မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံ

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၇-ရက် တနင်္ဂနွေနေ့၌ ကျင်းပ ပြုလုပ်၏။

နံနက် ၈ နာရီတွင် ရဟန်းလောင်း သာမဏေများသည် လောကချမ်းသာဘုရားကျောင်း သိမ်တော်အတွင်း လောကချမ်းသာဆရာတော်ကို ဥပဇ္ဈာယ်ဆရာတော်ပြု၍ ရဟန်းခံခြင်း အစီအစဉ်ပြုလုပ်ဆောင်ရွက်ပြီး၊ ၉ နာရီခွဲတွင် သိမ်ဆင်း ရဟန်းတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် လှူဒါန်းကြ၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် သံဃာတော်များအား အလှူရှင် ဒေါက်တာမြတ်မြတ်မွန်နှင့် ညီမများ၊ မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအားလည်း ဒံပေါက်ထမင်း၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် […]

မဟာစည်ဆရာတော်ကြီး ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံ အကြိုနေ့ (၆-သြဂုတ်-၂၀၁၁)

သြဂုတ်လသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းအတွက် ထူးသော လတစ်လ ဖြစ်၏။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲ၊ စုပေါင်း ရှင်ပြု ရဟန်းခံပွဲ၊ ၇-ရက် တရားစခန်းပွဲတို့ကို ကျင်းပမြဲ ဖြစ်သောကြောင့် ဖြစ်၏။
လောကချမ်းသာဆရာတော်၏ မွေးနေ့သည်လည်း သြဂုတ်လတွင် ကျရောက်သလို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းဟူ၍ တရားဝင် အသိအမှတ်ပြုခံခဲ့ရသည်မှာလည်း ဤသြဂုတ်လပင် ဖြစ်သည်။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ချပေးခဲ့သော သာသနာ့မျိုးစေ့မှ ဖူးပွင့် ဝေဆာလာသည့် ရောင်စုံပန်းတို့ကို ကြားတွေ့ မြင်သိကြကာ ပီတိ ဝေဖြာနေကြရပါပြီ။