ဘာကြောင့်လာတာလဲ?

၂၀၁၂ ခုနှစ် မေလ ၁၉ ရက် နောက်ပိုင်း၊ သင်တန်းသူ သင်တန်းသား အများစုမှာ တရားစခန်းတစ်ခု ဝင်ရောက်နေကြသဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နှင့် ၉ ရက်နေ့တို့တွင် ဓမ္မသင်တန်းများ မရှိပေ။
၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက် စနေနေ့တွင် လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိ ၇-ပါးအနက် နောက်ဆုံးဖြစ်သော ဉာဏဒဿနဝိသုဒ္ဓိအကြောင်း အကျဉ်း ဟောကြား၏။

+++++
ဓမ္မပဒသင်တန်းဝယ် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် ၂၁-၂၃ သာမာဝတီဝတ္ထုအကြောင်း ဟောကြား သင်ပြ၏။

+++++
မွန်းလွဲ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း ဝီထိပိုင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

+++++
ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ဝိမလက မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ […]