ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၉-ဒီဇင်ဘာ-၂၀၁၀)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး ဒုတိယအဆောင်အတွက် မြေတူးမှုလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆက်လက် ဆောင်ရွက်နေကြစဉ်။

ကျောင်းရှေ့လူသွားလမ်းကိုလည်း ပြုပြင် ဆောင်ရွက်။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၅-ဒီဇင်ဘာ-၂၀၁၀)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့မြင်ရစဉ်။

+++++
ဓာတ်ပုံ – ဆရာစိန်

စိတ္တနိယာမ

“စိတ်တို့၏ အစဉ်အတန်းကို စိတ်ဝီထိ၊ ရုပ်တို့၏ အစဉ်အတန်းကို ရုပ်ဝီထိ ဟူ၍ သာသနာတော်ဝယ် အတော် ထင်ရှား, အသုံးများသော သိဖွယ်တစ်ရပ် ရှိ၏။
ထိုဝီထိကို နားမလည်လျှင် များစွာသော ပါဠိတော် အဋ္ဌကထာဝယ် (အထူးအားဖြင့် ပဋ္ဌာန်းဆိုင်ရာဝယ်) ယောင်လည်လည် ဖြစ်ကြရသည်။
ဝိပဿနာကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်သော ယောဂီပုဂ္ဂိုလ်များအတွက် အနိစ္စ, ဒုက္ခ, အနတ္တ ထင်မြင်နိုင်ဖို့ အချက်မှာ ဤဝီထိများသာလျှင် အသက်ပမာ ဖြစ်၏။
ထို့ကြောင့် သာသနာတော်၏ နှလုံးသည်းပွတ်ပမာ လွန်စွာ အရေးကြီးသော ဝီထိ၏ အကြောင်းအရာကို ကောင်းစွာ နားလည်ထိုက်ကြပေသည်။”
(တောင်မြို့ဆရာတော် အရှင်ဇနာကာဘိဝံသ၏ ‘ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ’ နိဒါန်း မှ)
+++++
စိတ္တနိယာမ
‘စိတ္တနိယာမ’ဆိုသည်ကား အဆင်း, အသံ အစရှိသော အာရုံတို့သည် မျက်စိ, နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည်ရှိသော် စီမံ […]

သတိပဋ္ဌာန် လေးပါး

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြားခြင်းနှင့် မဟာသတိပဋ္ဌာနသုတ်သင်တန်းတို့ကို မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပ ပြုလုပ်၏။
နံနက်ပိုင်းတွင် အဘိဓမ္မာသင်တန်းသား တစ်ဦးဖြစ်သူ ဦးထိန်လင်း၏ ဦးလေးအတွက် ရက်လည်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ တရားတော်နာ ရေစက်ချ အမျှပေးဝေခြင်း ဆွမ်းကပ်ပွဲ ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသော မိတ်ဆွေများနှင့် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများလည်း လာရောက်ကြ၏။
အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် သင်ကြားရာ ဝီထိပိုင်း၊ ပဉ္စဒွါရဝီထိများအကြောင်းနှင့် မဟာသတိပဋ္ဌာသုတ်၊ ဣရိယာပထပဗ္ဗပိုင်းတို့ကို လောကချမ်းသာဆရာတော် ပြန်လည် သင်ကြား ပို့ချပေး၏။
+++++
သတိပဋ္ဌာန် လေးပါး
မေး။ ။ အဘယ့်ကြောင့် သတိပဋ္ဌာန် လေးပါးတိတိ […]