“ကံလမ်းနှင့် ဉာဏ်လမ်း” – အောင်စကြာဆရာတော်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၈ ရက် စနေနေ့ ညနေ ၆-နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လောကချမ်းသာဆည်းဆာတရားပွဲကို ပြုလုပ် ကျင်းပရာ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ သရက်တောကျောင်းတိုက်၊ အောင်စကြာတိုက်ကျောင်း ဦးစီး ပဓာနနာယက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အောင်စကြာဆရာတော် ဘဒ္ဒန္တစန္ဒသူရိယက “ကံလမ်းနှင့် ဉာဏ်လမ်း”တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

+++++
တရားတော် လင်္ကာများ
ကံလမ်းကလျှောက်၊ သုဿာန်ရောက်မယ်။
ဉာဏ်လမ်းကလျှောက်၊ နိဗ္ဗာန်ရောက်မယ်။
ပြိတ္တာဘ၀၊ ရောက်ကြရ၊ လောဘကံကြောင့်ပါ။
ငရဲဘ၀၊ ရောက်ကြရ၊ ဒေါသကံကြောင့်ပါ။
တိရစ္ဆာန်ဘ၀၊ ရောက်ကြရ၊ မောဟကံကြောင့်ပါ။
လူနတ်ဘ၀၊ ရောက်ကြရ၊ ဒါနကံကြောင့်ပါ။
လူနတ်ဘ၀၊ ရောက်ကြရ၊ သီလကံကြောင့်ပါ။
ဗြဟ္မာဘ၀၊ ရောက်ကြရ၊ သမထကံကြောင့်ပါ။
နောက်ကိုပြန်ကြည့်၊ အစမသိ၊ မြုပ်ပေါ်ဖြစ်ခဲ့၏။
ရှေးကိုမျှော်ကြည့်၊ အဆုံးမသိ၊ မြုပ်ပေါ်ဖြစ်ဖို့ရှိ။
+++++
ဆိတ်ငြိမ်နေရာ၊ ချဉ်းကပ်ကာ၊ လျင်စွာ ရှုကာပွား။
[…]

“ချစ်သက်သေ ထူနိုင်ပါစေ” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

ဓမ္မာရာမော ဓမ္မရတော, ဓမ္မံ အနုဝိစိန္တယံ
ဓမ္မံ အနုဿရံ ဘိက္ခု, သဒ္ဓမ္မာ န ပရိဟာယတိ။
(ဓမ္မပဒဂါထာ ၃၆၄)
+++++
နိဗ္ဗာန်မျှော်မှန်း
ရှင်ရဟန်းမူ
ကမ္မဋ္ဌာန်းတရား
စိတ်ဝင်စား၍
တရားအာရုံ
ပွားထုံမပြတ်
မွေ့လျော်တတ်၏
မပြတ်တရား
ကြံစဉ်းစားကာ
မမေ့ပါတည်း
သို့သာကျင့်ငြား
လူရှင်များမူ
များပြားသူတော်
ကျင့်မွေ့လျော်သည့်
သင့်တော်လှဘိ
ဗောဓိပက္ခိယ
မဂ်ဖိုလ်မှပါ
ဆုတ်ယုတ်စရာ
မရှိပါတည်း။
(အရှင်ကုမာရ၏ ဓမ္မပဒပန်းကုံး မှ)
သံသရာဘေးကို ရှုမြင်နေသူတစ်ဦးသည် သမထ၀ိပဿနာတရားကို စိတ်ပါဝင်စား၏။
သမထ၀ိပဿနာတရား၌ မွေ့လျော်၏။
သမထ၀ိပဿနာတရားကို ထပ်ကာ ထပ်ကာ နှလုံးသွင်း၏။
သမထ၀ိပဿနာတရားကို ထပ်ကာ ထပ်ကာ ရှုမှတ်၏။
ထိုသူသည် ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် လောကုတ္တရာတရား ၉-ပါးမှ မဆုတ်ယုတ်တော့ပေ။
(အရှင်ကုမာရ၏ ဓမ္မပဒပန်းကုံး မှ)
+++++
တရားတော်ကို နှစ်ခြိုက်သော
တရားတော်၌ မွေ့လျော်သော
သူတော် သူမြတ် တရားကို
ဖန်တလဲလဲ ကြံစည်သော
ဖန်တလဲလဲ အောက်မေ့သော
ထိုကဲ့သို့သော ရဟန်းသည်
တရားတော်မှ မယုတ်နိုင်။
(မင်းသုဝဏ်၏ ဓမ္မပဒ မှ)
+++++
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ အထူးဓမ္မသဘင်တရားပွဲကို ဆက်လက် ပြုလုပ်ရာ ဆရာတော်က […]

“သောတာပန် မှတ်ကျောက်” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၁-ရက် စနေနေ့ ညနေ ၆-နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ အထူးဓမ္မသဘင်ကို ကျင်းပ ပြုလုပ်ရာ “သောတာပန် မှတ်ကျောက်´´တရားတော်ကို ဓမ္မဒါနပြု ဟောကြားသွား၏။

+++++
သောတာပန်ဖြစ်ကြောင်း ၄-ပါး
(၁) သပ္ပုရိသသံသေ၀န – သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း။
(၂) သဒ္ဓမ္မသ၀န – တရားမှန်ကို ကြားနာခြင်း။
(၃) ယောနိသောမနသိကာရ – အကြောင်းမှန်အားဖြင့် နှလုံးသွင်းခြင်း။
(၄) ဓမ္မာနုဓမ္မပဋိပတ္တိ – လောကုတ္တရာတရားအားလျော်စွာ ကျင့်ခြင်း။

