ချောက်မြို့ ဆင်ဖြူကျွန်းကျောင်းတိုက် ဆရာတော်ကြီးအား နှုတ်ဆက်ပူဇော်ပွဲ

ချောက်မြို့ ဆင်ဖြူကျွန်းကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဉာနိန္ဒအား မြန်မာနိုင်ငံသို့ ပြန်လည် ကြွမည့် ၂၀၁၁ ခုနှစ် ဇွန်လ ၂၅ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပူဇော်ပွဲပြုလုပ်၍ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

လုပ်အား ငွေအား အရင်းတည်၊ ကောင်းမှုပြုကြသည် – အရှင်ပညာသီဟ

“အရှင်ဘုရား … နိဗ္ဗာန်ဈေးကျင်းပရတာနဲ့ အလုပ်များပြီး ပင်ပန်းသွားပြီလား ဘုရား”
“အေး … နိဗ္ဗာန်ဈေးတစ်ပွဲလုပ်ရင် အလုပ်များလို့ တစ်လလောက်တော့ ပင်ပန်းတာ အမှန်ပဲ။ နောက်ပွဲတွေ လုပ်မှ လုပ်နိုင်ပါတော့မလားလို့တောင် တွေးနေမိတယ်”
“ပင်တော့ ပင်ပန်းတာပေါ့ဘုရား၊ စေတီတော်နဲ့ ကျောင်းဆောင်တည်ဆောက်ရေးအတွက် တစ်ပွဲကို ဒေါ်လာတစ်သောင်းကျော် ရတော့ ပင်ပန်းရကျိုးနပ်ပါတယ်။ ဒေါ်လာတစ်သောင်းရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး ဘုရာ့။ တပည့်တော်တောင် နိဗ္ဗာန်ဈေးလုပ်တိုင်း ပါဝင်ရောင်းချပြီး ကုသိုလ်ယူတာ ခု .. ခြောက်ကြိမ်မြောက် ပြီးသွားတဲ့အခါ ဒေါ်လာသုံးထောင် လှူလိုက်နိုင်ပြီ။ ဒီလောက်ငွေကို တစ်ကြိမ်တည်း တစ်ခါတည်း လှူပါဆိုရင် လှူဖြစ်ချင်မှ လှူဖြစ်မှာ။ ခုလို နိဗ္ဗာန်ဈေးကျင်းပတိုင်း ကျင်းပတိုင်း ပါဝင်ရောင်းချပြီး လှူတဲ့အခါ တစ်လုံးတခဲတည်း ငွေထုတ်ပြီး လှူရတာလောက် မပင်ပန်းဘူးပေါ့ ဘုရား။ ပျော်စရာလည်း ကောင်းပါတယ်။ […]

ဓမ္မပဒသင်တန်း – ၃ (၁၈-ဇွန်-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက် စနေနေ့၌ အပတ်စဉ် တရားရှုမှတ်ခြင်း၊ အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်း၊ တရားပွဲတို့ကို ပုံမှန် ကျင်းပ ပြုလုပ်ရာ ဦးစွာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်နာရီခန့် တရားရှုမှတ်ကြ၏။
ယခုအပတ်တွင် လောကချမ်းသာဆရာတော် အနားယူရန် လိုအပ်သဖြင့် အရှင်ပညာနန္ဒက အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်းကို မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခန့်အထိ အဘိဓမ္မာလာ ကာမာဝစရသောဘနစိတ်များအကြောင်း ပြန်လည် သင်ကြားပြီး၊ ဓမ္မပဒ ယမကဝဂ် ဂါထာ အမှတ် ၃ နှင့် ၄ တို့ကို သင်ကြား ပို့ချပေးသွား၏။

ညနေ ၅ နာရီခွဲတွင် အရှင်ပညာနန္ဒကပင် တုဝဋ္ဋကသုတ်တရားတော်ကို ဟောကြား […]

ချောက်မြို့ ဆင်ဖြူကျွန်းကျောင်းတိုက်ဆရာတော်၏ သန္တိသစ္စာတရားစခန်း

ချောက်မြို့ ဆင်ဖြူကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒဆရာတော်ကြီး၏ သန္တိသစ္စာရိပ်သာတရားစခန်း (ဇွန် ၆-၁၂)

မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၏ သံဝေဂသြဝါဒကထာ

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် (၃)တိုက်တို့၏ အဓိပတိ မဟာနာယကချုပ် ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသသည် ၂၀၁၁ ခုနှစ် မေ-ဇွန်-ဇူလိုင် လများအတွင်း အမေရိကဓမ္မခရီး ကြွလျက်ရှိရာ ၂၀၁၁ ခုနှစ် ဇွန်လ ၁၂ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီခွဲ၌ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သံဝေဂသြဝါဒကထာ ဟောကြား ချီးမြှင့်ခဲ့ပါသည်။
တရားပွဲ မစမီ တပည့်ဖြစ်သူ အရှင်ပညာနန္ဒက ဆရာတော်၏ ဘဝပုံရိပ်ကို ဖတ်ကြား၏။

ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ဘဝပုံရိပ်
ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၉၅ ခု ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ခရစ်နှစ် ၁၉၃၃ ခု ဇူလိုင်လ ၁၉ ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအစ်ကို မောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာ ဖြစ်သည်။ ၁၃၀၈ […]

ဓမ္မပဒသင်တန်း – ၂ (၁၁-ဇွန်-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၁ ရက် စနေနေ့ မွန်းလွဲ ၃ နာရီခွဲ၌ ဓမ္မပဒသင်တန်း အပတ်စဉ် (၂)ကို ကျင်းပ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က မာဂဏ္ဍိယသုတ်လာ မှတ်သားဖွယ်ရာများ၊ အဘိဓမ္မာ အဟိတ်စိတ်များအကြောင်းနှင့် ဓမ္မပဒဂါထာ အမှတ် (၂)တို့ကို ပို့ချ သင်ကြားပေး၏။

ညနေတွင် လောကချမ်းသာ စနေနေ့ တရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း”တရားတော်ကို အဆုံးသတ်အပိုင်းကို ဟောကြား ချီးမြှင့်၏။

သာဓု … သာဓု … သာဓု။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂-ဇွန်-၂၀၁၁)

မြို့နယ်မှ တာဝန်ရှိသူများက လာရောက် စစ်ဆေး ကြည့်ရှုပြီး Plumbing လုပ်ငန်းများအတွက် ခွင့်ပြုချက် ပေးသွားခဲ့စဉ် –