တန်ခိုးထက်မြက်သည့် တရားတော် ဂါထာတော် သင်ကြားပို့ချချက်များ – အရှင်ဣန္ဒက

၁၉၇၉ ခုနှစ် ဧပြီလတွင် မဟာစည်ဆရာတော်ဘုရားကြီး နယူးယောက်မြို့သို့ ကြွရောက်လာသောအခါ နယူးယောက်မြို့၌ ဗုဒ္ဓဘာသာအသင်းအဖွဲ့တစ်ခု၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်မြောက်အောင် တိုက်တွန်း သြဝါဒ မြွက်ကြားခဲ့၏။
ဦးဟန်ကြူ၊ ဒေါက်တာဦးလှဖေ၊ ဒေါက်တာဦးအောင်သိန်း၊ ဦးဌေး၊ ဦးအေးကြူ ဦးဆောင်သော လူကြီးများက အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကို ဖွဲ့စည်း တည်ထောင်ခဲ့ကြပြီး၊ ၁၉၈၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် နယူးယောက်ပြည်နယ် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
၁၉၈၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ပထမ ဝါဆိုပွဲသို့ ကြွရောက်လာခဲ့သော ဆရာတော် အရှင်ဣန္ဒကမှာ အသင်း၏ ပဓာနနာယကဆရာတော် ဖြစ်လာခဲ့ပြီး ယခုတိုင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သီတင်းသုံးလျက် သာသနာအကျိုး သည်ပိုး […]

သစ္စာလေးပါးနှင့် ဘယ်အရိပ်ခိုမလဲ … အို ယောဂီ

သစ္စာလေးပါး
အဲဒီကနောက် မြတ်စွာဘုရား .. ဘာကို ဟောပြန်သလဲလို့ဆိုတော့ –
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ တစ်ချက် ဟောခဲ့တယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊
သေယျထိဒံ –
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ”လို့ သမုဒယသစ္စာ ဒီဟာတစ်ချက် ဟောခဲ့တယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”လို့ နိရောဓသစ္စာအတွက် […]

ဓမ္မစကြာတရားတော်ကြီး(အသံလွှင့်) – မဟာစည်ဆရာတော်ဘုရားကြီး

ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ရှိခိုးပါ၏။
(၁၃၁၉-ခုနှစ် ဝါဆိုလပြည့်နေ့ညတွင် ဟောတော်မူသည်။)
နိဒါန်း
ဒီကနေ့ဟာ (ဓမ္မစကြာတရားတော်ကြီးကို စတင်ပြီး ဟောခဲ့တဲ့ နေ့က စ၍ ရေတွက်လျှင် ၂၅၄၆-နှစ်မြောက်) ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။
(မြန်မာနှစ် ၁၃၇၂ ခု၊ ခရစ်နှစ် ၂၀၁၁ ခု၊ ယခုအခါ၌ လွန်ခဲ့သောနှစ်ပေါင်း ၂၅၉၉-နှစ်က ဖြစ်၏။)
ဒါကြောင့် ဒီကနေ့ ဓမ္မစကြာအခါတော် အထိမ်းအမှတ်အဖြစ်ဖြင့် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားမယ်။
ဒီတရားတော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၄၆-နှစ်က ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် စတင်ပြီး ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော်ကြီးကို ပါဠိဘာသာဖြင့် “ဓမ္မစက္ကပဝတ္တန”လို့ ခေါ်ပါတယ်။
“တရားစက်ဘီးကို စတင်ပြီး လည်စေတဲ့ တရားတော်”လို့ ဆိုလိုပါတယ်။
စတင် လည်စေပုံကို ထင်ရှား သိပြီး၊ ကြည်ညိုရအောင် ရှေးဦးစွာ ဒီတရားတော်ရဲ့ နိဒါန်း အကြောင်း အတ္ထုပ္ပတ္တိကို အကျဉ်းချုပ် ဖော်ပြပါဦးမယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ […]

တရားဦး

ဘုရားဖြစ်ခါ၊ မိဂဒါသို့
စကြာရွှေဘွား၊ ဖြန့်ချီသွား၍
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်
မဟီတသောင်း၊ တိုက်အပေါင်းမှ
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား
ဝါဆိုလပြေ့(ပြည့်)၊ စနေနေ့ဝယ်
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်
တရားနတ်စည် ရွမ်းတယ်ကို။
(မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့သည်။)
(လယ်တီဆရာတော်ဘုရားကြီး၏ “ခုနစ်နေ့ဗုဒ္ဓဝင်ဘုရားရှိခိုး” မှ)
+++++
ဓမ္မစကြာဒေသနာသည် ဘုရားရှင်အနန္တတို့၏ တရားဦး ဖြစ်၏။
အဘိဓမ္မာခုနစ်ကျမ်း၏ သည်းခြေ ဖြစ်၏။
ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်၏ မိခင်ပမာ မာတိကာ ဖြစ်၏။
လေးဆယ့်ငါးဝါပတ်လုံး ဟောသမျှသည် သစ္စာလေးပါးမှ လွတ်သည် မရှိ။
နတ်ဗြဟ္မာတို့ ရှေးဦးစွာ မြိန်မြိန်ယှက်ယှက် ခံစားရသော ကနဦးတရား ဖြစ်၏။
ရွတ်ဖတ်သံကြားတိုင်း နတ်တို့နား၌ မရိုး။ ဝမ်းမြောက်စွာ မြတ်နိုးကုန်၏။
တနင်္ဂနွေစသော အခါခုနစ်နေ့တို့တွင်မူ စနေနေ့ကို မြေတုန်အောင် ထင်ရှားစေ၏။ စနေနေ့ကို ရိုသေစွာ အလေးပြုသူတို့အား ကောင်းကျိုးတိုးစေသော ဓမ္မစကြာသည် အလွန် ရခဲ၏။
ဘုရားရှင်တစ်ဆူပွင့်မှ တစ်ကြိမ်သာ ပေါ်လာ၏။
ထို့ကြောင့် ဤဓမ္မစကြာကို အဘယ်သို့သောသူ မရွတ်ဖတ်ချင်ဘဲ ရှိအံ့နည်း။
နေ့စဉ် […]

