“အရှင်ဒေဝဒတ်´´ နှင့် “ခန္ဓာကိုယ်၏အနှစ်သာရကို ထုတ်ယူခြင်း´´

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် လ၏ နောက်ဆုံးစနေနေ့၌ ပုံမှန် တစ်ရက်တရားစခန်း ကျင်းပ ပြုလုပ်ရန်ဖြစ်သော်လည်း ၂၀၁၂ ခု ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျောင်း၌ ဆွမ်းအလှူပွဲတစ်ခု ရှိနေ၍ တရားစခန်း မပြုလုပ်ဖြစ်ချေ။
ဆွမ်းအလှူပွဲအပြီး မွန်းလွဲပိုင်း အချိန်ရသဖြင့် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒဂါထာ (၁၇)လာ အရှင်ဒေဝဒတ်ဝတ္ထုဇာတ်ကြောင်းကို သင်ကြား ပို့ချပေး၏။
အလိုလောဘကြီးကာ ကောက်ကျစ်သော ရွဲကုန်သည်ဖြစ်စဉ် ဘုရားလောင်း ရွဲကုန်သည်ကို ငြိုးခဲ့သော ဒေါသသည် ဘဝအဆက်ဆက် ရန်မီးပွားခဲ့ရာ အရှင်ဒေဝဒတ်ဘဝတွင် မဟာကရုဏာတော်ရှင် မြတ်စွာဘုရားရှင်အား သေကြောင်းကြံစည်မှု၊ သံဃာသင်းခွဲမှုတို့ကြောင့် မြေမျိုကာ အဝီစိသို့ လားခဲ့ရ၏။

ဓမ္မပဒသင်တန်းပြီးသော် ခရီးတထောက် ခေတ္တရောက်ရှိနေသော အရှင်ဇာဂရ (ကံထွန်းသစ်)က ခန္ဓာကိုယ်၏ အနှစ်သာရ ထုတ်ယူရန် တရားတော်ကို နာရီဝက်ခန့် ဓမ္မဒါနပြု ဟောကြားပေး၏။

ဆားတောင် မသိမ်းထားအပ်ကြောင်း

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် စနေနေ့
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်နာရီ တရားရှုမှတ်ပွားများရန် ဂျပန်လူမျိုး အမျိုးသမီးတစ်ဦး ရောက်ရှိလာသဖြင့် အရှင်ဝဏ္ဏိတက ၁၅ မိနစ်ခန့် အင်္ဂလိပ်ဘာသာဖြင့် တရားရှုမှတ်နည်း ဟောကြား၏။

+++++
ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းဆရာတော် အရှင်စက္ကိန္ဒမှာ Albany မြို့သို့ ရဟန်းခံပွဲတစ်ခုအတွက် ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။
မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီအထိ “အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း – ဝေဒနာသင်္ဂဟ၊ ဟေတုသင်္ဂဟ၊ ကိစ္စသင်္ဂဟ´´တို့ကို အရှင်ဝဏ္ဏိတက သင်ကြား ပို့ချပေး၏။

+++++
ညနေ ၅ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “သံသရာကို ဘယ်လိုကူးကြမလဲ´´ တရားတော်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် […]

“စုန္ဒဝက်ကုန်သည်” နှင့် “မဟာဓမ္မိကဥပါသကာ”

လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ကြွရောက်နေ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့ ‘လောကချမ်းသာ ၅-မိနစ်တရားတော်’ကို ဆရာတော် အရှင်စက္ကိန္ဒက ဟောကြားရာ – သဒ္ဓါတရားရှိသူ၊ ဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ထိ အားထုတ် ပြီးပြည့်စုံသူတို့အတွက် အချိန်နှင့်အမျှ ဆက်လက် ပွားများ အားထုတ်နေပါက မဂ်ဖိုလ်သို့ အမှန်ပင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပုဂ္ဂလပညတ်အဋ္ဌကထာလာ အားတက် မှတ်သားဖွယ်ရာဖြင့် တိုက်တွန်းသွား၏။
ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။
(စားစဉ်ဘောဇဉ်)၊ သွားစဉ်ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်ချိန်မဆို ရှိပါစေ။
ရှုမှတ်သူမှာ၊ မဂ်ဖိုလ်ဟာ၊ မှန်စွာ ဖြစ်နိုင်ပေ။

+++++
မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၅ – စုန္ဒဝက်ကုန်သည်အကြောင်း […]

စူဠဗောဓိဇာတ် (ပညာရှိတို့သည် အမျက်မထွက်သင့်ကြောင်း)

ဟောတော်မူရာဌာန
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “ယော တေ ဣမံ ၀ိသာလက္ခိ´´ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဗောဓိဇာတ်ကို ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမျက်ထွက်တတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု
ထိုရဟန်းသည် ၀ဋ်ဆင်းရဲမှ ထွက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းအဖြစ်ကို ရပါသော်လည်း အမျက်ဒေါသကို နှိပ်စက်ခြင်းငှာ မတတ်နိုင်သတတ်။ ပြင်းစွာ အမျက်ထွက်တတ်၏။
အမျက်ဒေါသကြောင့် ကိုယ်၏ ပင်ပန်းခြင်း၊ စိတ်၏ ပင်ပန်းခြင်း များ၏။
အနည်းငယ်သာ ဖြစ်လျှင်မူကား ကပ်ငြိတတ် တုန်လှုပ်တတ်၏။ ပကတိသဘောကို လွန်၍ ဖောက်ပြန်ခြင်းသို့ ရောက်တတ်၏။ အမျက်ဒေါသ၌သာ တည်၏။
သဗ္ဗညုမြတ်စွာဘုရားသည် ထိုရဟန်း၏ အမျက်ထွက်တတ်သည်၏ အဖြစ်ကို ကြားတော်မူလျှင် ခေါ်စေ၍ “ရဟန်း … သင်သည် အမျက်ဒေါသကြီးသတတ်ဟူသည် မှန်သလော´´ဟု မေးတော်မူ၍ “အရှင်ဘုရား … […]

