ပစ္စည်းပိုင်း – ပဋိစ္စသမုပ္ပါဒ်နည်း (၂)

“ကောင်းပြီ … တစ်ခုပြောစရာလိုသေးတယ်။
အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။
ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။
Multiplicity of cause and effect – များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။
အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။
ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် […]

ပစ္စည်းပိုင်း – ပဋိစ္စသမုပ္ပါဒ်နည်း (၁)

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လောကချမ်းသာဘုရားကျောင်းတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခြင်း၊ စုပေါင်း ဆွမ်းကပ်ခြင်း၊ အနုမောဒနာတရား နာကြားခြင်း၊ သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ဝယ် ပြုလုပ်မည့် ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ရွက်ထည်တဲထိုးခြင်း စသည်တို့ကြောင့် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၇) သင်ခန်းစာဖြစ်သော ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်နည်း (၁) သင်ခန်းစာကို ညနေ ၄ နာရီခွဲမှ နာယူ မှတ်သား သင်ယူ လေ့ကျက်ကြရ၏။

ပစ္စည်းပိုင်း
ပရမတ္ထတရားလေးပါးတို့ကို သဘောတူချင်း ပေါင်းစု၍ သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီးနောက် ထိုသဘာဝဓမ္မတို့သည် တန်ခိုးရှင် နတ် ဗြဟ္မာတို့က ဖန်ဆင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းကင်း၍ ပေါ်လာသည် […]

ကုသိုလ်လည်း ရ … ဝမ်းလည်း ဝ … ကုသိုလ်လည်း ရ

အေဘီဘီအေအသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပထမဆုံးအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို ယခုနှစ် ‘ပြုလုပ်မည်’ ‘မပြုလုပ်’ဟု ဆွေးနွေး တိုင်ပင်ကြသည်မှာ အကြိမ်ကြိမ် အခါခါ ဖြစ်၏။
နောက်ဆုံးတွင် ‘ဖြစ်တယ်ဆိုရုံလေးပဲဖြစ်ဖြစ် လုပ်ကြစို့’ဟု အဖြေထွက်လေသည်။
လိုအပ်သော ရွက်ထည်တဲ သုံးခုကို နယူးဂျာစီမဟာစည်ရိပ်သာကျောင်းမှ ခေတ္တ ငှားယူရ၏။ ကိုသိန်းဝင်း မအားလပ်သဖြင့် သူတို့၏ ထရပ်ကားကို ယူကာ ဦးဓာတ်ကျော်က ကူညီ သယ်ယူပေး၏။
နယူးဂျာစီမဟာစည်ရိပ်သာကျောင်းမှာ ရွက်ထည်တဲကို အသုံးပြုနေကြ၊ သူ့လူနှင့်သူ တက်ညီလက်ညီ ဆောင်ရွက်လုပ်ကိုင်နေကြဖြစ်ရာ ပူစရာ မရှိ။
နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ကား ပွဲတော်များကို အဆောက်အဦအတွင်း၌သာ ကျင်းပ ပြုလုပ်မြဲဖြစ်ရာ ရွက်ထည်တဲထိုးရန် အတွေ့အကြုံရှိသူ ရှား၏။
အေဘီဘီအေအသင်း အတွင်းရေးမှူး ဦးစောဝင်းကား အသင်း၏ ပွဲတော်များကျင်းပပုံ ကိစ္စအရပ်ရပ်၌ အတွေ့အကြုံ အများဆုံးရှိသူတစ်ဦးဖြစ်ရာ လိုအပ်သည်များကို ထောင့်စေ့အောင် ကြိုတင် စီစဉ် […]

ဥယျာဉ် နဲ့ စိုက်ခင်း

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း၏ အမေး
စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း ရှိခိုး နားတော်လျှောက်ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။
(၁) ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း။
(၂) စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣနြေ္ဒ, ဗိုလ်, မဂ္ဂင်, ဈာနင် စသော အဘိဓမ္မာကျမ်းကို တတ်ကျွမ်းသည်နှင့် မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည် ဟု ဘာဝနာမယကို အားကျသူတစ်မျိုး၊ မတိုးသာ မရှောင်သာ လူနှစ်ဦးတို့ ဆည်းပူးကြသည့်အရာမှာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့လက်ထက် အာသဝေါကင်းကွာ၍ […]

