လောကချမ်းသာစေတီတော် (၂၀၁၁ မေ ၂၄-၂၅)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်မြတ်ကြီး၏ လေးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ စေတီတော် အထက်ပစ္စယံနှင့် ပလ္လင်ခုံတို့ တိုးတက် ပြီးစီးမှုကို မေလ ၂၄-၂၅ ရက်များက တွေ့ရစဉ်။

စေတီယင်္ဂနဝတ်

ဗုဒ္ဓဘာသာများ သိသင့် ကျင့်သင့်တဲ့ စေတီယင်္ဂနဝတ်အကြောင်းကို ဆွေးနွေး တင်ပြလိုပါတယ်။
စေတီယင်္ဂနဝတ်ဆိုသည်မှာ “စေတီဝင်္ဂနဝတ္တ”ဟူသော ပါဠိစကားကို “စေတီယင်္ဂနဝတ်”လို့ မြန်မာမှုပြုပြီး ခေါ်ထားခြင်း ဖြစ်ပါတယ်။
‘စေတီ’ရဲ့ အဓိပ္ပာယ်မှာ အလေးအမြတ်ပြုအပ်၊ အရိုအသေပြုအပ်၊ ရှိခိုးအပ်သော အရာဌာန အဆောက်အဦစသည်ကို ဆိုလိုပြီး၊ ‘ဝတ္တ’ကတော့ ယင်းစေတီတော်အား ပူဇော်မှုအမျိုးမျိုးဖြင့် ပူဇော်ခြင်းလို့ ဆိုလိုပါတယ်။
အိန္ဒိယနိုင်ငံမှာ သစ်ပင်ကြီးများအပါအဝင် ဟိန္ဒူစေတီတွေ အများအပြား ရှိပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံများမှာတော့ ဗုဒ္ဓစေတီတော်တွေကို ဖူးတွေ့ရပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ အင်္ဂလစ်ရှ်တောင်းမှာ ကြည်ညိုဖွယ်ရာ တည်ထား ကိုးကွယ်ထားသော “လောကချမ်းသာစေတီတော်မြတ်ကြီး”သည် ဗုဒ္ဓဘာသာစေတီတော်ကြီးတစ်ဆူ ဖြစ်ပါတယ်။
ဤစေတီတော်ကြီးအား ပူဇော်မှုအမျိုးမျိုးဖြင့် စေတီယင်္ဂနဝတ်များကို ဖြည့်ကျင့် ဆည်းပူးကြကာ ကုသိုလ်မင်္ဂလာ အဖြာဖြာကို ရယူနိုင်ကြပါပြီ။
လောကချမ်းသာစေတီ ဘုရားပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၀၈ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဘုရားဝတ္တကမြေကိုလည်း […]

ကုသိုလ်တိုးပွား အကျိုးများ

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ လေးကြိမ်မြောက် လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။
ဘုရားပွဲတော်အတွက် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ပွဲတော်မတိုင်မီ တစ်ပတ်၌ ဆောင်ရွက်လေ့ရှိ၏။
ယခုနှစ်တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော် ဦးပညာသီဟ၏ စိတ်ကူး ကြံဆမှု၊ ပန်းချီအနုပညာရှင် ဦးအောင်ကျော်မိုး၏ အနုပညာလက်ရာ၊ ဦးကျော်သူမြတ်နှင့် ကိုထွန်းထွန်းတို့၏ အင်္ဂတေလောင်းရန် ပုံစံခွက် ပြုလုပ်ပေးမှု၊ ကိုရဲလင်း, ကိုသက်ဝင်း, ကိုပညာတို့၏ ဝိုင်းဝန်း ကူညီ လုပ်အားပေးမှု စသော အသိပညာ, အတတ်ပညာ, လုပ်အားဝေယျာဝစ္စ ပေါင်းစုမှု အသီးသီးတို့မှ ပေါက်ဖွားလာသော စိန်တောင်ငယ်ပေါင်း (၈၀)တို့ကို ဘုရားပွဲတော်အမီ သွန်းလောင်း […]

လောကချမ်းသာအရံစေတီတော်များ ထီးတော်တင်

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်၏ အရံစေတီတော်ငယ်များ ထီးတော်တင်ခြင်းကို လေးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အမီ ၂၀၁၁ ခုနှစ် မေလ ၁၂ ကြာသပတေးနေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့၏။
အရံစေတီတော်ငယ်များ ထီးတော်တင်ခြင်းကို ထီးတော်အလှူရှင်များကိုပါ ဖိတ်ကြား၍ သတ်သတ်မှတ်မှတ် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားရှိခဲ့သော်လည်း အားလပ်ရက်အခက်အခဲနှင့် ထီးတော်များ ထိန်းသိမ်းထားရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်၍ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော်များ ဦးဆောင်ကာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ အင်ဂျင်နီယာ ဦးမောင်မောင်တို့ ကိုယ်တိုင် ထီးတော်တင်ခဲ့ကြပါသည်။
လောကချမ်းသာစေတီတော်မြတ်ကြီး၏ လေးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် မေလ ၂၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အနာကုလာ စ ကမ္မန္တာ ဧတံ မင်္ဂလမုတ္တမံ

“အလုပ်တစ်ခုကို အနှောက်အယှက် အရှုပ်အထွေး မရှိ၊ ပြီးစီး အောင်မြင်အောင် လုပ်ဆောင်ရခြင်းဟာ မင်္ဂလာတစ်ပါး”လို့ ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောကြားတော်မူခဲ့တယ်။
ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ကို အပြန်ယူ ပြောရရင် “မပြီးပြတ်တဲ့ လက်စမသတ်သေးတဲ့ လုပ်ငန်းကိစ္စတစ်ခုဟာ မင်္ဂလာ မရှိပါ”လို့ ဆိုရပေလိမ့်မယ်။
ဘုရားဟောတာ မှန်,မမှန်ကို ပြန်လှန် စဉ်းစားကြည့်ပါ။
တစ်ဝက်တစ်ပျက်နဲ့ မပြီးပြတ်သေးတဲ့ အဆောက်အဦတွေကို မြင်ရရင် တိုးလိုးတန်းလန်း ထိုးထိုးထောင်ထောင်နဲ့ အလွန် အကြည့်ရ အရုပ်ဆိုးတာကို စာဖတ်သူတို့ တွေ့ရပါလိမ့်မယ်။
သပ်သပ်ရပ်ရပ်နဲ့ ပြီးစီးနေတဲ့ အဆောက်အဦတွေကို မြင်ရရင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူ့အရွယ်နဲ့သူ လှလှပပ တင့်တင့်တယ်တယ် ရှိနေတာကို တွေ့ရပါလိမ့်မယ်။
နမူနာယူဖို့ ဘုရားစုံဖူးခဲ့တယ်
စာရေးသူ မြန်မာပြည် အလည်အပတ်ရောက်ခဲ့စဉ်က စေတီပုထိုး အမျိုးမျိုးကို သွားရောက် ကြည်ညိုခဲ့ပါတယ်။
ကြီးကြီးငယ်ငယ် အသွယ်သွယ် တင့်တယ် သပ္ပာယ်လှတယ်။
စိတ်ခံစားချက်အရ “တချို့စေတီပုထိုးတွေကို ဘယ်တော့မှ […]

ကဆုန်လပြည့် ဗုဒ္ဓနေ့

မေး။ ။ ဗုဒ္ဓဖြစ်ဖွယ်၊ နေ့၌ဝယ်၊ ဘယ်သူ ဆွမ်းတော်ကပ်သနည်း။
ဖြေ။ ။ ဗုဒ္ဓနေ့မှာ၊ သုဇာတာလျှင်၊ ဃနာနို့ဆွမ်း၊ ခွက်ပါကမ်း၊ လှူဒါန်း ဆက်ကပ်ပါသတည်း။
ဥရုဝေဠတော၏ အနီး ‘သေနာ’မည်သော နိဂုံး ရှိ၏။ ထိုနိဂုံးသဌေး၏ သမီးသည် ‘သုဇာတာ’ မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ ‘အမျိုးတူ သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင် စောင်မပါ။ တောင့်တတိုင်း ပြည့်စုံလျှင် နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။
ထို တောင့်တတိုင်း ပြည့်စုံသောကြောင့် ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်မင်းကို နှစ်စဉ် ပူဇော်မြဲ ဖြစ်၏။
ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန်သပ္ပာယ်လှပသော ဘုရားအလောင်းကိုပင် သူ့ကို […]

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၊ နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၁ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို မေလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းပြီး၊ နံနက် ၁၁ နာရီတွင် သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
ကြွရောက်လာကြသော ဧည့်ပရိသတ်အား ကိုတင်ဝင်း-မစန္ဒာ မိသားစု၊ မောင်နှမများက မုန့်ဟင်းခါး၊ မြန်မာအချိုမုန့်များဖြင့် ကျွေးမွေး ဧည့်ခံကြ၏။
မွန်းလွဲ ၁-နာရီတွင် သံဃာတော်များက ဘုရားအနေကဇာတင်ခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြပြီး၊ ပရိသတ်များက လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓဝင် ဘုရားရှိခိုး လင်္ကာများကို ရွတ်ဆို ပူဇော်ကြသည်။
ထိုနောက် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ ခေတ္တသီတင်းသုံးနေသော […]