နိဗ္ဗာန်အကြောင်း

“ … နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။
ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။
ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။
ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် … ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ […]

ဒေါက်တာဒေါ်တင်လှိုင် (၈၉-နှစ်) ရက်လည်ဆွမ်း အနုမောဒနာတရားတော်

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို စတင် တည်ထောင်ရာတွင် ပါဝင်သော ဒေါက်တာဦးလှဖေ၏ ဇနီးဖြစ်သူ ဒေါက်တာဒေါ်တင်လှိုင် (အသက် ၈၉-နှစ်)သည် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်တွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။
၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အသုဘရှုအစီအစဉ် ပြုလုပ်ပြီး၊ မီးသင်္ဂြိုဟ်ခဲ့ရာ မိတ်ဆွေများနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်များ လိုက်ပါ ပို့ဆောင်ခဲ့ကြပါသည်။
၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း တည်ရာ လောကချမ်းသာဘုရားကျောင်း၌ ကျန်ရစ်သော ခင်ပွန်းဖြစ်သူ ဒေါက်တာဦးလှဖေနှင့် မိတ်ဆွေများ၊ အမေရိကန် […]

ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ကြောင်း မည်သို့ သိနိုင်ပါသနည်း

မေး။     ။ ဆရာတော်ဘုရား ….. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။
တပည့်တော်တို့ဟာ တိဟိတ်ပဋိသန္ဓေနေသူ၊ သို့မဟုတ် ဒွိဟိတ်ပဋိသန္ဓေနေသူ ဖြစ်သည်ကို မည်ကဲ့သို့ သိနိုင်ပါသလဲ ဘုရား။
(မောင်မျိုးမင်း၊ တတိယနှစ်၊ ရူပဗေဒ)
ဖြေ။     ။ ဒီနေရာမှာ ဟိတ်ဆိုတာ အကြောင်းတရားကို ခေါ်ပါတယ်။
အကုသိုလ်ဘက်မှာလည်း လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။
ကုသိုလ်ဘက်မှာလည်း အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။
အလောဘဟိတ်ဆိုတာ မလိုချင် မတပ်မက်ခြင်းတည်းဟူသော အကြောင်း၊
အဒေါသဟိတ်ဆိုတာ စိတ်မဆိုး စိတ်မပျက်ခြင်းတည်းဟူသော အကြောင်း၊
အမောဟဟိတ်ဆိုတာ မတွေဝေခြင်း ရှင်းရှင်းလင်းလင်း သိခြင်းဟူသော အကြောင်းလို့ ဆိုပါတယ်။
ဒါကြောင့် အမောဟဆိုတာ အသိဉာဏ်ကို ဆိုလိုတာပါ။
ဒွိဟိတ်ပဋိသန္ဓေ တိဟိတ်ပဋိသန္ဓေလို့ သုံးနှုန်းရာမှာ တစ်ဘဝရဲ့ အစဆုံး ပဋိသန္ဓေစိတ် ဖြစ်ခိုက်မှာ […]

အရိယာအဖြစ်သို့ ရောက်ရန် မည်မျှကြာကြာ အားထုတ်ရပါသလဲ

မေး။     ။ ဆရာတော်ဘုရား … တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
(က) သတိပဋ္ဌာန်ဝိပဿနာကို ကြိုးစား အားထုတ်လျှင် ဤဘဝတွင်ပင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားထားပါသည်။ အရှင်ဘုရား၏ အတွေ့အကြုံတွင် အရိယာအဖြစ်သို့ ရောက်ရှိခဲ့သောသူများ ရှိပါသလား ဘုရား။
(ခ) အရိယာအဖြစ်သို့ ရောက်ရန် မည်သို့သော နည်းဖြင့် မည်မျှကြာကြာ အားထုတ်ရပါမည်လဲ ဘုရား။
(မိုးမိုးအေးနှင့် မိစန္ဒာမွန်၊ ဒုတိယနှစ်၊ စက်မှုတက္ကသိုလ်)
ဖြေ။     ။ (က) ယောဂီရဲ့ တရားအတွေ့အကြုံ တရားတက်ပုံဟာ ကျမ်းဂန်နဲ့ ညီညွတ်တယ်လို့ ယူဆနိုင်တဲ့အတွက် ဒီယောဂီဟာဖြင့် တစ်မဂ်တစ်ဖိုလ် ရလောက်တယ်လို့ မှန်းဆရတဲ့ ယောဂီတချို့ ဘုန်းကြီးတွေ့ဖူးပါတယ်။
အဲဒီလို ယောဂီမျိုးဟာ စတင် အားထုတ်ကတည်းက […]

ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ နှစ်ပတ်စာ အဘိဓမ္မာသင်ခန်းစာများကို လေ့လာ သင်ယူကြရရာ ဒုတိယပို့ချစဉ် သင်ခန်းစာအဖြစ် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိအကြောင်း နာယူ မှတ်သားကြရ၏။
+++++

သတ္တဝါ (၃)မျိုး၊ သို့မဟုတ် (၄)မျိုး

(၁) သံသေဒဇသတ္တဝါ

သံသေဒ = အညှီအဟောက်၊ အညစ်အကြေး
သေဒ = ချွေး
အညစ်အကြေးကို အမှီပြုပြီး သန္ဓေတည်သော သတ္တဝါမျိုး၊ ပိုးလောက်, ယင်ကောင် စသည်မျိုး။
ပန်း၊ သစ်ပင်တို့ကို အမှီပြုပြီး သန္ဓေတည်ခဲ့ကြသည်လည်း ရှိကြောင်း ဆို၏။
ပဒုမဝတီမိဖုရားသည် ပဒုမ္မာကြာ၌ သန္ဓေတည်ကြောင်း၊ ဝေဠုဝတီက ဝါးပင်၌ သန္ဓေတည်ကြောင်း ဆို၏။

