပြီ-၂၀၁၀)

၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် စနေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ နွေဦးလုပ်အားဒါနပေးလှူကြရာ

နယူးဂျာစီကျောင်း ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊
လောကချမ်းသာစေတီတော်ရင်ပြင်နှင့် မုခ်ဝလှေကားဆင့်များရှိ စုပုံထားသော ငြမ်းပစ္စည်းများ ရှင်းလင်းခြင်း၊
ရာသီဥတုကြောင့် ပျက်စီးသွားသော ခြံစည်းရိုးသစ်ပင်များကို ရှင်းလင်းခြင်း၊ ခြံစည်းရိုး သစ်ပင်များကို ပြုပြင်ပေးခြင်း၊
နယူးဂျာစီရိပ်သာကျောင်း မြေအောက်ခန်း ပြုပြင် ဆောင်ရွက်ခြင်း၊
ပုံလောင်းပြီး အင်္ဂတေကနုတ်ပန်းများကို အပေါက်များဖောက်ခြင်း၊ ကနုတ်ပန်းအသစ်များ ပုံလောင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ကြသည်။

မိုးရွာမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားခဲ့သော်လည်း တစ်နေ့လုံးနီးပါး မိုးမရွာခဲ့။
နေ့ခင်းတွင် အပူချိန် ၆၀ ဒီဂရီ ဝန်းကျင်ရှိသော်လည်း မွန်းလွဲပိုင်းတွင် ၅၀ […]

နွေဦးလုပ်အားဒါန (၁၄-ဧပြီ-၂၀၁၀)

နယူးဂျာစီ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ဧပြီလ ၁၄ ရက် မဟာသင်္ကြန်အကျနေ့၌ နွေဦးလုပ်အားဒါနရှင်များက ခြံစည်းရိုးသစ်ပင်ကြီးများ ဝယ်ယူခြင်း၊ အင်္ဂတေကနုတ်ပန်းများ ပုံလောင်းခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြ၏။

၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက်၊ ၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် –
* လောကချမ်းသာစေတီရင်ပြင်တော် သန့်ရှင်းရေး၊
* နယူးဂျာစီ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းဝင်း သန့်ရှင်းရေး၊
* ပုံလောင်းပြီး အင်္ဂတေကနုတ်ပန်းများကို အချောသတ်ခြင်း၊ ဆေးသုတ်ခြင်း၊
* အင်္ဂတေကနုတ်ပန်းများ ပုံလောင်းခြင်း၊
* ခြံစည်းရိုးသစ်ပင်များ စိုက်ပျိုးခြင်း နှင့်
* မြေကွက်သစ်၏ ရှေ့မျက်နှာစာ ခြံစည်းရိုး ကာရံခြင်းများကို စုပေါင်း၍ လုပ်အားဒါနပြုကြပါမည်။
လုပ်အားဒါနပြု၍ ကောင်းမှုကုသိုလ် ယူတော်မူကြပါကုန်။

အေဘီဘီအေ မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲ

နယူးယောက်မြို့၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ “မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲတော်”ကို ၂၀၁၀ ခုနှစ် ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့၏။
မိဘများဖြစ်ကြသော ဦးဘိုကြီးနှင့်ဒေါ်တီတီတို့ကို ရည်စူး၍ ဒေါက်တာဦးကျော်ထင်-ဒေါက်တာဒေါ်ချိုညွန့်ဝေမိသားစု၊ မောင်နှမ မိသားစုများက ပွဲတော်လာ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါး၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ် တို့ဖြင့် ကျွေးမွေး ဧည့်ခံ လှူဒါန်းခဲ့ကြ၏။
အေဘီဘီအေ ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများ၊ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၊ လုပ်အားဒါနရှင်များကလည်း ဧပြီလ ၁၀ ရက် စနေနေ့နှင့် ဧပြီလ ၁၁ ရက် တနင်္ဂနွေ ပွဲတော်နေ့ နှစ်ရက်စလုံး တက်တက်ကြွကြွ ဝမ်းမြောက်ဝမ်းသာ လုပ်အားဒါန ပေးလှူခဲ့ကြသည်။
ဧပြီလ […]

