နည်းနည်းပါးပါး ဖြစ်သော်ငြားလည်း – အရှင်ပညာသီဟ

ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှု၊ ရာထူးမြင့်မားမှု စသည်တို့ကို အစွဲပြု၍ အထက်တန်းလွှာလူတန်းစား၊ အလယ်အလတ်တန်းလွှာလူတန်းစား၊ ဆင်းရဲသားအလွှာလူတန်းစားဟု အကြမ်းဖျင်းအားဖြင့် လောကတွင် လူတန်းစား သုံးမျိုး ရှိ၏။
လူဖြစ်လာရတာချင်းတူပါလျက် ထိုသို့ လူ့အဆင့်အတန်း အမျိုးမျိုး မတူ ကွဲပြား ခြားနားရခြင်း၏ အကြောင်းရင်းကို ရှာသောအခါ ဖန်ဆင်းရှင်ကို ယုံကြည်သူများက ထိုဖန်ဆင်းရှင်၏ အလိုတော်ကြောင့်ဟု ဆို၍၊ ဖန်ဆင်းရှင်ကို မယုံ, ကံကို ယုံသူများက သူတို့ကံကြောင့်ဟု ဆိုကြပေမည်။
ရှုထောင့်အမျိုးမျိုးက ကြည့်လျှင် ထိုအဖြေနှစ်ခုစလုံးကို ကျေနပ်ကြမည် မဟုတ်ပေ။
ချမ်းသာသူ အထက်တန်းလွှာ လူတန်းစားများအနေဖြင့် ဘယ်အကြောင်းကြောင့်ပဲဆိုဆို ဆင်ခြေဆင်လက် တက်စရာ လိုမည် မဟုတ်။
ဆင်းရဲသားများအနေဖြင့်မူ ဖန်ဆင်းရှင်ကို မယုံသူများက ဘာကြောင့် […]