ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၇-နိုဝင်ဘာ-၂၀၁၀)

အဆိုးဆုံးအခြေအနေအဖြစ် မြေအောက်ရေမြင့်တက်လာခြင်းကြောင့် အဆောက်အဦ၏ အောက်ခြေသို့ ရေဝင်လာမည်ဆိုပါက ထိုရေများကို စုပ်ထုတ်ပစ်နိုင်ရန် ဇကာပေါက်ငယ်များ ဖောက်ထားသည့် ပိုက်များကို ချထားစဉ်။

တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီးတယ် – အရှင်ဣန္ဒက

၂၀၀၃ ခုနှစ် ဇွန်လ ၇ ရက် စနေနေ့။
အမေရိကန်၊ အင်္ဂလန် စသည့် နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်ကြသော မြန်မာပြည်ဖွား ဗုဒ္ဓဘာသာများသည် မိမိတို့ နေထိုင်ရာ အိမ်ဂေဟာများမှာလည်းကောင်း၊ ဘုရားကျောင်းကန်များသို့ သွား၍လည်းကောင်း အလှူပွဲများကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိကြပါသည်။
ယနေ့လည်း မောင်ကျော်လွန်ထွန်း၊ မစုစုမော်တို့ အိမ်မှာ လောကချမ်းသာဘုရားကျောင်းမှ သံဃာတော်များအား ပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ပွဲ ပြုလုပ်၍ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။
ဤဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းသည့် ဇနီးမောင်နှံနှစ်ဦးဖြစ်၏။ အကြောင်းမှာ လွန်ခဲ့သော လေးနှစ်က အင်မီဂရင့်ဒီဗွီမဲပေါက်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်လာကြခြင်း ဖြစ်၏။
သူတို့ နယူးယောက်ကို ရောက်ပြီးနောက် မကြာမီမှာပင် မိမိတို့ကျောင်းကို လာပြီး ဘုရားဖူးကြရာမှ မိမိနှင့် သိကျွမ်းခဲ့ကြသည်။ ဆရာ-ဒကာ ဖြစ်ခဲ့ကြရသည်။
ယခုနှစ် ဧပြီလထဲမှာ မြန်မာပြည်သို့ ပြန်လည်ကြပြီး […]

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၄-နိုဝင်ဘာ-၂၀၁၀)

မိုးသည်းထန်၍ မြေအောက်ရေမျက်နှာပြင် မြင့်တက်လာပြီး အုတ်မြစ်အောက်ခြေသို့ ရေဝင်လာမည်ဆိုက ဝင်လာသော ရေများကို အလွယ်တကူ ထုတ်ပစ်နိုင်ရန် ကျောက်စရစ်ခဲများ ခင်းခြင်းနှင့် ရေပိုက်များ ထည့်သွင်းခြင်း လုပ်ငန်းများကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က ဆောင်ရွက်နေကြစဉ်။

လုပ်အားဒါန (၂၀-နိုဝင်ဘာ-၂၀၁၀)

စတင် တည်ဆောက်နေပြီဖြစ်သော နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် လုပ်အားပေးပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် စနေနေ့က ပြုလုပ်ခဲ့ကြ၏။
ယခု လုပ်အားပေးပွဲသို့ အင်ဂျင်နီယာ ဦးမောင်မောင်၊ ဦးစိန်မြင့်၊ ဒေါက်တာခင်မောင်၊ ဦးစောဝင်း၊ ဦးကျော်သူမြတ်၊ ဒေါ်လော်ရင်းချင်း စသော အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်များနှင့် နယူးဂျာစီမှ ကိုဖိုးသားတို့ လာရောက်ကြသည်။
လုပ်အားပေးပွဲ မစတင်မီ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ နာယကဆရာတော် ဦးပညာသီဟနှင့် သီတင်းသုံးဖော် ဦးသောဘနတို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ထိုနောက် မြေတူးရာမှ ထွက်လာသည့် မြေကြီးများကို ယာယီ စုပုံထားသော နေရာမှ အခြားတစ်နေရာသို့ စီးမျောမသွားစေရန် ဆောက်လုပ်ရေးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိုင်များစိုက်ထူ ပလပ်စတစ်အကာများဖြင့် ကာရံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြ၏။
ဒေါက်တာခင်မောင်နှင့် ဦးကျော်သူမြတ်တို့က ဦးမောင်မောင် […]

ဗလိ ငါးပါး – အရှင်ကစ္စာယန

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လွန်ခဲ့သော တစ်လက ကွယ်လွန်သွားခဲ့သူ ဒေါက်တာဒေါ်မြမြအေးကို အကြောင်းပြု၍ ကျန်ရစ်သူ မိသားစု ဆွေမျိုးများ၊ မိတ်ဆွေသင်္ဂဟများ ပေါင်းစုကာ ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ် ကောင်းမှုကုသိုလ်ပြုလုပ် အမျှပေးဝေကြ၏။
ဆွမ်းအနုမောဒနာတရားတော်ကို ဘော်လ်တီမိုးမြို့ အရှင်ကေလာသဝိဟာရမှ ဆရာတော် အရှင်ကစ္စာယနက ဟောကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း ဝတ္ထုသင်္ဂဟအကြောင်း ပြန်လည် သင်ကြား လေ့လာခြင်းနှင့် ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီထိ မဟာသတိပဋ္ဌာနသုတ်တော် သင်ကြား လေ့လာခြင်းတို့ကို လောကချမ်းသာဆရာတော်က ပို့ချပေး၏။

ဝေဒနာ အဖြေရှာ – အရှင်ပညာသီဟ

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါကို ကာကွယ်နိုင် ကုသနိုင်တဲ့ ဆေးဝါးတွေ ယခုအထိ မပေါ်သေးတဲ့အတွက် ဒီရောဂါဖြစ်ကြတဲ့ ဝေဒနာရှင်တွေဟာ မျှော်လင့်ချက် ကင်းမဲ့ပြီး စိတ်ဓာတ်ကျဆင်းတတ်ကြပါတယ်။ အချို့ဆိုရင် စိတ်သောကဖိစီးလွန်းတဲ့အတွက် သေကြောင်းကြံကြတာမျိုး၊ ရူးသွပ်သွားတာမျိုးအထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အေအိုင်ဒီအက်စ်ရောဂါနဲ့ အလားတူ ပြင်းထန်တဲ့ အခြားရောဂါဝေဒနာတွေကို ခံစားနေကြရသူတွေအနေနဲ့ သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေ သက်သာသွားအောင် ဗုဒ္ဓနည်းလမ်းအရ ဘယ်ပုံဘယ်နည်း တွေးခေါ် ကျင့်ကြံ ဆောင်ရွက်သွားသင့်တယ်ဆိုတာကို မိန့်ကြားပေးတော်မူပါဘုရား။
ဖြေ။ ။ ပြင်းထန်တဲ့ ရောဂါဝေဒနာ စွဲကပ်လာပြီး၊ ကုသလို့လည်း မရတော့ဘူး, ဒီရောဂါနဲ့ပဲ သေရတော့မယ်လို့ သိနေတယ်ဆိုရင် စိတ်ဆင်းရဲမှု ဖြစ်တာဟာ သာမန်လူသားတွေအတွက် […]