ဝီထိမုတ်ပိုင်း (ဘုံပိုင်း) – ဘူမိစတုက္က, ပဋိသန္ဓေစတုက္က

၂၀၁၀ ခုနှစ် ဧပြီလ ၁၀ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် ဆရာတော် ဦးသီလာနန္ဒ၏ အဘိဓမ္မာသင်တန်း၊ ၂၇-ပတ်မြောက် သင်ခန်းစာကို လောကချမ်းသာဘုရားကျောင်း၌ သင်ကြား ပို့ချ၏။
ပထမဦးစွာ လောကချမ်းသာဆရာတော်က ဝီထိမုတ်စိတ်များကို ပြန်လည် ရှင်းလင်းပေးပြီး ပဉ္စမပိုင်းဖြစ်သော ဝီထိမုတ်ပိုင်း (ဘုံပိုင်း)နှင့် မိတ်ဆက်ပေး၏။
ဤပဉ္စပိုင်း၏ နောက်ဆုံးအခန်းမှာ သေခါနီးအခါကာလ၌ ဖြစ်ပုံကို ပြသောကြောင့် ကျမ်းဆရာကိုယ်တိုင်က ဤပဉ္စမပိုင်းကို “ဝီထိမုတ်ပိုင်း”ဟု အမည်ပေးခြင်း ဖြစ်၏။
ဤပဉ္စမပိုင်းကိုပင် ၃၁-ဘုံအကြောင်းက စပြီး ပြသောကြောင့် နောက်ဆရာများက “ဘုံပိုင်း”ဟုလည်း ခေါ်ကြ၏။
ဘူမိစတုက္က
သတ္တဝါတို့၏ တည်ရာဌာနကို အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ ဟူ၍ […]

နွေဦးလုပ်အားဒါန (၇-ဧပြီ-၂၀၁၀)

လောကချမ်းသာစေတီတော် ပလ္လင်ခုံပတ်လည်တွင် အင်္ဂတေကနုတ်ပန်းများဖြင့် အလှဆင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော် တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာ ဦးမောင်မောင်၊ ပန်းချီဆရာ ဦးအောင်ကျော်မိုး၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့အဖွဲ့က ဦးဆောင်ပြီး စုပေါင်း ဆောင်ရွက်လျက်ရှိရာ ပလ္လင်ခုံပတ်လည်တစ်ခုလုံးအတွက် အင်္ဂတေအချပ် ၃၂ စုံ၊ စုစုပေါင်း ၆၄ ချပ် လိုအပ်သည်အနက် ၁၀ စုံကျော် သွန်းလောင်းပြီး ဖြစ်၏။
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းဆိုင်ရာ ကိစ္စအရပ်ရပ်ကို ကြီးကြပ်လျက်ရှိသော နာယကဆရာတော် ဦးပညာသီဟကလည်း အနားမနေတတ်၊ လုပ်ငန်း ကိစ္စအရပ်ရပ်ကို အကွက်စေ့ ထောင့်စေ့အောင် အမြော်အမြင်ကြီးစွာ ဆောင်ရွက်တတ်သူပီပီ ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ခြံစည်းရိုးသစ်ပင်များ ထပ်မံ ဝယ်ယူခဲ့ပြီး၊ လိုအပ်နေသေးသော အင်္ဂတေကနုတ်ပန်းချပ်များ သွန်းလောင်းခြင်းအတွက် ဆရာတော် […]

သင်္ကြန်

+ သင်္ကြန်သင်္ကေတ
ပါဠိသတ်မှ
သင်္ကန္တပုဒ်
အဓိပ္ပာယ်ထုတ်သော်
ရာသီစက်ဝန်း
လှည့်ပြောင်းခြင်းကို
သင်္ကန္တသည်
သင်္ကြန်မည်သတဲ့။

+ မလွဲဖောက်ပြန်
ရုပ်နာမ်နှစ်ဖြာ
တို့ခန္ဓာလည်း
အတည်မမြဲ
ပြောင်းစမြဲ။

+ ဒီနှစ်သင်္ကြန်
ဒီနှစ်ကျန်၍
(ငါ) ပါဝင်ဆင်နွှဲ
ပြုံးပျော်မြဲ။

+ ဒီနှစ်သင်္ကြန်
သူဖြင့်ကျန်၍
ပါဝင်ဆင်နွှဲ
(သူ)ချော်လွဲခဲ့။

+သင်္ကြန်ကပြောင်းလွဲ
ခန္ဓာကမမြဲ
ခန္ဓာနှင့်သင်္ကြန်
သင်္ကြန်နှင့်ခန္ဓာ
မမြဲတာမို့
သင်္ကြန်များစွာ
ဖြတ်ကျော်လာလည်း
သံဝေမမိ
ဉာဏ်မထိခဲ့။

+ မည်မျှသင်္ကြန်
ရေတွက်ကျန်၍
(ငါ)ပါဝင်ခွင့်ရဦးမည်။

+မည်မျှသင်္ကြန်
ရေတွက်ကျန်၍
(သင်)ပါဝင်ခွင့်ရဦးမည်။

+ သူငါမသိ
သံဝေညှိ၍
ခန္ဓာသတိ
ဉာဏ်မှာထည့်၍
ရှိသမျှသင်္ကြန်
ကျန်သမျှကာလ
အမြတ်ရဖို့
အားထုတ်ကြပါစို့
မိတ်ဆွေတို့။

အရှင်စက္ကိန္ဒ
လောကချမ်းသာ
မတ် ၂၆, ၂၀၁၀