အေဘီဘီအေ မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သပွဲ

နယူးယောက်မြို့၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၁၃၇၃ ခုနှစ် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တပို့သပွဲတော်ကို လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဧပြီလ ၁၀-ရက် တနင်္ဂနွေနေ့၌ ကျင်းပ၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နေ့ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်း ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား အလှူရှင် ဒေါက်တာဟွန်ဆမ်ဒေါ်ခင်စီလီးနှင့် ထရီစာမတင်စိန်လီးတို့က နန်းကြီးသုတ်၊ မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။
မွန်းလွဲ ၁ နာရီတွင် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ သံဃာတော်များ ဦးဆောင်ပြီး ပရိသတ်အားလုံး မေတ္တာပို့သခြင်း ပြုလုပ်ကြ၏။
ထိုနောက် လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး၊ ဘော်စတွန်ဆရာတော် ဦးအဘယာလင်္ကာရက […]

သင်္ကြန်တရားတော် – ရွှေဥမင်ဆရာတော်ဘုရားကြီး

ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။
‘သင်္ကန္တ’ ပေါ့။
သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။
ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။
သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။
ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး
လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့ ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။
ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့် ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်။
အဟောင်းပျက်လို့ အသစ်ဆက်တာ။
သူ့အကြောင်းနဲ့သူ မကင်းတာဘဲ ရှိတယ်။
အဲဒီတော့ နှစ်သစ်ကူးရင် သန့်ရှင်းရမယ်နော်။
သန့်ရှင်းအောင် လုပ်ရမယ်။
သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။
ခေါင်းလျှော်ရ, အဝတ်လျှော်ရတယ်။
ဒါပေမယ့် အဲဒီ ချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့ ကျန်းမာရေးတော့ ရတာပေါ့လေ။
ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။
ဒါက လိုရင်းမဟုတ်ဘူးနဲ့ တူတယ်။
ဒါက အပြင်သန့်ရှင်းရေး။
အတွင်းသန့်ရှင်းရေးက လိုသေးတယ်။
နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ် မဟုတ်လား။
စိတ်ကိုကော […]

နှစ်သစ်မှာ အချစ်စစ် ရှာခြင်း

၂၀၁၁ ခုနှစ် ဧပြီလ ၉ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် တစ်နာရီ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားထိုင်ကြပြီး၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက အနတ္တလက္ခဏသုတ်တော်ကို သင်ကြား ပို့ချပေး၏။ ဗဟုသုတ တိုးပွားဖွယ် နိဗ္ဗာန်ရောက်ရန် ဝိသုဒ္ဓိခုနစ်တန်နှင့် “ဝိသုဒ္ဓိ ၇-ပါးနှင့် ဉာဏ်စဉ် ၁၀-ပါး/၁၆-ပါးတို့ ဆက်စပ်ပုံ”ကိုလည်း သင်ကြား ပြသသွား၏။

ညနေ ၅ နာရီတွင် စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ပညာနန္ဒက “နှစ်သစ်မှာ အချစ်စစ်ရှာမယ်” တရားတော်ဖြင့် ဓမ္မဒါနပြု ဟောကြား ချီးမြှင့်ရာ မြန်မာနှစ်သစ် အခါသမယ၌ […]

အပြောင်းအလဲ – ရှင်နန် (လောကချမ်းသာ)

သင်္ကြန်ကို ‘ပြောင်းရွေ့ခြင်း’ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ၏။
စာရေးသူအနေနဲ့ ‘ပြောင်းရွေ့ခြင်း’ဆိုသော စာသံပေသံ လေသံကို ‘ပြောင်းလဲခြင်း’ဟု ထပ်ခါ ဖွဲ့ဆိုချင်ပါ၏။
‘ပြောင်းလဲခြင်း’ဟု ဖွင့်ဆိုရခြင်းမှာ “အရာဝတ္ထုတိုင်းဟာ အမြဲတမ်း ပြောင်းလဲနေတယ်”ဆိုတဲ့ သဘာဝ၊ အနိစ္စ-မမြဲခြင်းသဘောကို ပိုပြီး ပီပြင်စွာ မြင်စေချင်သည့် စိတ်စေတနာကြောင့် ဖြစ်ပါတယ်။
တစ်ရာသီကုန်လို့ တစ်ရာသီပြောင်း၊ တစ်နှစ်ကုန်လို့ တစ်နှစ်ပြောင်း၊ အဟောင်း အဟောင်းတွေ ကုန်သွားတဲ့အချိန်နဲ့ အသစ် အသစ်တွေ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့ ကြားထဲက သတ်သတ်မှတ်မှတ် အချိန်ကာလတစ်ခုကို ‘သင်္ကြန်’လို့ ခေါ်ဆိုပြီး ရိုးရာနှစ်သစ်ကူးပွဲ ဆင်နွှဲကြတာလို့ နားလည်ပါတယ်။
အဲဒီလို ပြောင်းလဲခြင်းကိုပဲ တေးရေးဆရာ ဂီတနက်သန် ကိုစောညိမ်းက “ရော်ရွက်ဝါ မြညှာညောင်းကာ ညှိုးလျော့ခွေပြောင်း နွေနှောင်းရာသီမှာ လေယူနှင်ရာ ကြွေကာဝဲကာ ဆင်းရွှေမှုန်ရောရာ မြေသို့သက်လျှော လွမ်းဘွဲ့သာမောစွာ”လို့ ဆိုပြီး […]

