ဓမ္မပဒသင်တန်း – ၁ (၇-မေ-၂၀၁၁)

၂၀၁၁ ခုနှစ် မေလ ၇ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားရှုမှတ်ခြင်း၊ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ လောကချမ်းသာဆရာတော် ပို့ချ သင်ကြားပေးသော အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်း အပတ်စဉ် (၁)ကို လေ့လာသင်ယူကြခြင်း၊

ညနေ ၅ နာရီမှ ၆ နာရီအထိ မြန်မာနိုင်ငံမှ ၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရောက်ရှိလာသော ချောက်မြို့၊ အေးစေတီရပ်၊ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒဆရာတော်ဘုရားကြီး၏ “နိဗ္ဗာနပဉှာသုတ္တန်တရားတော်”ကို နာယူကြခြင်း ကောင်းမှု ကုသိုလ်များကို ပြုလုပ် ဆည်းပူးကြ၏။

နိဗ္ဗာန်ဆိုတာ၊ ဘယ်လိုဟာ၊ ဘာကိုခေါ်သနည်း?
ရာဂကုန်ရာ၊ နိဗ္ဗာန်ပါ၊ […]