နတ္ထိ ဓမ္မဒေသနာယ ဟာနိ – မြောင်းမြဆရာတော် အရှင်ဉာနိက

ဗုဒ္ဓဘုရားရှင်ရဲ့ အာဝေနိကဂုဏ်တော် တစ်ဆယ့်ရှစ်ပါးထဲမှာ ထူးထူးခြားခြား မှတ်သားလောက်တဲ့ ဂုဏ်တော်တစ်ခုက “နတ္ထိ ဓမ္မဒေသနာယ ဟာနိ”တဲ့။

သတ္တဝါတို့အား မသိသေးတဲ့တရားတွေ သိရအောင်၊ မကြားဖူးတဲ့တရားတွေ ကြားရအောင်၊ မကျင့်ရဖူးသေးတဲ့ တရားတွေ ကျင့်ရအောင် ဟောပြောဖို့ရာ ဘယ်အခါမှ နောက်မဆုတ်ဘူးတဲ့။ ကြောင့်ကြ အမြဲတမ်း စိုက်၍ နေတယ်တဲ့။
အဲဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေဟာ … အခြားအခြားသော ဂုဏ်တော်တွေဟာလည်း အင်မတန် အံ့သြဖွယ် ကြည်ညိုဖွယ် ကောင်းတယ် … အဲဒီ ဂုဏ်တော်တစ်ခု စဉ်းစားလိုက်ရင် အတော်ပဲ လူ နတ် ဗြဟ္မာ သတ္တဝါတို့အပေါ်မှာ ကရုဏာကြီးလို့ သနားကြင်နာကြီး,ကြီးလို့ ခံစားရတယ်။
အဲဒါကြောင့် ကုသိုလ်ကောင်းမှု၊ ရတနာသုံးပါးနဲ့ဆိုင်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုတဲ့အခါကျရင် သေချာ တရားနာရတယ်။ တိုတိုဖြစ်စေ ရှည်ရှည်ဖြစ်စေ၊ တစ်လုံး မှတ်မိ မှတ်မိ၊ […]

မဟာသတိပဋ္ဌာနသုတ် – အရှင်ကုဏ္ဍလာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

Tape 1-A

Download 1-A (Right click and save it)
Tape 1-B

Download 1-B (Right click and save it)
Tape 2-A

Download 2-A (Right click and save it)
Tape 2-B

Download 2-B (Right click and save it)
Tape 3-A

Download 3-A (Right click and save it)
Tape 3-B

Download 3-B (Right click and save it)
Tape 4-A

Download 4-A (Right click and save it)
Tape 4-B

Download 4-B (Right click and […]

အဘိဓမ္မာအခါတော်နေ့

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက် စနေနေ့မှ အပတ်စဉ် စနေနေ့တိုင်း အဘိဓမ္မာသင်တန်းကို ပို့ချလာခဲ့ရာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက် စနေနေ့ဝယ် တစ်နှစ်တိတိ ပြည့်၏။
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်၏။
ထို့ကြောင့် အဘိဓမ္မာသင်တန်းသူသင်တန်းသားများနှင့် အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်း အလုပ်အမှုဆောင်များ စုပေါင်းကာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပကြ၏။
(video)

အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၊ အလုပ်အမှုဆောင်များသည် ဘုရားပန်း၊ အမွှေးတိုင်၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုမုန့်များ ယူဆောင်လာကြပြီး၊ နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် […]

နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၂-အောက်တိုဘာ-၂၀၁၀)

နယူးဂျာစီကျောင်းတွင် ရိပ်သာတွင်း လမ်းများ ပြုပြင်ခြင်း၊ လမ်းအမှတ်အသား, ကားရပ်နားရန် ဆိုင်းများ ပြုလုပ်ခြင်း၊ ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်မည့် နေရာကို ရှင်းလင်းခြင်းနှင့် ခြံဝင်းခတ်ရန် ပြုလုပ်ခြင်းတို့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်၌ ဆက်လက် ဆောင်ရွက်ကြ၏။
(video)
(အထက်ပါ ဓာတ်ပုံများကို ဤနေရာ၌လည်း ကြည့်နိုင်ပါသည်။)

နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၁-အောက်တိုဘာ-၂၀၁၀)

နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် မြို့နယ်လမ်းနှင့် ရိပ်သာလမ်းတို့ ဆက်သွယ်ခြင်း၊ လမ်းဘေးတွင် မြေများ ပြန်ဖို့ပြီး မြက်များ ပြန်စိုက်ပေးခြင်း စသည်တို့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့၌ ဆက်လက် ဆောင်ရွက်နေကြစဉ်။

နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၀-အောက်တိုဘာ-၂၀၁၀)

နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်လမ်းနှင့် မဟာစည်သာသနာ့ရိပ်သာလမ်းတို့ ဆက်သွယ်ရေးအတွက် ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့၌ ဆက်လက် ဆောက်ရွက်နေကြစဉ်။

နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၁၈-အောက်တိုဘာ-၂၀၁၀)

နယူးဂျာစီ၊ မနာလပန်မြို့နယ်လမ်းနှင့် မဟာစည်သာသနာ့ရိပ်သာလမ်း ဆက်သွယ်ရေးအတွက် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့၌ ဆက်လက် ဆောင်ရွက်နေကြစဉ်။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြား လေ့လာခြင်း မပြုမီ မွန်းလွဲ ၂ နာရီခွဲမှ စ၍ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား အစီအစဉ်ကို အစမ်း လေ့ကျင့် ပြုလုပ်ကြ၏။

အဘိဓမ္မာ ခုနစ်ကျမ်း ပါဠိတော်ကောက်နုတ်ချက်များ၏ အသံထွက် မှန်ကန်စေရေးအတွက် လောကချမ်းသာဆရာတော်က အထူး ဂရုစိုက် သင်ပြပေး၏။
ညနေ ၄ နာရီမှ ၅ နာရီအထိ အဘိဓမ္မာသင်ခန်းစာများကို ပြန်လှန် သင်ကြား လေ့လာကြပြီး၊ ညနေ ၆ နာရီခွဲ၌ တရားပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ ဘော်လ်တီမိုး အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက “ဓမ္မစကြာတရားတော်”ကို ဟောကြား ချီးမြှင့်၏။

တရားပွဲကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ […]

မီးထွန်းပွဲနှင့် ဝါကျွတ်ကန်တော့ပွဲ – အရှင်မဟောသဓပဏ္ဍိတ

“သီတင်းကျွတ်လ”သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အထွတ်အမြတ်ပြုအပ်သော ‘လ’ ဖြစ်သည်။
ဝါဆိုလမှ စ၍ ဝါတွင်းသုံးလတိုင်တိုင် သီတင်းသီလဆောက်တည်ကျင့်သုံးခဲ့ကြရာမှ ကျွတ်လွတ်ပြီဟူသော အထိမ်းအမှတ်ဖြင့် “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ကြဟန် တူပေ၏။
ထို့ပြင် ဗုဒ္ဓသားတော် ရှင်ရဟန်းတို့အနေဖြင့် ဝါတွင်းသုံးလ ဒေသစာရီ ကြွချီမှု မရှိဘဲ တမိုးခို တဝါဆို သီတင်းသုံးခဲ့ရာမှ ကျွတ်လွတ်သော ‘လ’ဖြစ်၍လည်း “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် တခြားသောလများ၌ ဥပုသ်သီလ မစောင့်သုံးနိုင်စေကာမူ ဝါတွင်းသုံးလ၌ကား လဆန်း-လဆုတ် ရှစ်ရက်၊ လပြည့်-လကွယ်နေ့များတွင် ကြိုးစား၍ ဥပုသ်စောင့်သုံးကြသည်က များပေသည်။
မြန်မာ့ကျေးလက်ဒေသများတွင် သာမန် နေ့ရက်များ၌ ဖြစ်သလို ချက်ပြုတ်စားကြ ရောင့်ရဲတင်းတိမ်ကြသော်လည်း ဥပုသ်နေ့မျိုးတွင်ကား ဘုရားရှင်နှင့် ရဟန်းသံဃာတော်များအား ဦးဦးဖျားဖျား ဆွမ်းကပ်လှူကြရမည်ဖြစ်၍ ပံ့သကူ အမဲသား ငါး ဟင်းလျာများကို ဆီရွှဲရွှဲနှင့် ချက်ပြုတ်လာလေ့ရှိကြသည်။ […]