သမုစ္စည်းပိုင်း – သဗ္ဗသင်္ဂဟ

“လောကီဘုံဝယ်

သာယာဖွယ်ဟု

တာတွယ်လေငြား

ဝေနေများကို

တရားသံဝေ

ရပါစေဟု

ထွေထွေဒုက္ခ ဦးစွာ ပြ၏။

ဒုက္ခသောင်းပြောင်း

တရားပေါင်းလည်း

အကြောင်းမဲ့စွာ

မဖြစ်ရာရှင့်။

မဟာဗြဟ္မ

ထာဝရဟု

ဘုရားတစ်သင်း

မဖန်ဆင်းတည့်

ထန်ပြင်းသော့သွမ်း

တဏှာစွမ်းကြောင့်

ပရမ်းပတာ

ဖြစ်ကြရာဟော

သမုဒယော။

သုံးလောကတွင်

ဒုက္ခထင်၍

လွတ်ခွင်ထွက်ရာ

ရတက်ဖြာသော်

သက်သာစေရန်

အနေဖန်လျက်

ခေမံနိရောဓ

သုံးကြိမ် ပြ၏။

နိဗ္ဗာနနန်း

ရောက်ဖို့မှန်းက

ဤလမ်းဖြင့်တက်

ဤမဂ်ကိုပွား

မိန့်သည့်လားသို့

လေးပါးမြောက်တွင်

မဂ်လမ်းထွင်သည်

ဟောစဉ်လက်ရိုး ဆူဆူတည်း။”
….. သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမ ဒုက္ခလာသလဲ?၊ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ? ဆိုတာကို နားလည်ဖို့ ကောင်းတယ်။
ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်။
အဲဒီတော့ လင်္ကာလေး ဖတ်ပြမယ် နော်။

“လောကီဘုံဝယ်၊ သာယာဖွယ်ဟု၊ တာတွယ်လေငြား၊ ဝေနေများကို၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ ဦးစွာပြ၏။”
လောကီမှာ သာယာစရာ တွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။
ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ် တဲ့။

“ဒုက္ခသောင်းပြောင်း၊ တရားပေါင်းလည်း၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာရှင့်။”
ဒီဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာ မဟုတ်ဘူး တဲ့။
“မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ […]

သမုစ္စည်းပိုင်း – ဗောဓိပက္ခိယသင်္ဂဟ

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ သင်တန်း အပတ်စဉ် (၄၅)နှင့် (၄၆) သင်ခန်းစာများကို နာယူ သင်ယူ မှတ်သားကြရရာ အပတ်စဉ် (၄၅) သင်ခန်းစာမှာ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟ သင်ခန်းစာ ဖြစ်၏။

ဗောဓိပက္ခိယ
ဗောဓိ = သစ္စာလေးပါးတရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယမဂ်ဉာဏ်၏
ပက္ခ = ဘက်တော်သား၌
အိယ = ဖြစ်သော တရား
အရိယမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်သော တရားများဟု ဆိုလို၏။
ထို ဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာ သိမ်းယူကြောင်း အကျဉ်းပြဆိုခြင်းသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။
ဗောဓိပက္ခိယတရားများမှာ သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣနြေ္ဒ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် […]

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၃) – (ရွှေတောင်ကုန်းဆရာတော်)

သတိပဋ္ဌာန်ဘာဝနာတရား ပွားနေလို့ရှိရင် အားလုံး .. တရားတွေ ဒီအထဲမှာ အကျုံးဝင်နိုင်တာပဲတဲ့။
များများ အထူးပွားဖို့ မလိုပါဘူး။
ကဲ .. ဆိုရအောင်။
“သတိပဋ္ဌာန်၊ ပွားစေက၊ ဓမ္မအားလုံး ပြည့်နိုင်သည်။”
ပေါ်တာ ရှုတာပါပဲ။ ရှုအားသန်သွားတဲ့အခါ ဒီထဲမှာ မြတ်စွာဘုရား အဆုံးအမ ပြည့်စုံလာတော့တာပဲ။
“ယေသံ ကေသဉ္စိ ဘိက္ခဝေ စတ္တာရော သတိပဋ္ဌာနာ ဝိရဒ္ဓါ၊ ဝိရဒ္ဓေါ တေသံ အရိယော မဂ္ဂေါ သမ္မာ ဒုက္ခက္ခယဂါမီ”
“ယေသံ ကေသဉ္စိ ဘိက္ခဝေ စတ္တာရော သတိပဋ္ဌာနာ အာရဒ္ဓါ၊ အာရဒ္ဓေါ တေသံ အရိယော မဂ္ဂေါ သမ္မာ ဒုက္ခက္ခယဂါမီ”
(မဟာဝဂ္ဂသံယုတ်၊ သတိပဋ္ဌာနသုတ်၊ ၁၅၇)
သတိပဋ္ဌာန်တရားလေးပါး မပွားမိဘဲ လွဲချော်သွားတဲ့ ပုဂ္ဂိုလ်တွေမှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားလည်းပဲ လွဲချော်ပြီး မပြည့်စုံတော့ဘူး။
သတိပဋ္ဌာန်တရားလေးပါးကို ဆရာ့ထံ နည်းခံပြီးတော့ ပြည့်စုံကျေနပ်လောက်တဲ့အထိ အချိန်ယူပြီး […]

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၂) – (ရွှေတောင်ကုန်းဆရာတော်)

