ပထမဝါဆိုလပြည့်နေ့နှင့် ဓမ္မစကြာသင်တန်း (၂) (၃-ဇူလိုင်-၁၂)

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက် အင်္ဂါနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပထမဝါဆိုလပြည့်နေ့ ဖြစ်၏။
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ညနေ ၆ နာရီတွင် သံဃာတော်များ ဥပုသ်ပြုပြီး၊ သံဃာတော်များနှင့်အတူ ဘုရားဝတ်ပြုခြင်း၊ နာရီဝက်ခန့် တရားရှုမှတ်ခြင်းများ ပြုလုပ်ကြပြီး၊ ဓမ္မစကြာပါဠိတော်ကို ရွတ်ဆို ပူဇော်ကြ၏။

+++++
ညနေ ၇ နာရီခွဲတွင် ဓမ္မဘေရီဆရာတော်က ဓမ္မစကြာသင်တန်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

ဓမ္မဘေရီဆရာတော်၏ ဓမ္မစကြာသင်တန်း (၁) (၂-ဇူလိုင်-၁၂)

ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ (တောင်စွန်း)သည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ သီတင်းသုံးနေခိုက် “ဓမ္မစကြာသင်တန်း”ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂)ရက် မှ (၆)ရက်ထိ သင်ပြ ဟောကြားသွားမည် ဖြစ်၏။

မသိမှာ စိုးမိသည်

၂၀၁၂ ခုနှစ် ဇွန်လနောက်ဆုံးပတ် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တစ်ရက်တရားစခန်း ပြုလုပ်ရန်ဖြစ်သော်လည်း နောက်ရက်တွင် ဝါဆိုပွဲပြုလုပ်မည်ဖြစ်သောကြောင့် တရားစခန်း မပြုလုပ်ဖြစ်တော့ချေ။
ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ ဂါထာ (၂၄)ကို သင်ကြားပေးပြီး၊

အရှင်ပညာဇောတက သံယုတ်ပါဠိတော်၊ သက္ကသံယုတ်၊ ဒုတိယဝဂ်၊ ဂဟဋ္ဌဝန္ဒနာသုတ်ကို “မသိမှာ စိုးမိသည်” တရားခေါင်းစဉ် အမည်ပေး၍ ဓမ္မဒါနပြု ဟောကြား၏။

+++++
လင်္ကာများ
ဒါနတရား၊ ကောင်းမှုပွား၊ သိကြားရှိခိုးသည်။
သီလတရား၊ ကောင်းမှုပွား၊ သိကြားရှိခိုးသည်။
ရတနာသုံးပါး၊ ဆည်းကပ်ငြား၊ သိကြားရှိခိုးသည်။
သမီးနှင့်သား၊ ပြုစုငြား၊ သိကြားရှိခိုးသည်။
+++++
ဂဟဋ္ဌဝန္ဒနာသုတ်
သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။
ရဟန်းတို့၊ ရှေးက ဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် […]

ဘာကြောင့် ကျင့်တာလဲ?

၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းနှင့် တရားပွဲများကို ပြုလုပ်ရာ မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာဆရာတော်က ဉာဏ်စဉ် ဆယ်ပါးနှင့် ဝေဒနာနုပဿနာအကြောင်းတို့ကို အကျဉ်း မိန့်ကြား ဟောကြား၏။

+++++
ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒ ခရီးသွားနေသဖြင့် အရှင်ပညာဇောတက ဓမ္မပဒဂါထာ (၂၄)ကို သင်ပြပေး၏။

+++++
အဘိဓမ္မာသင်တန်းပြဆရာတော် အရှင်ဝဏ္ဏိတလည်း ခရီးသွားနေရာ အဘိဓမ္မာသင်တန်း မရှိဘဲ ဆရာတော် အရှင်ဝိမလက ‘ကဏှဇာတ်’ကို “ဘာကြောင့်ကျင့်တာလဲ?”ဟု အမည်ပေး၍ ဓမ္မဒါနပြု ဟောကြားလေသည်။

တရားပွဲပြီးသော် ကောင်းမှု အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။