သင်္ကြန်မှာ ‘သင်’ကျန်မနေအောင် – အရှင်နန္ဒဝံသ

နှစ်ဟောင်းကုန်ပျောက်လို့ နှစ်သစ်ဆီသို့ ရောက်လာပြီဆိုရင် နှစ်ဦးကို ရွှင်မြူးစွာ ကြိုဆိုကြတဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပလေ့ရှိတဲ့အထဲမှာ မြန်မာတို့လည်း ပါဝင်ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး လူမျိုးအထွေထွေမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ရိုးရာနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ လက်ခံအသုံးပြုကြတဲ့ သက္ကရာဇ် ပက္ခဒိန် ကွဲချင် ကွဲပါမယ်။ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပလေ့ရှိတတ်တာကတော့ တူညီတဲ့ အလေ့အထ တစ်ခုပါပဲ။
ခုလည်းပဲ မြူးကြွပြီး အထူးရသပေးစွမ်းနိုင်တဲ့ သင်္ကြန်သီချင်းသံများက လေထဲမှာ လွင့်ပျံလာမှုနဲ့အတူ သင်္ကြန်ကို ကြိုတဲ့ မိုးစက်ငယ်တို့ရဲ့ မြေထက် ကြွေသက်လာဟန်တွေက သင်္ကြန်ကို အမှတ်ရစေပြန်တယ်။
ဒီတော့လည်း တစ်နှစ်ကုန်ပျောက်လို့ နှစ်သစ်တစ်ခုတောင်မှ ရောက်တော့မှာပါလားဆိုတဲ့ အတွေးနဲ့အတူ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ကို အာရုံပြုမိလိုက်ပြန်ပါတော့တယ်။
ဝေးခဲ့တာကြာ … ဒီအခါ
‘ခါသုံးကောင်၊ တစ်ကောင် အမိဖမ်း’ တဲ့။
ရှေးက ထားခဲ့တဲ့ လူကြီးသူမတို့ရဲ့ စကားပေါ့။
မြန်မာနိုင်ငံမှာ ‘သင်္ကြန်’၊ […]

တစ်နေ့တစ်လံ လျှောက်မှန်မှန်

နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း တစ်ရက်တာ တရားစခန်းပွဲကို ၂၀၁၁ ခုနှစ် မတ်လ (၂၆)ရက် စနေနေ့တွင် ပြုလုပ်ခဲ့၏။
တစ်လမှာ နောက်ဆုံး စနေနေ့တစ်ရက် တရားစခန်း ကျင်းပပြုလုပ်ခြင်း ဖြစ်၏။

အမှုကိစ္စ အထွေထွေ မအားလပ်သည့်ကြားမှ၊ တနည်းဆိုသော် လောကီပစ္စည်းဥစ္စာများ ရှာဖွေခြင်းမှ လောကုတ္တရာပစ္စည်းဥစ္စာများကို ရှာဖွေ စုဆောင်းကြခြင်းပင် ဖြစ်သည်။
တနည်းဆိုသော် အိုတတ် နာတတ် သေတတ်သော ပစ္စည်း ဥစ္စာများ ရှာဖွေခြင်းမှ အအို အနာ အသေကင်းသော ပစ္စည်း ဥစ္စာ ရှာဖွေခြင်းသို့ ဦးလှည့် ခေါင်းပြောင်းကာ ရှာဖွေခြင်းပင် ဖြစ်ပေသည်။
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဟု ဆိုရိုး ရှိ၏။
သို့ ဆိုရိုးရှိလင့်ကစား တစ်နေ့တစ်လံမှ မလျှောက်လှမ်းသူအတွက် ပုဂံနန်းမြို့ဆီသို့ ရောက်နိုင်မည် မဟုတ်ပါ။
ပုဂံနန်းမြို့ဆီသို့ ရောက်လိုသူတိုင်း တစ်နေ့တစ်လံ မှန်မှန် လျှောက်လှမ်းကြရပါမည်။
လောကုတ္တရာ ပစ္စည်းဥစ္စာ ရတနာများ […]