အဲဒီလို အနေအထားမျိုး ဖြစ်မှာကိုပဲ ရွှေဥမင်ဆရာတော်ဘုရားကြီးက ဘုန်းကြီး မဟာဗောဓိတောရစခန်းမှာ အနားယူနေတုန်းက သာသနာပိုင်ဖြစ်မယ့် လမ်းစဉ် လိုက်နေတော့တာတဲ့။
ရှေးက ဆရာတော်ဘုရားကြီး ဒီအတိုင်းပဲ မိန့်ခဲ့ပါတယ်။
အဲဒါ စိတ်ထဲက စွဲနေတာ။
ဘုန်းကြီးအပေါ် နောင်တော်ကြီးတစ်ပါးအနေနဲ့ရော၊ တကယ့်သီတင်းသုံးဖော်ကောင်းတစ်ပါးအနေနဲ့ပါ ကျောက်တန်း မဟာဗောဓိတောရမှာ အနားယူနေစဉ်က ပြောခဲ့တဲ့ စကားက နှလုံးထဲ အသည်းထဲမှာ စွဲပြီး ကျန်နေတာ အခုထက်ထိ အသံလေး ကြားယောင်နေပါသေးတယ်။

ရွှေဥမင်ဆရာတော်ဘုရားကြီး၊ ဦးသုခ၊ (ဓာတ်ပုံ-အင်တာနက်)
အဲဒီလို သတိတရား ပေးခဲ့တဲ့ ဆရာတော်ကြီး လွန်ခဲ့တဲ့ လေးရက်က စံလွန်တော်မူသွားပါပြီ။
အားကိုးလောက်တဲ့ ဆရာတော်ကြီး စံလွန်တော်မူသွားပါပြီ။
ဒီဆရာတော်ကြီးကို အမှီပြုနေတဲ့ ရှင်ရဟန်းအပါအဝင် အမျိုးသား အမျိုးသမီး ပုဂ္ဂိုလ်များဟာ ဒီလို ဆရာတော်ကြီးကို အမှီပြုရတဲ့အတွက် ဘယ်လောက် အတိုင်းအတာအထိ ဆရာတော်ဘုရားကြီးရဲ့ အလိုဆန္ဒအရ သာသနာပိုင်ကြပြီလဲဆိုတာ ကိုယ့်ကိုယ်ကို စစ်တမ်းထုတ်ဖို့ လိုပါတယ်။
တစ်ကိုယ်ရည် […]

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၁) – (ရွှေတောင်ကုန်းဆရာတော်)

၁၃၆၄ ခု တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ (၂၃-နိုဝင်ဘာ-၂၀၀၂) စနေနေ့။
ဒီကနေ့ည ဘုန်းကြီးများ လွန်ခဲ့တဲ့ ၄-ရက်က (၁၃၆၄ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ ၂၀-နိုဝင်ဘာ-၂၀၀၂၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃း၃၀ နာရီ ပျံလွန်တော်မူသည်။) စံလွန်တော်မူလေတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီး ဈာပနပွဲမှာ ဒီက အရှင်မြတ်များက ဘုန်းကြီးများကို တရားတစ်ည ဟောဖို့ ပန်ကြား လျှောက်ထားတာနဲ့ ဘုန်းကြီးက (၂၃)ရက်နေ့တော့ ဖြစ်ပါလိမ့်မယ်လို့ ကတိပေးလိုက်တာနဲ့မို့ တရားဟောဖို့ အခွင့်ရောက်လာပါတယ်။

ရွှေဥမင်ဆရာတော်ဘုရားကြီး
တရားဟောရမယ်ဆိုလို့ရှိရင်တော့ သုတ္တန်တစ်ခုခုကို ထုတ်ပြီးတော့ ဟောမှ သင့်မှာပါပဲ။
ဒါပေမယ်လို့ ဘုန်းကြီးများကတော့ ရွှေဥမင်ဆရာတော်ဘုရားကြီးနဲ့ အတူတူ တော်တော်လေး နှစ်ကြာကြာ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လက်အောက်မှာပင် ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ နေခဲ့ပါတယ်။
စပြီးတော့ တွေ့ဆုံတာလည်းပဲ အဲဒီ ကမ္မဋ္ဌာန်းဆရာ မလုပ်ခင်က စပြီး […]

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

၂၀၁၀ ခုနှစ် သြဂုတ်လ ၈ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပ ပြုလုပ်၏။
နံနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်း စုပေါင်း ရဟန်းခံပွဲနှင့် ရဟန်းတော်များအား သိမ်ဆင်းလောင်းလှူပွဲကို ပြုလုပ်၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ အချိုမုန့်၊ သစ်သီးများဖြင့် ကပ်လှူ ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ နေ့လယ်တွင် ဧည့်ပရိသတ်များအား နေ့လယ်စာ မြန်မာထမင်းဟင်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဧည့်ခံ ကျွေးမွေး၏။
ဆွမ်းနှင့် နေ့လယ်စာ အလှူရှင်မှာ ဒေါက်တာတင်မြင့်နှင့် ဒေါက်တာခင်ခင်လှ၊ သား – […]