(၂) သြပပါတိကသတ္တဝါ

‘သြပပါတိက’သည် ‘ဥပပါတ’မှ လာ၏။
ဥပပါတ = ကျသည်
ကောင်းကင်က ကျလာသလို […]

ရူပသမုဋ္ဌာနနှင့် ရူပကလာပ

“ဦးဇင်း တခါတလေ စဉ်းစားမိတယ်။ ကံကောင်းလွန်းလို့ ဗုဒ္ဓဘာသာဖြစ်ရတာလို့ …”
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် ဇူလိုင်လ ၃-၄ ရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပ ပြုလုပ်သောကြောင့် ဇူလိုင်လ ၃ ရက် စနေနေ့ဝယ် အဘိဓမ္မာသင်တန်း မရှိပေ။
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း အပတ်စဉ် (၄၀) ရူပသမုဋ္ဌာနနှင့် ရူပကလာပအကြောင်း ပို့ချချက်များနှင့် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်, ချုပ်စဉ်, ရုပ်ဝီထိအကြောင်း ပို့ချချက်များကို သင်ယူ နာယူ လေ့လာကြရ၏။
လောကချမ်းသာဆရာတော်က မှတ်သားဖွယ် အထူးရှင်းလင်းဖွယ် အကြောင်းအရာများကို သင်တန်းပို့ချစဉ်အတွင်း သက်ဆိုင်ရာ […]

ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တမြုံ့မြုံ့

တစ်ချိန်က မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူတယ်။
အဲဒီအခါ ဝက်မကလေးတစ်ကောင်ကို မြင်တော်မူပြီး ပြုံးတော်မူပါသတဲ့။
ပြုံးတဲ့အခါ သွားတော်များမှ ဖြူသော ရောင်ခြည်တော်များ ထွက်လာတာကို မြင်ရလို့ ပြုံးတော်မူကြောင်း သိရတဲ့အတွက် အရှင်အာနန္ဒာက “ဘာကြောင့် ပြုံးတော်မူပါသလဲ”လို့ မေးလျှောက်တယ်။
မြတ်စွာဘုရားက – “အာနန္ဒာ … ဟိုမှာ ကြည့်စမ်း၊ ဝက်မကလေးကို မြင်ရဲ့လား”
(မြင်ပါတယ်ဘုရား)
အဲဒီ ဝက်မကလေးဟာ ကကုသန်မြတ်စွာဘုရား၏ သာသနာတော် တည်ထွန်းစဉ်က လူ့ဘဝ အမျိုးသမီးအဖြစ်မှ သေပြီး ဆွမ်းစားကျောင်းတစ်ခုအနီးမှာ ကြက်မ ဖြစ်ခဲ့တယ်။
အဲဒီ ကြက်မဟာ သိန်းငှက်က ဖမ်းသုတ်ပြီး စားလို့ သေရရှာတယ်။
ဒါပေမယ့် စောစောပိုင်းက ယောဂီရဟန်းတစ်ပါး၏ ကမ္မဋ္ဌာန်းတရား ရွတ်ဆိုနေတဲ့ တရားသံကို […]

ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာန

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း ၂-ပတ်စာ၊ အပတ်စဉ် (၃၈)နှင့် (၃၉) သင်ကြားပို့ချချက်များကို လေ့လာ သင်ယူကြခဲ့ရာ အပတ်စဉ် (၃၉) သင်ခန်းစာအဖြစ် ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာနဆိုင်ရာ အကြောင်းအရာများကို နာယူ မှတ်သားကြရ၏။
+++++
စက္ခုနှင့် သောတတို့ အသမ္ပတ္တဂ္ဂါဟက ဖြစ်ပုံ
အသမ္ပတ္တ = မရောက်သေးသော
ဂဟာက = ယူတတ်ခြင်း
“စက္ခုနှင့် သောတတို့ မရောက်သေးသော အာရုံကို ယူတတ်ပုံ”
‘စက္ခုနှင့် သောတတို့က မိမိထံ မရောက်မထိသော အာရုံကို ယူ၏။ ဃာန၊ ဇိဝှါ၊ ကာယတို့က မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟု ယူဆကြ၏။
အချို့က ‘စက္ခု၊ သောတတို့လည်း မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟူ၍ ရှေးကပင် […]

ဟဒယဝတ္ထုနှင့် ရူပဝိဘာဂ

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာများကို လေ့လာသင်ယူကြရသည်။
ရှေးလာမည့် ဇူလိုင်လ ပထမပတ်မှာ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်း ပြုလုပ်နိုင်မည်မဟုတ်သဖြင့် ၂-ပတ်စာ သင်ခန်းစာများကို လေ့လာ သင်ယူကြရခြင်း ဖြစ်၏။
ဦးစွာ လောကချမ်းသာဆရာတော်က သင်ခန်းစာမိတ်ဆက်နှင့် ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ရှင်းလင်း သင်ပြပေး၏။

+++++
ဟဒယဝတ္ထု
နှလုံးသား၏အလယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်လေးအတွင်းရှိ သွေးများအပေါ် ပျံ့နှံ့ပြီး တည်သောရုပ်ကို ဟဒယဝတ္ထုဟု ခေါ်၏။
ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော […]