နယူးဂျာစီ မဟာစည်ရိပ်သာ တည်ဆောက်ရေး လုပ်ငန်းများ

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ရိပ်သာအဝင်လမ်းဘေးဆိုင်ရာ လုပ်ငန်းများနှင့် ပျက်စီးနေသော ရေပိုက်များကို ပြုပြင် ဆောင်ရွက်ကြ၏။

ပဉ္စမအကြိမ် နယူးဂျာစီကျောင်း နိဗ္ဗာန်ဈေး

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် တည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေရရှိရန် ပဉ္စမအကြိမ် နိဗ္ဗာန်ဈေးရောင်းပွဲကို ရိပ်သာဝင်းအတွင်း၌ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက် တနင်္ဂနွေနေ့က ကျင်းပ ပြုလုပ်ခဲ့၏။
ယခင် နိဗ္ဗာန်ဈေးများနည်းတူ နိဗ္ဗာန်ဈေး ဖြစ်မြောက်အောင် စီစဉ် ဆောင်ရွက်ကြသူများ၊ တဲထိုးခြင်း, စားပွဲ ကုလားထိုင် နေရာ ခင်းကျင်းခြင်း, သိမ်းဆည်းခြင်း, သန့်ရှင်းရေးလုပ်ခြင်း, ကားရပ်ရန် နေရာချပေးခြင်း စသည့် လုပ်အားပေးသူများ၊ ရောင်းချသူ, ဝယ်ယူစားသုံးသူ, နိဗ္ဗာန်ဈေးသို့ လာရောက် စားသောက်ရန် တိုက်တွန်းအားပေးသူများ အားလုံး၏ အလှူဖြစ်ရာ ဝမ်းမြောက် ကြည်နူး ပီတိဖြာ၍ သာဓုခေါ်တော်မူကြပါကုန်။

၂၀၁၀ ခု အောက်တိုဘာလ ၁၀ ရက်၊ တနင်္ဂနွေနေ့
ပဉ္စမအကြိမ် နယူးဂျာစီ […]

ဆန္ဒ နှင့် ဘဝ

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၉ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း အဘိဓမ္မာသင်တန်း၌ စေတသိက်ပိုင်းနှင့် ပကိဏ်းပိုင်းတို့ကို လောကချမ်းသာဆရာတော်က မူလပဋ္ဌာန်းဆရာတော်၏ ဇယားများနှင့် ဆိုရိုးများဖြင့် အလွယ်တကူ နားလည် သဘောပေါက်စေရန် အထူး သင်ကြား ပို့ချပေး၏။
အဘိဓမ္မာသင်ခန်းစာများ ပြန်လည် ပို့ချသင်ကြားပေးခြင်း ပြီးသော်၊ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော အရှင်ပညာနန္ဒက “သာသနာအကြောင်း၊ ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒအကြောင်း၊ ဆန္ဒနှင့်ဘဝအကြောင်း” ဟောကြား ချီးမြှင့်၏။

တရားပွဲအပြီးတွင် ၁၀-မိနစ်ခန့် တရား ရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြပါသည်။
သာဓု … သာဓု … သာဓု။

နယူးဂျာစီကျောင်း တည်ဆောက်ရေး လုပ်ငန်းများ – အရှင်ပညာသီဟ

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းက တရားရိပ်သာအဖြစ် တည်ဆောက်ရန် ရည်မှန်း၍ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့တွင် မြေ ၅-ဧက ကျယ်ဝန်းသည့် နေရာကို ၁၉၉၅ ခုနှစ်က ဝယ်ယူခဲ့ပါသည်။
စေတီတော်နှင့် တရားရိပ်သာဆောင် အသစ် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြေအကျယ်အဝန်းကို ဦးစားပေး ရွေးချယ်ခဲ့ရာ အသင့်ပါရှိသည့် အဆောက်အဦကလေးမှာ သိပ်ကျယ်ဝန်းလှသည် မဟုတ်ပေ။
အိပ်ခန်း နှစ်ခန်းနှင့် ရေချိုးခန်း-အိမ်သာတစ်ခန်းသာ ပါဝင်သည်။
စာရေးသူ ရောက်ခါစက တွေ့ရသည့် အဆောက်အဦကလေး၏ အနေအထားမှာ ပြုပြင်စရာ များစွာ လိုနေသည်ကို တွေ့ရပါသည်။ … ဝယ်ခါစက ဒါထက် ဆိုးတယ်။ တတ်နိုင်သလောက် တပည့်တော်တို့ ပြင်ထားလို့ ဒီလိုအခြေအနေ ရှိနေတာ … လို့ ဆရာတော် ဦးအဘယာလင်္ကာရက ရှင်းပြပါသည်။
စာရေးသူနှင့် ဦးအဘယာလင်္ကာရတို့ အတူနေစဉ် အပေါ်ထပ်ခိုးရှိ ဘုရားစင်ကို လဲလှယ်ခြင်း၊ […]

နတ်တို့မှာတမ်း စကားဆန်း

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာ တရားပွဲတို့ကို ကျင်းပ ပြုလုပ်မြဲ ပြုလုပ်ကြ၏။
၂၀၀၉-၂၀၁၀ ခုနှစ် အဘိဓမ္မာသင်တန်းမှာ ယခင်အပတ်တွင် နောက်ဆုံးသင်ခန်းစာကို ပို့ချခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ၏ စနေနေ့ ပထမ သုံးပတ် (အောက်တိုဘာ ၂, ၉, ၁၆)တို့တွင် အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် လေ့လာခြင်းနှင့် အောက်တိုဘာလ ၂၃ ရက် စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့တွင် အဘိဓမ္မာအခါတော်နေ့ကို ကျင်းပ ပြုလုပ်ရေးအလုပ် ပြင်ဆင်မှုများ ပြုလုပ်ကြမည် ဖြစ်၏။
ယခုအပတ် အောက်တိုဘာလ ၂ ရက် စနေနေ့တွင် ရှေးဦးစွာ မွန်းလွဲ ၃ နာရီမှ ၄ […]