“ဘုရားတိုင်းရဲ့ အမှာစကား” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၄-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းပြ ဆရာတော်များ အဝေးသို့ ရောက်ရှိနေကြသဖြင့် အပတ်စဉ် ဓမ္မသင်တန်းများ မရှိပေ။
မွန်းလွဲပိုင်းတွင် ဆရာတော် အရှင်ဝိမလက ကိုရင်နှင့် ကလေးများအား တရားရှုမှတ်ပုံ သင်ပြပေး၏။

ညနေ ၆-နာရီတွင် မဇ္ဈိမဂုဏ်ရည်ဆရာတော်က သမထဘာဝနာအကြောင်း “ဘုရားတိုင်းရဲ့ အမှာစကား”တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

+++++
စတုရာရက္ခဘာဝနာ (ကိုယ်စောင့်ဘာဝနာ ၄-ပါး)
၁။ ဂုဏ်တော်ပွားများပုံ
အရဟံ – လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ အလှူတော် အတန်တန် အပူဇော်မှန်သမျှကို ခံယူတော်မူထိုက်ပါသော မြတ်စွာဘုရား။
၂။ မေတ္တာပွားများပုံ
အရှေ့ အနောက် တောင် မြောက် ဝဲ ယာ ထက် အောက် ဒိသာ အနန္တစကြဝဠာအတွင်း၌ ရှိကြကုန်သော အားလုံးသော သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ […]

“သူ့လို တွေးပါ” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၈-ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ အထူးဓမ္မသဘင်ကို ကျင်းပ ပြုလုပ်ရာ “ဧကူပေါသထိကာထေရီအပဒါန်”ကို အခြေခံ၍ “သူ့လို တွေးပါ”တရားတော်ကို ဓမ္မဒါနပြု ဟောကြားသွားခဲ့၏။

တရားတော်ဆောင်ပုဒ် လင်္ကာများ

ဒါနမပါ၊ ဖြစ်လေရာ၊ ဥစ္စာခြွေရံ ရှားပါးသည်။

ဒါနပါမှ၊ ဖြစ်ရာဘဝ၊ ဥစ္စာခြွေရံ ပေါများမည်။

သီလမပါ၊ ဖြစ်လေရာ၊ ရောဂါထူပြောသည်။

သီလပါမှ၊ ဘေးမခ၊ အေးမြသက်ရှည်မည်။

ဘာဝနာမပါ၊ သံသရာ၊ ရှည်ကြာလွန်းလှသည်။

ဘာဝနာပါမှ၊ ဝဋ်ဒုက္ခ၊ မုချငြိမ်းလိမ့်မည်။

+++++
ဧကူပေါသထိကာထေရီအပဒါန်
၁။ ဗန္ဓုမတီမြို့၌ ဗန္ဓုမာမည်သော မင်းသည် ရှိ၏။ ထိုမင်းသည် လပြည့်နေ့၌ ဥပုသ်ကို ကျင့်သုံး၏။
၂။ ထိုအခါ ငါသည် ထိုမြို့၌ အိုးရွတ်ကျွန်မ ဖြစ်ခဲ့၏။ ထိုအခါ ငါသည် မင်းနှင့်တကွသော စစ်သည်တော်ကို မြင်သည်ရှိသော် ဤသို့ ကြံစည်ခဲ့၏။
၃။ […]

“အမှီကောင်းလေး ရှာထားပါ” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

မဇ္ဈိမဂုဏ်ရည်မဟာစည်သာသနာ့ရိပ်သာ၊ သာကေတမြို့နယ်နှင့် မဇ္ဈိမဂုဏ်ရည်မဟာစည်တောရရိပ်သာ၊ လှည်းကူးမြို့တို့၏ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒသည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ သီတင်းသုံးနေစဉ် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇-၈၊ ၁၄-၁၅၊ ၂၁-၂၂ စနေ-တနင်္ဂနွေနေ့များတွင် အထူးဓမ္မသဘင်များ ဆင်ယင် ကျင်းပခဲ့၊ ဆင်ယင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ရာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇-ရက် စနေနေ့ ညနေ ၆ နာရီတွင် “အမှီကောင်းလေး ရှာထားပါ”တရားတော်ကို ဓမ္မဒါနပြု ဟောကြားသွားခဲ့၏။

+++++
ကုမ္ဘသုတ်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ […]

Dhammacakka Day Ceremony – 2012

၂၀၁၂ ခုနှစ် `ဓမ္မစကြာအခါတော်နေ့´အခမ်းအနားကို ဇူလိုင်လ ၇-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ နံနက်ပိုင်းတွင် မြတ်စွာဘုရားရှင်အား ပန်း, ရေချမ်း, ဆီမီး, ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်လှူဒါန်းကြ၏။

+++++
မွေးနေ့ရှင် မိသားစုများက သံဃာတော်များအား နေ့ဆွမ်းဖြင့်လည်း ဆက်ကပ် လှူဒါန်းကြ၏။

+++++
မွန်းလွဲ ၁ နာရီခွဲတွင် ရဟန်းခံ ရှင်ပြုပွဲကို ကျင်းပ ပြုလုပ်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်၏။