ငရဲတံခါး ပိတ်ကြစို့ – အရှင်နန္ဒ၀ံသ(ရမည်းသင်း)၊ ဇေယျသုခဓမ္မရိပ်သာ

ကလေးဘ၀ကတည်းက နားရည်ဝခဲ့တဲ့ စကားလေး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိုင်းအ၀ိုင်းမှာ အမြဲ ကြားရတတ်တာ တစ်ခုက `ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲ´ တဲ့။ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ၀ဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ဘူးလို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။ မကောင်းတာ မဟုတ်တာ လုပ်ရင် ငရဲကြီးမယ်၊ ၀ဋ်လိုက်လိမ့်မယ်လို့ လူကြီး မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘ၀ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေး ဖြစ်မယ်လို့ ထင်ပါတယ်။
ငရဲကြီးတယ်ဆိုတာ ဘယ်လိုပါလိမ့်?
အတွေးအခေါ် ဗဟုသုတ မကြွယ်ဝသေးသည့် ကလေးဘ၀ကို လွန်မြောက်လို့ အရွယ်လေးရောက်လာတော့ ငရဲဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကို အနည်းငယ် သိနားလည်စ ပြုခဲ့ပါတယ်။ ဗုဒ္ဓစာပေများ သင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲ […]

နှလုံးသွင်းမှန်ကာ ဟုတ်တိုင်းမှန်စွာ သိ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ် ကျင်းပမြဲဖြစ်သော တရားရှုမှတ်ခြင်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ပြီးသောအခါ လောကချမ်းသာဆရာတော်က နာရီဝက်မျှ သြ၀ါဒစကား ချီးမြှင့်၏။
ဆရာတော်က … ဓမ္မပဒသင်တန်း (ဓမ္မပဒ)မှာ ဘုရားရှင်လက်ထက် ရဟန္တာမထေရ်ကြီးများ၊ တရားထူးရရှိသွားကြသူ ပုဂ္ဂိုလ်များအကြောင်း အတုယူဖွယ် အားကျဖွယ် ဖော်ပြထားရာ မိမိတို့လည်း အတုယူ နည်းယူ စိတ်အားတက်ဖွယ် လိုက်နာကျင့်သုံးရန် ကောင်းကြောင်း ဦးစွာ အမိန့်ရှိ၏။
အဘိဓမ္မာသင်တန်းမှာ လက်တွေ့ စမ်းသပ် သိရှိနိုင်သော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ္ထတရားများအကြောင်း လေ့လာ သင်ကြားသင်ယူကြရရာ အထူးပင် တန်ဖိုးရှိလှကြောင်း။ […]

သီတင်းကျွတ်ပြီ … မီးပုံးပျံလွှတ်ရအောင် – အရှင်နန္ဒ၀ံသ (ဇေယျသုခ ဓမ္မရိပ်သာ)

အနာဂတ်အတွက် သက်ပြင်းလေးတစ်ချက်
လေပြေလေညှင်း တိုက်ခတ်ခြင်းနဲ့အတူ သီတင်းကျွတ်ကာလရဲ့ ရာသီဥတုဟာ သာတောင့်သာယာ ရှိလှပါတော့တယ်။
မြူတိမ်ကင်းတဲ့ ကောင်းကင်အာကာမှ ထွက်ပြူစ လစန္ဒာကို မြင်ရတဲ့အခါမှာတော့ မကြာမီ သီတင်းကျွတ်လပြည့်တော့မှာပါလား ဆိုတဲ့ အသိက ဦးနှောက်တစ်နေရာမှာ နေရာယူလာပြန်တယ်။
သဘာဝရဲ့ ပြောင်းလဲမှု နိယာမသဘောကို မလွန်ဆန်နိုင်လို့ ဖြူ နီ ပြာ ၀ါ ရောင်စုံဖြာစပြုလာတဲ့ သစ်ပင်လေးတွေကလည်း သင်္ခါရလောကကြီးမှာ အစဉ်ထာဝရဆိုတာ အပိုစကားလို့ ပြောပြနေသလိုလို ထင်မိလိုက်ပါရဲ့။
စက္ကန့်မှသည် နာရီ နေ့ ရက် အလီလီ ပြောင်းရွှေ့မှုတွေက ရာသီစက်ဝန်း ဖြစ်ထွန်းခြင်း အစ ဖြစ်လေမလားပင် မသိ။
သတိထား စဉ်းစားမိတော့ ဆယ့်နှစ်လရာသီဆိုတာ ဘယ်မှာ တကယ်ကြာလို့လဲ၊ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို လွန်မြောက်လို့ ဆောင်းရာသီပင် ၀င်ရောက်တော့မယ် မဟုတ်ပါလား။
ဒီလို နာရီတွေပြောင်း၊ ရာသီပေါင်း များလာတာနဲ့အမျှ သစ်ပင်ဖျားက […]

