Happy New Year – အရှင်စက္ကိန္ဒ

မကြာမီ နှစ်ဟောင်းကုန်ပျောက်၍ နှစ်သစ်ရောက်လာပေတော့မည်။
နှစ်သစ်ကို ကြိုဆိုဖို့ ဟန်ရေးတပြပြ အစီအစဉ်တွေ ချနေကြသူများ၊ Happy New Year ဟူ၍ နှုတ်ဆက်သံများ ကျယ်လောင်စွာ ကြားနေရသည်။
အသစ်အသစ်ကို အမြတ်တနိုး ကြိုဆိုကြတာဟာ လောကသဘာဝပါ။
အဟောင်းရဲ့ အဆုံးဟာ အသစ်၊
အသစ်ရဲ့ အဆုံးဟာ အဟောင်း။
အဟောင်း အသစ်၊ အသစ် အဟောင်းဟာ ဆက်စပ်နေတာပါ။
သူတို့နှစ်ခု တစ်ခုခုကို ဖယ်ထုတ်ပစ်လို့ မရပါ။
အသစ်ကို ကြိုဆိုရင်း အဟောင်းကို ပြန်လည် သုံးသပ်ကြရပါတယ်။
`ရှေ့တစ်ခေါ် မျှော်ကြည့်၊ နောက်တစ်လံ ပြန်ကြည့်´ ဆိုတဲ့ စကားပုံဟာ ရှေ့နောက်မြော်မြင် သမ္ပဇဉ်ဖြင့် ဉာဏ်ယှဉ်ကာ သုံးသပ်တတ်ဖို့ လိုကြောင်း ဆိုလိုပါတယ်။
အဟောင်းထဲက အကောင်းတွေ၊ အဟောင်းထဲက အနှစ်တွေ ယူရသလို၊
အဟောင်းထဲက အရှူံးတွေ အမုန်းတွေကိုလည်း ချေဖျက်ကာ သင်ခန်းစာ ယူတတ်ကြဖို့ လိုပါတယ်။
နှစ်သစ် ကမ္ဘာသစ် ဘ၀သစ် […]

“အကုသိုလ်စေတသိက်များ”နှင့် “သံဝေဂဉာဏ် ရင့်ကျက်ရန်”

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲဝယ် –
ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ အမှတ် ၁၁-၁၂၊ အရှင်သာရိပုတ္တထေရ်ဝတ္ထုကြောင်းကို အရှင်စက္ကိန္ဒက သင်ကြား ပို့ချပေးပြီး၊

အဘိဓမ္မာ၊ စေတသိက်ပိုင်း၊ အကုသိုလ်စေတသိက်များအကြောင်းကို အရှင်ဝဏ္ဏိတက ပို့ချ သင်ကြားပေး၏။

ဆည်းဆာတရားပွဲတွင် အရှင်စက္ကိန္ဒက အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ကေသိဝဂ္ဂ မှ ပတောဒသုတ္တန် ဒုတိယပိုင်းကို “သံဝေဂဉာဏ် ရင့်ကျက်ရန်”ဟု အမည်ပေး၍ ဟောကြား ချီးမြှင့်၏။

+++++
ပတောဒသုတ်
ရဟန်းတို့ … လောက၌ အာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။
အဘယ်လေးမျိုးတို့နည်းဟူမူ –
ရဟန်းတို့ … ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ “ငါ့ကို ယနေ့ မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် […]

နောက်ကျုသော စိတ်၊ ကြည်လင်သော စိတ်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တစ်နာရီ တရားရှုမှတ် ပွားများခြင်း၊ အဘိဓမ္မာသင်တန်းနှင့် စနေနေ့ တရားပွဲတို့ကို ပြုမြဲ ကျင်းပပြုလုပ်ရာ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ အရှင်ဝဏ္ဏိတက အဘိဓမ္မာ စေတသိက်ပိုင်း၊ အညသမန်းစေတသိက်များအကြောင်း သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီခွဲတွင် အရှင်ဝိမလက အင်္ဂုတ္တိုရ်၊ ဧကကနိပါတ်၊ ပဏိဟိတအစ္ဆ၀ဂ်၊ ပဉ္စမသုတ်၊ ဆဋ္ဌမသုတ်တို့လာ နောက်ကျုသောစိတ် ကြည်လင်သောစိတ်တို့အကြောင်း ဓမ္မဒါနပြု ဟောကြား၏။

အဂုင်္တ္တိုရ်၊ ဧကကနိပါတ်၊ ပဏိဟိတအစ္ဆ၀ဂ်၊
ပဉ္စမသုတ်
သေယျထာပိ ဘိက္ခဝေ ဥဒကရဟဒေါ အာဝိလော လုဠိတော ကလလီဘူတော၊
တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော န ပေဿယျ သိပ္ပိသမ္ဗုကမ္ပိ သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ […]

စေတသိက်များနှင့် စွဲနေပြီ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုမြဲ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ် ပွားများခြင်း၊ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ ဓမ္မသင်တန်းနှင့် ညနေ ၅ နာရီမှ ၆ နာရီထိ တရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
ဓမ္မပဒသင်တန်းပြ ဆရာတော် အရှင်စက္ကိန္ဒမှာ ဖလော်ရီဒါရှိ ၁၀-ရက်တရားစခန်းပွဲတစ်ခုသို့ ကြွရောက်နေသဖြင့် ယခုပတ်တွင် ဓမ္မပဒသင်တန်း မရှိပေ။
မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ အဘိဓမ္မာသင်တန်းဝယ် အရှင်ဝဏ္ဏိတက သဗ္ဗစိတ္တသာဓာရဏ စေတသိက်များအကြောင်း သင်ကြား ပို့ချ၏။

ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ ရောက်ရှိနေသော အရှင်ပညာဇောတက ‘အရှင်ဓမ္မရုစိအကြောင်း’ […]