Lokachantha Pagoda and Temple in the snow (12-Jan-2011)

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁-၁၂ ရက်တို့တွင် နယူးယောက်-နယူးဂျာစီတို့၌ နှင်းမုန်တိုင်းကျရောက်ပြန်ရာ နယူးဂျာစီမဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်နှင့် ဆောက်လုပ်ဆဲ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တို့ကို ဖူးမြော် တွေ့မြင်ရစဉ်။

ရုပ်သာနွမ်းစေ စိတ်မပန်းစေနဲ့

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ လောကချမ်းသာဆရာတော်က မဟာသတိပဋ္ဌာနသုတ်သင်တန်းကို ပို့ချပေးပြီး၊ ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ အရှင်ဝဏ္ဏိတက လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ဟောကြား ချီးမြှင့်၏။
+++++
ညောင်လေးပင်ဆရာတော်ဘုရားကြီး၏ “သတိပဋ္ဌာန်အရသာ”မှ ‘ဝေဒနာရှုနည်း’နှင့် ‘စိတ်ရှုနည်း’
ဝေဒနာရှုနည်း
သုခ နှစ်ပါးတို့တွင် တစ်ပါးပါးဖြစ်သောအခါ “ငါသည် သုခဝေဒနာကို ခံစား၏”ဟု သိသောသူသည် ‘သုခဝေဒနာနုပဿီပုဂ္ဂိုလ်’ မည်၏။
မေး။ ။ ဤသို့သော သိခြင်းမျိုးကို ဘုရားတရား မကြားဖူးသော သာသနာပ လူရိုင်း, နို့စို့အရွယ်သူငယ်, အပါယ်လေးဘုံသားတို့ပင်လျှင် သိနိုင်ကြသည် မဟုတ်လော။ ဤဝေဒနာနုပဿီပုဂ္ဂိုလ်နှင့် သိခြင်း အဘယ်သို့ ထူးခြားသနည်းဟု […]

အေဘီဘီအေ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲ

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို ကျင်းပ ပြုလုပ်၏။
ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြပြီး၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ သံဃာတော်များ ဦးဆောင်၍ ဆုတောင်း မေတ္တာပို့သကြခြင်း၊ လောကချမ်းသာဆရာတော်က အနုမောဒနာတရားတော် ဟောကြား ချီးမြှင့်ခြင်းနှင့် ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းများကို ပြုလုပ် ကျင်းပကြ၏။
ကြွရောက်လာကြသော ဧည့်ပရိသတ်များအား မုန့်ဟင်းခါး၊ မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေး၏။
ပွဲတော်အလှူရှင်မှာ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေးနှင့် သမီးများဖြစ်ကြသော ဂရေ့စ်နှင့် အိန်ဂျလာ မိသားစု ဖြစ်၏။

သစ္စာပန်းများ ပွင့်စေခြင်း

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၁ ခုနှစ်၏ ပထမဦး ဓမ္မသင်တန်းနှင့် စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ် ကျင်းပ၏။
လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မဟာသတိပဋ္ဌာနသုတ်၊ ကာယာနုပဿနာ၊ ဓာတုမနသိကာရပိုင်းနှင့် နဝသိဝထိကပိုင်းတို့ကို ပို့ချပေး၏။
ညနေ ၄ နာရီခွဲတွင် လောကချမ်းသာ စနေနေ့ ဆည်းဆာ တရားပွဲကို ကျင်းပရာ အရှင်ပညာနန္ဒက ‘သစ္စာပန်းများ ပွင့်စေခြင်း’တရားတော်ကို ၂ နာရီခန့် ဟောကြား ချီးမြှင့်၏။

တရားပွဲ မစမီ စကားလက်ဆောင်အဖြစ် မေတ္တာထားသူ၊ ဒေါသပွားသူတို့တွင် မိမိကိုယ်တိုင် မေတ္တာအကျိုး၊ ဒေါသအပြစ်တို့ကို ရှေးဦးစွာ ခံစားရပုံအကြောင်း ရှင်းပြ ဟောပြော၏။
ထိုနောက် –
လူလည်းဖြစ်ခဲ၊ သက်ရှင်ခဲ၏
သက်လည်းရှင်ပြန်၊ လူဖြစ်ပြန်က
တွေ့ရန် သာသနာ၊ […]