ခန္တီဝါဒီဇာတ်

ဟောတော်မူရာဌာန
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “ယော တေ ဟတ္ထေစ ပါဒေ စ” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တီဝါဒီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ပါးသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု
သဗ္ဗညုမြတ်စွာဘုရားသည်ကား ထိုရဟန်းကို “ရဟန်း … အဘယ့်ကြောင့် သင်သည် အမျက်မထွက်အပ်သော ဘုရားသာသနာ၌ ရဟန်းပြု၍ အမျက်ထွက်ခြင်းကို ပြုဘိသနည်း။ ရှေးပညာရှိတို့သည် ကိုယ်၌ အထောင်မျှလောက်သော ပုတ်ခတ်ခြင်းဖြင့် ပုတ်ခတ်ကုန်သော်လည်းကောင်း၊ လက်,ခြေ,နား,နှာခေါင်းတို့ကို ဖြတ်ကုန်သော်လည်းကောင်း သူတပါးအား အမျက်ထွက်ခြင်းကို မပြုကုန်”ဟု ဆို၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် မင်းပြု၏။
ခန္တီဝါဒီရသေ့
ထိုအခါ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ ကုဏ္ဍလ မည်သော လုလင်ဖြစ်၍ […]

မင်းလေးပါးတို့ ဥပုသ်သုံးခန်း (ဝိဓူရဇာတ်တော်-မင်းပူးဆရာတော်ဦးသြဘာသ)

လွန်လေပြီးသောအခါ ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျ အမည်ရှိသော မင်းသည် မင်းပြု၏။
ထိုမင်း၏ အကျိုးကိုလည်းကောင်း၊ အကြောင်းကိုလည်းကောင်း ဆုံးမတတ်သော အမတ်ပညာရှိသည်ကား ဝိဓုရ အမည်ရှိ၏။
ထို ဝိဓုရသုခမိန်သည် သာယာစွာသော စကားဖြင့် လူအပေါင်းတို့အား တရားဟော၏။ ဇမ္ဗူဒီပကျွန်းအပြင်၌ နေကုန်သော မင်းအပေါင်းတို့သည် ဆင်ကို နှစ်သက်စေတတ်သော စောင်းကို တီးလျှင် ဆင်အပေါင်းတို့သည် ထိုစောင်းသံ၌ တပ်မက်ခြင်းဖြင့် မခွာရက်သကဲ့သို့ သာယာလှစွာသော တရားသံဖြင့် ကြည်ညိုတပ်မက်ကြသည် ဖြစ်၍ မိမိတို့ပြည်သို့မျှ ခွာ၍ မပြန်ရက်နိုင် ဖြစ်ကြကုန်၏။
ဝိဓုရအမတ်သုခမိန်သည် ဘုရား၏တင့်တယ်ခြင်းဖြင့် မင်းအစရှိသော လူအပေါင်းတို့အား တရားဟောလျက် များစွာသော စည်းစိမ်အခြံအရံဖြင့် ထို ဣန္ဒပတ္တနဂိုရ်ပြည်၌ ထင်ရှားစွာ နေ၏။
ဗာရာဏသီပြည်၌လည်း အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသူကြွယ် ၄ ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကို မြင်၍ များစွာသော […]

“သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး” နှင့် “အလှကိုယ်စီ ရှိကြသည်”

…… နားက တရားနာ၍ ဉာဏ်က ခန္ဓာစိုက်ရမည့်အကြောင်း၊ လက်တွေ့ တရားကျင့်သုံးနိုင်ရန်အတွက် နှလုံးသွင်း တရားနာရမည့်အကြောင်း။
သတိပဋ္ဌာန်တရား လေးပါး အားထုတ်နေခြင်းသည် မဂ္ဂဗြဟ္မစရိယ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ကို ကျင့်သုံးနေခြင်း ဖြစ်ကြောင်း။
အလုပ်ထဲမှာ အလုပ်လုပ်ဆဲမှာလည်း တရားပါရန်၊ သဒ္ဓါ ဝီရိယ အားကောင်းကောင်းဖြင့် သတိကပ်၍ လုပ်ကိုင် ဆောင်ရွက်ရမည့်အကြောင်း။
သတိရှိရန် ဝီရိယအားကောင်းဖို့လို၊ ဝီရိယရှိရန် သဒ္ဓါတရားအားကောင်းဖို့လို၊ သဒ္ဓါတရားဖြစ်ရန် တရားနာ တရားစာပေများ ဖတ်ရှု လေ့လာကြရမည့်အကြောင်း။
သတိအမြဲကပ်ပြီး ပစ္စုပ္ပန်တည့်တည့် ပစ္စုပ္ပန်ကျကျ ရှုမှတ်ကာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို မြင်အောင် ကြည့်၍ ကျန်းမာနေခိုက် အခွင့်သာခိုက်ဝယ် ဒုက္ခသစ္စာထပ်မဖြစ်အောင် … သံသရာထဲ မလည်နေအောင် … သံသရာဝဋ်ဒုက္ခထဲမှ လွတ်မြောက်အောင် တစ်မှတ်ဆို တစ်မှတ်ဆိုသလောက် သတိပဋ္ဌာန်တရား ရှုမှတ် ပွားများကြရန် လောကချမ်းသာဆရာတော်က ၂၀၁၂ ခုနှစ် […]