ကထိန်တရားတော် – မြောင်းမြဆရာတော်

ထူးခြားသော ဘာသာရေးပွဲတော်

“ကထိန” … အားလုံး သိကြတဲ့အတိုင်းပဲ။ မြန်မာ့ပွဲတော်တွေထဲက အတော်လေး အရေးပါတဲ့ ပွဲ ဖြစ်တယ်။
လောကီလူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့ မပတ်သက်တဲ့ ဘာသာရေးပွဲတော်တစ်ခု ဖြစ်တယ်။
ဘာသာရေးမှာလည်း အခြား အခြားသော ဘာသာရေးပွဲတော်တွေနဲ့ မတူ၊ ဝိနည်းတရားတော်နဲ့ ပတ်သက်နေတဲ့ ဘာသာရေးပွဲတော်တစ်ခု ဖြစ်တယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် “ကထိန်ပွဲတော်”ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြပါတယ်။
ကထိန်သင်္ကန်းကို ဘယ်လိုလုပ်ပြီး ခွင့်ပြုတယ်ဆိုတာ ခုနက ပြောခဲ့တဲ့ အင်္ဂလိပ်ဘာသာ(နဲ့တရား)ကိုပဲ မြန်မာပြန်ပြီး အတိုချုပ် ပြောပါအုံးမယ်။
ရဟန်းတော်များ၏ အခက်အခဲ
ဗုဒ္ဓဘုရားရှင် လက်ထက်တော်က ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့ဟာ ဘုရားဖူးရအောင်၊ တရားနာရအောင်ဆိုပြီး သာဝတ္ထိမြို့ကို ကြွလာခဲ့ကြတယ်။
ဒါပေမယ့် သာဝတ္ထိမြို့ မရောက်မီ ဝါဆိုနေ့ဟာ ကပ်သွားပြီ။
သူတို့လမ်းခရီးမှာ လေးမြင့် ဖင့်နွှဲ့သွားတဲ့အတွက်ကြောင့် သာဝတ္ထိမြို့ကို အချိန်မီ မရောက်နိုင်ဘူး။
သာဝတ္ထိမြို့နဲ့ အလွန်နီးကပ်နေတဲ့ သာကေတဆိုတဲ့ မြို့လေးမှာ ဝါဆိုလိုက်ကြရတယ်။
ထိုပုဂ္ဂိုလ်များဟာ […]

မဟာကာဠထေရ်ဝတ္ထုနှင့် အဘိဓမ္မာသင်တန်း

၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း ကျင်းပ ပြုလုပ်မြဲဖြစ်သော တစ်နာရီ တရားရှုမှတ်ခြင်း၊ ဓမ္မပဒသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ပြုလုပ် ကျင်းပရာ –
မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားရှုမှတ်ကြပြီးနောက်၊ ၃ နာရီခွဲမှ ၄ နာရီအထိ `ဆရာတော် ဦးစက္ကိံဒ´က ဓမ္မပဒ၊ ယမက၀ဂ် ဂါထာ အမှတ် (၇)(၈)၊ မဟာကာဠထေရ်ဝတ္ထုအကြောင်း သင်ကြား ပို့ချပေး၏။

`ဆရာတော် ဦးစက္ကိံဒ´က သင်တန်းသူ သင်တန်းသားများ အခြေခံပါဠိဘာသာ နားလည်စေရန်အတွက် ပါဠိဘာသာ သိဖွယ် မှတ်ဖွယ်တို့ကို အထူး ထည့်သွင်း သင်ကြားသွား၏။
ဓမ္မပဒသင်တန်းပြီးသော် ခေတ္တ နား၍ အရှင်ဝဏ္ဏိတက အဘိဓမ္မာ စိတ်သရုပ်ခွဲကို ဆက်လက် […]