နိဗ္ဗာန်ဆော် – အရှင်ပညာသီဟ

ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုမှာ နိဗ္ဗာန်ဆော်အလုပ်ဟာ ကုသိုလ်ကောင်းမှုတစ်ခု အပါအဝင် ဖြစ်ပါတယ်။
နိဗ္ဗာန်ဆော်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကောင်းမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော်ခြင်း၊ နှိုးဆော်သူ ဖြစ်တယ်။
ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ အကြောင်းအရာတစ်ခုရဲ့ အဆုံးမှာ “ဘွန္တော – သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ …”လို့ ဟစ်အော်တာမို့ “ဘွန္တော”လို့ဆိုရင် နိဗ္ဗာန်ဆော်ကိုပဲ တွေးမြင်မိတယ်။
အရုဏ်ဆွမ်းချက်ဖို့ နှိုးဆော်ရတဲ့ နိဗ္ဗာန်ဆော်အလုပ်ကို စောစော နိုးထပြီး လုပ်ရလို့ တစ်စုံတစ်ခု ပျောက်ရင် နိဗ္ဗာန်ဆော်ကိုပဲ ယိုးစွပ်တဲ့အနေနဲ့ “ဘွန္တော ကြက်သူခိုး”လို့ ချစ်စနိုး နောက်ပြောင် ပြောဆိုတဲ့ ဝေါဟာရလည်း ရှိနေပါသေးတယ်။
နိဗ္ဗာန်ဆော်အလုပ်အတွက် အချိန်နဲ့ကာယအင်အားကိုသာ အသုံးချ ပြုလုပ်ရပြီး ငွေကြေးဓန အကုန်အကျခံစရာ မလိုတာမို့ အကျိုးကျေးဇူး […]

ကျောင်းသန့်ရှင်းရေးလုပ်အားပေး၊ ကောသမ္ဘီရဟန်းများနှင့် သိတာလေးနဲ့ဆင်ခြင်ပါ

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် စနေနေ့
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း
… တခါ တခါတော့လည်း သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း မထားတတ်သူတွေက ရှုပ်ပွ မသန့်ရှင်းဖြစ်နေတဲ့ ကျောင်းကို မြင်ပြီး အပြစ်ဆိုတတ်ကြတယ်။ ကျောင်းကိုလာတာ ကုသိုလ်ယူဖို့ ရဖို့ လာတာ၊ အကုသိုလ်ဖြစ်တယ် ရသွားတယ်ဆိုရင် ရည်ရွယ်ရင်းရဲ့ ဆန့်ကျင်ဘက် ဖြစ်သွားတော့တာပေါ့။
ကျောင်းမှာကလည်း ကျောင်းရဲ့ ဝေယျာဝစ္စကိစ္စတွေ သန့်ရှင်းရေးကိစ္စတွေ ဆောင်ရွက်ဖို့ ကပ္ပိယ သတ်သတ်မှတ်မှတ် မရှိပါဘူး။ ကျောင်းက ဘုန်းကြီးတွေပဲ ဆောင်ရွက်နေကြရတာ။ ဘုန်းကြီးတွေမှာလည်း ကျန်းမာရေး မကောင်းသူတွေ ရှိတော့ ဒကာ ဒကာမတွေကိုပဲ အလျင်းသင့်သလို အကူအညီတောင်းရတယ်။ ဒီနေ့လည်း သင်တန်းမစမီဖြစ်ဖြစ်၊ ညနေ တရားပွဲအပြီးဖြစ်ဖြစ် ကျောင်းသန့်ရှင်းရေးကုသိုလ် ယူကြစေလိုတယ် … ဟု လောကချမ်းသာဆရာတော်က အမိန့်ရှိသဖြင့် ဓမ္မသင်တန်းနှင့် […]

7th Nibban-Zay at NJ Temple on Sunday 18-Sept-2011

63 Gordonrs Corner Road, Manalapan, NJ 07726
Sunday 18-September-2011 (9 am to 1 pm)

ရောင်းမည့်သူ
အစားအစာ

ဒေါ်ခင်မေပြုံးမိသားစု
ထောပတ်ထမင်း၊ ဆိတ်သားဟင်း၊ ဟင်းမွှေးမဆလာ

အေဘီဘီအေဝေယျာဝစ္စအဖွဲ့
မုန့်ဟင်းခါး၊ ငါးပိကြော်

ဒေါ်ဂရေ့စ်
မုန်ညှင်းချဉ်

ဦးသန်းဝင်း-ဒေါ်အေးမိသားစု
မန္တလေးပဲကြော်၊ ကော်ပြန့်ကြော်

ဒေါ်မွှေး၊ မခင်လေးမြင့် မိသားစု
နန်းကြီးသုတ်၊ ခေါက်ဆွဲသုတ်၊ စာကလေးခွေ

ဒေါ်စီစီချိုမိသားစု
ချဉ်ပေါင်ကြော်၊ ပဲပြုတ်

ကိုစည်သူ-မခိုင်ခိုင်ကျော်
ဖွာလူဒါ

မစန္ဒရာနှင့်ညီအစ်မများ
အကြော်စုံ

မြန်မာဆရာဝန်များအဖွဲ့
ငါးထမင်းချဉ်

ကိုသက်ဝင်း-မိုးစံအောင်မိသားစု
ရေ၊ ဆိုဒါ

ဦးဘော်ယုံမိသားစု
ကောက်ညှင်းထုပ်မျိုးစုံ

ဦးကေ-ဒေါ်ညိုညိုကြည်မိသားစု
ဒံပေါက်ထမင်းနှင့်ကြက်သားဟင်း

ဒေါ်ခင်မလေးမိသားစု
ဝက်သားတုတ်ထိုး၊ ကြာဆံကြော်၊ သံပုရာရည်

စုစုဌေးမိသားစု
ဆမူဆာသုတ်၊ ကြက်သားကင်

မောင်မောင်သန့်-ငြိမ်းငြိမ်းအေးမိသားစု
တိုဟူးသုတ်

ဒေါ်ညွန့်
အုန်းနို့ခေါက်ဆွဲ

ဒေါ်စန်းရီ
တောင်ငူမုန့်အာလူး၊ အဆင်သင့်စားသုံးနိုင်သော မြန်မာအစားအစာ အခြောက်ထုပ်များ

ကိုထွန်းအေး-ဒင်ပဲယ်မိသားစု
ကော်ပြန့်စိမ်း

မအေးအေးသိန်း၊ ဒေါ်မူမူရှိန်
ရခိုင်မုန့်ဟင်းခါး

ဒေါ်ခင်ခင်ဆွေ
ဆီထမင်းနှင့်ကြက်သားကြော်၊ အန်ကူးမုန့်

မလှရီ
ကြာဆံကြော်၊ ထမင်းပေါင်း

မခင်စန်းတင့်
မြန်မာမှုပစ္စည်းများ

ဦးအောင်ကျော်မိုး-ဒေါ်ဌေးဌေးအောင်မိသားစု
ပုဇွန်ခွက်ကြော်/သုတ်

မဟာစည်သတိပဋ္ဌာန်ရိပ်သာ(နယူးဂျာစီ)၏ တိုးတက်မှု

နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာအတွင်း၌ စေတီတော်နှင့် ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြီးစီးသော လုပ်ငန်းများမှာ –
(၁) စေတီတော်အတွက် ကုန်းတော်မြေဖို့ခြင်း။
(၂) မိုးရေစစ်ကန် တည်ဆောက်ခြင်း။
(၃) ကားရပ်ရန်နေရာ အကြမ်းထည် ဆောက်လုပ်ခြင်း။
(၄) မီးသတ်ပိုက်၊ ရေသန့်ပိုက်လိုင်း မြှုပ်ခြင်း။
(၅) လက်ရှိကျောင်းတွင် မြေထိမ်းနံရံ ဆောက်လုပ်ခြင်း။
(၆) စေတီတော်အောက်ခြေပလ္လင် တည်ခြင်း။
(၇) စေတီတော်အတွက် ပိုင်တိုင်၊ အုတ်မြစ်တိုင် ၁၉-တိုင် ရိုက်သွင်းခြင်း။
(၈) မြေအောက်တွင် မိုးရေထွက်ပိုက်လိုင်းကြီးများ မြှုပ်ခြင်း။
(၉) မြေအောက်လျှပ်စစ်မီးလိုင်းနှင့် လမ်းဘေးဘောင်များ တည်ဆောက်ခြင်း။
(၁၀) ရေပန့်အသစ် တပ်ဆင်ခြင်း၊ မီးသတ်ပိုက်ခေါင်း တပ်ဆင်ခြင်း။
(၁၁) မြေအောက်လျှပ်စစ်မီးကြိုး မြှုပ်ခြင်း၊ မီးတိုင်ကြီး ၇-တိုင် တပ်ဆင်ခြင်း။
(၁၂) ဘုရားအလယ်ပစ္စယံ အကြမ်းထည် တည်ဆောက်ခြင်းတို့ ဖြစ်ပါသည်။
၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီးသော လုပ်ငန်းများမှာ […]