သင်္ကြန်အခါတော် – မဟာစည်ဆရာတော်ဘုရားကြီး

(ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၁၉၆၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဟောကြားတော်မူသော ‘လောကဓံတရားတော်’ မှ)
ဒီကနေ့ဟာ ၁၃၂၆-ခု ဆိုတဲ့ နှစ်ဟောင်းက ၁၃၂၇-ခု ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းတဲ့ သင်္ကြန်အခါတော် အစနေ့ ဖြစ်တယ်။
ဒီ‘သင်္ကြန်’ဆိုတာ ‘သင်္ကြန္တ’ဆိုတဲ့ သက္ကတဘာသာမှ ဖြစ်လာတဲ့ စကားပဲ။
‘ပြောင်းရွှေ့တယ်’လို့ အဓိပ္ပာယ် ရှိပါတယ်။
ဒါကြောင့် နှစ်ဟောင်းမှာ အဆုံးဖြစ်တဲ့ ‘မိန်ရာသီ’မှ နှစ်သစ်မှာ အစဖြစ်တဲ့ ‘မိဿရာသီ’သို့ တနင်္ဂနွေဂြိုဟ်ဆိုတဲ့ နေဂြိုဟ်ကြီး ပြောင်းရွှေ့တာကို သင်္ကြန်ကျတယ်လို့ ဆိုပြီး မြန်မာပြည်မှာ နှစ်သစ်ကူးပွဲ ကျင်းပကြတာပဲ။
အဲဒါဟာ နှစ်ဟောင်း တပေါင်းလမှ နှစ်သစ် တန်ခူးလသို့ ပြောင်းရွှေ့တာကိုပဲ ရည်ရွယ်ပါတယ်။
ဒီသင်္ကြန်ကျတယ်ဆိုတာကို ရှေးက ပုဏ္ဏားတွေက စပြီး တီထွင်ထားတဲ့အတိုင်း ယခုလည်း သင်္ကြန်စာတွေထဲမှာ “သိကြားမင်းကြီးက နွားကို စီးပြီး […]

ဧည့်သည်ကောင်းတစ်ယောက် ဖြစ်ပါစေ – အရှင်နန္ဒဝံသ

၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့ စုပေါင်း ဝိပဿနာတရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်း ပို့ချ သင်ကြားခြင်း၊ တရားပွဲ ကျင်းပခြင်းတို့ကို ပြုလုပ်၏။
အပတ်စဉ် စနေနေ့ စုပေါင်း ဝိပဿနာတရားရှုမှတ်ခြင်းကို မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ပြုလုပ်ပြီး၊ လောကချမ်းသာဆရာတော်က ညွှန်ကြား ပြသပေး၏။

မွန်းလွဲ ၃ နာရီ ၁၀ မိနစ်မှ ၄ နာရီ ၁၀ မိနစ်ထိ လောကချမ်းသာဆရာတော်က ဓမ္မစကြာတရားတော်နှင့်ပတ်သက်၍ သင်ကြား ပို့ချပေး၏။

စတုန္နံ အရိယသစ္စာနံ၊ ယထာဘူတံ အဒဿနာ
ပုနပ္ပုနံ သံသရန္တိ၊ သတ္တာ သံသာရ သာဂရေ။
သစ္စာလေးပါး၊ မြတ်တရားကို၊ ပိုင်းခြားထင်ထင်၊ မသိမြင်၍
ရေပြင်သံသရာ၊ များသတ္တာ၊ […]

သင်္ကြန်နှင့် နှစ်သစ်မင်္ဂလာ – အရှင်စက္ကိန္ဒ

သင်္ကြန်ဆိုတာ ‘ပြောင်းရွှေ့ ပြောင်းလဲခြင်း’ အဓိပ္ပာယ် ရ၏။
ရာသီစက်ဝန်းတို့ မရပ်မနား လည်ပတ်ပြီး လူတို့ သတ်မှတ်တဲ့ တစ်နှစ်တာရဲ့ သတ်မှတ်ရက် သက်တမ်းကုန်ဆုံးလို့ အသစ်တဖန် နှစ်သစ်ပြန်ကာ ရာသီစက်ဝန်းတို့ လည်ပတ်မှု ပြန်စတင်ခြင်းပင် ဖြစ်ပါတယ်။
လူ့ဘဝ လူ့သံသရာရဲ့ နှစ်များစွာထဲက တစ်နှစ်တာ သံသရာလည်ပတ်မှု ကုန်ဆုံးတဲ့ အထိမ်းအမှတ်နဲ့ စတင် လည်ပတ်မှု နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာတို့ရဲ့ ပွဲတော်တစ်ခုပါပဲ။
ပြည်ပရောက် မြန်မာတွေအဖို့ မြန်မာမှု မြန်မာဟန် မြန်မာ့သင်္ကြန်ပွဲမျိုး ကျင်းပခွင့် ဆင်နွှဲခွင့် ရကြဖို့ဆိုတာ မလွယ်ပါဘူး။ နယူးယောက်မှာဆိုရင် အခုအချိန်ထိ အအေးဓာတ်ရှိနေသေးလို့ သင်္ကြန်ရေ အေးအေးချမ်းချမ်း ပက်ဖျန်းဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။
အမိမြန်မာပြည်မှာတော့ သင်္ကြန်ရဲ့ သင်္ကေတ, သင်္ကြန်ရဲ့ ဝိသေသတွေနဲ့အတူ လူငယ်လူရွယ်များက သင်္ကြန်ကို လက်ချိုးရေတွက် စောင့်ကြိုနေကြချိန် ဖြစ်မှာပါ။
သင်္ကြန်ရဲ့ ဝိသေသ, […]