အေဘီဘီအေ လစဉ် နောက်ဆုံး စနေနေ့ တစ်ရက် တရားစခန်း

နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း
လစဉ် နောက်ဆုံး စနေနေ့ တရားရှုမှတ်ခြင်း အစီအစဉ်

နံနက် ၈း၀၀ မှ နံနက် ၉း၁၅ – သီလယူ၊ အလုပ်ပေးတရား၊ ထိုင်မှတ်

နံနက် ၉း၁၅ မှ နံနက် ၁၀း၀၀ – စင်္ကြန်လျှောက်မှတ်

နံနက် ၁၀း၀၀ မှ နံနက် ၁၀း၄၅ – ထိုင်မှတ်

နံနက် ၁၀း၄၅ မှ နေ့လယ် ၁၂း၀၀ – နေ့လယ်စာ*၊ သန့်ရှင်းရေး (စားရင်း, ပြုရင်း ရှုမှတ်)

နေ့လယ် ၁၂း၀၀ မှ မွန်းလွဲ ၁း၀၀ – စင်္ကြန်လျှောက်မှတ်

မွန်းလွဲ ၁း၀၀ မှ မွန်းလွဲ ၂း၀၀ – ထိုင်မှတ်

မွန်းလွဲ ၂း၀၀ မှ မွန်းလွဲ ၃း၀၀ – စင်္ကြန်လျှောက်မှတ်

မွန်းလွဲ […]

အခွင့်ခါကောင်း၌ အရေးကြီးဆုံး အလုပ်

မြတ်စွာဘုရား၏ သာသနာတော်၌ တွေ့ကြုံနေရတဲ့အခါမှာ အရေးအကြီးဆုံး လုပ်ငန်းက မိမိတို့သန္တာန်မှာ ‘သီလ’, ‘သမာဓိ’, ‘ပညာ’ ဆိုတဲ့ ဒီအကျင့်သုံးခု ပြည့်စုံအောင် အားထုတ်ဖို့ဟာ အရေးကြီးဆုံးပဲ။
သီလလည်း ပြည့်စုံရမယ်။
သမာဓိလည်း ပြည့်စုံရမယ်။
ပညာလည်း ပြည့်စုံရမယ်။
‘သီလ’ဆိုတာ ဘာလဲဆိုလို့ရှိရင် လူများမှာ အောက်ထစ်ဆုံးအားဖြင့် ‘ငါးပါးသီလ’ (အာဇီဝဋ္ဌမကသီလ) ပြည့်စုံရမယ်။
ရဟန်းများမှာတော့ ပါတိမောက်သီလ ပြည့်စုံရမယ်။
ဒီသီလ ပြည့်စုံတယ်ဆိုရင် လူ့ဘဝ နတ်ဘဝ ကောင်းရာဘဝတွေ ရောက်ပြီးတော့ ကောင်းစား ချမ်းသာသွားနိုင်တယ်။
ဒါပေမယ့် ဒီလောကီသီလလောက်နဲ့တော့ အပါယ်ဘေးက လုံးဝလွတ်ပြီလို့ စိတ်မချရသေးဘူး။
ဒါကြောင့် လောကုတ္တရာသီလနဲ့လည်း ပြည့်စုံအောင် အားထုတ်ရမယ်။
‘လောကုတ္တရာသီလ’ဆိုတာ မဂ်သီလ, ဖိုလ်သီလပဲ။
ဒီ မဂ်သီလ, ဖိုလ်သီလနဲ့ ပြည့်စုံသွားရင်တော့ အပါယ်လေးပါးကို ဘယ်တော့မှ မကျတော့ဘူး။
လူ့ဘဝ နတ်ဘဝဆိုတဲ့ ဘဝကောင်းတွေမှာချည်း ဖြစ်ပြီး အစဉ် ထာဝရ ကောင်းစား ချမ်းသာသွားတော့တာပဲ။
ဒါကြောင့် မိမိတို့သန္တာန်မှာ […]

ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲ (၁၂-မတ်-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အပတ်စဉ်ပြုလုပ်သော ၂၀၁၁ ခုနှစ် မတ်လ ၁၂ ရက် စနေနေ့ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲတွင် (ဆရာတော် အရှင်စက္ကိန္ဒ မအားလပ်သဖြင့် အနတ္တလက္ခဏသုတ်ကို မပို့ချဖြစ်သေးဘဲ) လောကချမ်းသာဆရာတော်က ဓမ္မစကြာတရားတော်အကြောင်း သိမှတ်ဖွယ်ရာများကို ရှင်းလင်း ပို့ချပေး၏။

သင်တန်းပြီးနောက် လောကချမ်းသာ ဆည်းဆာတရားပွဲကို ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ ပြုလုပ်ရာ အရှင်ပညာနန္ဒက ‘အသွားလမ်းလား … အပြန်လမ်းလား’ တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်သွားခဲ့၏။
“ဓမ္မသင်တန်း မစမီ ‘ဓမ္မစကြာ’ ရွတ်ဖတ် ပူဇော်ကြ”

“အသွားလမ်းလား … အပြန်လမ်းလား”

သာဓု … သာဓု … သာဓု။

အေဘီဘီအေ ထမနဲပွဲ – ၂၀၁၁ မတ် ၅-၆

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၁၁ ခုနှစ် (၂၅)ကြိမ်မြောက် ထမနဲပွဲတော်ကို မတ်လ ၅-ရက် ၆-ရက်တို့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဝေယျာဝစ္စအဖွဲ့ကို ဦးဆောင်သူ ဒေါ်လော်ရင်းချင်းနှင့် အဖွဲ့က မတ်လ ၄ ရက် သောကြာနေ့ ညနေ အလုပ်ပြီးချိန်မှ စ၍ လောကချမ်းသာဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ထမနဲထိုးရန်အတွက် ကောက်ညှင်းဆန်များ ရေစိမ်ခြင်း၊ အုန်းသီးများ ခွဲ၍ လှီးခြင်း၊ ဂျင်းများ လှီးခြင်း စသော ကြိုတင် ပြင်ဆင်စရာရှိသည်များကို ပြုလုပ် ဆောင်ရွက်ထားကြ၏။
ဖီလာဒဲလ်ဖီးယားမှ ကိုဇော်ဦး၊ ကိုနေလင်း၊ ကိုထွန်းထွန်းဝင်းတို့လည်း သောကြာနေ့ညမှာပင် ရောက်ရှိလာကြပြီး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြ၏။
ထမနဲပွဲအလှူရှင်များဖြစ်ကြသော ဒေါ်ပြုံးပြုံးရည်နှင့် မိတ်ဆွေအချို့လည်း သောကြာနေ့ အလုပ်အပြီး လာရောက် ကူညီကြသေး၏။
ထိုကဲ့သို့ သောကြာနေ့ညကတည်းက […]

ဖေဖော်ဝါရီ ၁၉၊ ၂၆-၂၇ ဓမ္မသင်တန်းနှင့် ဆွမ်းအလှူများ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် စနေနေ့၌ ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မစကြာသင်တန်းကို အပြီးသတ် ပို့ချပေးပြီး၊ ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့တွင် အနတ္တလက္ခဏသုတ်တော်ကို ပို့ချပေး၏။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် စနေနေ့ ဓမ္မသင်တန်း

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့ ဓမ္မသင်တန်း

+++++
ဆွမ်းအလှူများအဖြစ် –
ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့ နေ့ဆွမ်းကို ဒေါက်တာဗစ်တာဝင်းအောင်၊ ဒေါ်ညိုညိုဝင်း မိသားစုနှင့် မိတ်ဆွေမိသားစုများ, မိတ်ဆွေများက ကွယ်လွန်သူ ‘Anthony’, ‘ဦးမြင့်ဇော်’, ‘ကိုဝေဖြိုးလွင်’, ‘ကိုပြည့်စုံ’, ‘ဦးတင်အောင်ခင်’တို့အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား ကပ်လှူ ပူဇော်ကြ၏။
လောကချမ်းသာဆရာတော်က ဆွမ်းအလှူ အနုမောဒနာတရား ဟောကြား၏။

ဖေဖော်ဝါရီလ […]