“အမိုးလုံ အိမ်” နှင့် “အနာခံမှ အသာစံရ”

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈)ရက် စနေနေ့
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်း၏ အစ်ကို ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းအလှူကို လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ၊ လစဉ် နောက်ဆုံး စနေနေ့၌ ပြုလုပ်သော တစ်ရက်တရားစခန်းကို ယခုလတွင် မပြုလုပ်ဘဲ ဓမ္မသင်တန်းများနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
မြတ်စွာဘုရားနှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးနှင့် မြန်မာလက်ဖက်ရည်အချိုတို့ဖြင့် ကျွေးမွေး ဧည့်ခံ၏။
မွန်းလွဲ ၁ နာရီတွင် တရားတော် နာယူကာ လှူဖွယ် ဒါနဝတ္ထု အစုစုတို့ကို လှူဒါန်းကြပြီး၊ ကောင်းမှုကုသိုလ်အစုစုတို့၏ အဖို့ကို ရေစက်သွန်းချ အမျှပေးဝေကြ၏။
သံဝေဂဓမ္မတရားကို အရှင်စက္ကိန္ဒက ဟောကြား၏။

+++
ဓမ္မပဒ ဂါထာ ၁၃-၁၄၊ အရှင်နန္ဒမထေရ်ဝတ္ထု
ပါဠိ
(၁၃)
ယထာ အဂါရံ […]

နန္ဒတ္ထေရ ဝတ္ထု – သင်္ဂဇာဆရာတော်ဘုရားကြီး

မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ သစ္စာလေးပါးကို သိတော်မူ၍ ‘ပဉ္စဝဂ္ဂီ’ငါးယောက်၊ ‘ယသ’အမှူးရှိသော ငါးကျိပ်ငါးယောက်သော သူတို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်း ခံတော်မူ၍ မိဂဒါဝုန်တော၌ ပထမ ဝါကပ်တော်မူသည်။
ဝါကျွတ်လျှင် ရဟန်းတို့ကို ဒေသစာရီ လှည့်လည်စေ၍ တစ်ပါးတည်းသာ ဥရုဝေလတောသို့ ကြွတော်မူသည်။
ဥရုဝေလတောသို့ မရောက်မီ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းပြုတော်မူသည်။
ဥရုဝေလတောသို့ ရောက်လျှင် ဥရုဝေလ ကဿပ စသော တစ်ထောင်သော ရသေ့တို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းပြုတော်မူပြီးမှ ရဟန္တာတစ်ထောင် ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဗိမ္ဗိသာရမင်းကြီးကို တစ်သိန်းတစ်သောင်းသော ပုဏ္ဏား သူကြွယ်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်စေ၍ ဥပတိဿ၊ ကောလိတ စသော များစွာသော သူတို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းခံတော်မူ၍ […]

`စိတ်ရောဂါကင်းစင်ရေး´နှင့် `လူလေးမျိုး´

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၁)ရက် စနေနေ့
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။
သောကြာနေ့ ညဥ့်နက်ပိုင်းမှ စ၍ နှင်းများ ၅ လက်မခန့် ကျကာ ရာသီဥတု မကောင်းသဖြင့်လည်းကောင်း၊ တရုတ်နှစ်သစ်ကူး နီးသဖြင့် မအားလပ်သူများ ရှိသောကြောင့်လည်းကောင်း သင်တန်းသူ သင်တန်းသား နည်း၏။
လောကချမ်းသာဆရာတော်က ငါးမိနစ်တရားအဖြစ် တရားနာယူနည်း၊ ရောဂါနှစ်မျိုးနှင့် ဗောဇ္ဈာင်ခုနစ်ပါး မြတ်တရားအကြောင်းကို ဟောကြား ချီးမြှင့်၏။

ယခုအပတ်တွင် ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒ အပြင်သို့ ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိဘဲ၊ မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက စေတသိက် ၅၂-ပါး အဆုံးသတ်နှင့် စေတသိက်-စိတ်ယှဉ် သမ္ပယောဂနည်းကို သင်ကြား ပို့ချပေး၏။

လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် နယူးယောက်မြို့သို့ ခေတ္တရောက်ရှိနေသော အရှင်ဇာဂရ (ကလောင်အမည် – ကံထွန်းသစ်)က `အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ […]

`သောဘဏစေတသိက်များ´နှင့် `ခြေတစ်လှမ်း ကုဋေတစ်သန်း´

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၄)ရက် စနေနေ့၊
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။
“တရားအားထုတ်ဖို့ အချိန်ရောက်ပြီ” ဟူသော လောကချမ်းသာဆရာတော်၏ ‘လောကချမ်းသာ ၅-မိနစ်တရား’ အစပျိုးဝယ် အဓိပ္ပာယ် နှစ်မျိုး ပါသည်ဟု ယူနိုင်၏။
ယခုအခါ စနေနေ့ ပြုမြဲဖြစ်သော မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားအားထုတ် ရှုမှတ် ပွားများရန် အချိန်ရောက်ပြီဖြစ်ကြောင်း ဆိုသည်လည်း တစ်ရပ်၊
အသေမဦးခင် တရားရှုမှတ်ရင်း သေတတ်အောင်၊ အချိန်မရွေး နေရာမရွေး တရားနှင့် နေတတ်အောင် သတိပေးသည်လည်း တစ်ဖုံ နှစ်မျိုးစုံ အဓိပ္ပာယ်ရလေ၏။
သမထဘာဝနာ (သမထကမ္မဋ္ဌာန်း)၊ ဝိပဿနာဘာဝနာ (ဝိပဿနာကမ္မဋ္ဌာန်း) နှစ်မျိုးရှိရာ သမထကမ္မဋ္ဌာန်းကို အားထုတ်ရန် သီးသန့် အချိန် နေရာ သတ်သတ်မှတ်မှတ် ထားရှိ ပြုလုပ်ရပြီး၊ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရန်အတွက်မူ အချိန် နေရာ သတ်မှတ်ရန် မလိုအပ်ဘဲ […]

“အကုသိုလ်စေတသိက်များ”နှင့် “အရှင်အာနန္ဒာ၏အတွေး”

လောကချမ်းသာဘုရားကျောင်း၊
၂၀၁၂ ခု ဇန်နဝါရီလ (၇)ရက် စနေနေ့။
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၂ ခုနှစ် ပထမဦး စနေနေ့ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲ အစီအစဉ်များတွင် အစီအစဉ်သစ်တစ်ရပ်အဖြစ် “လောကချမ်းသာ ငါးမိနစ်တရား” အစီအစဉ်ကို တရားရှုမှတ်ခြင်း အစီအစဉ် မစမီ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က ဟောကြား ချီးမြှင့်၏။
အစီအစဉ်အရ ငါးမိနစ်မျှသာ ဟောကြားရန်ဖြစ်သော်လည်း ဘော်စတွန်မြို့မှ ဗီယက်နမ်လူမျိုး ဧည့်သည်များလည်း ပါဝင် တရားရှုမှတ်ကြရာ လောကချမ်းသာဆရာတော်က မိနစ်နှစ်ဆယ်ခန့် အင်္ဂလိပ်ဘာသာဖြင့် ဟောကြား ချီးမြှင့်ပေးလေသည်။

ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ လောကချမ်းသာဆရာတော်နှင့်အတူ အသုဘရှု-မရဏာနုဿတိဘာဝနာပွားများရာသို့ ကြွရောက်ရန် ရှိသဖြင့် ယခုအပတ်တွင် ဓမ္မပဒသင်တန်း မရှိပေ။
ထို့ကြောင့် ဆရာတော် အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲထိ “အကုသိုလ်စေတသိက်များ”အကြောင်းကို အားပါးတရ […]