သိကြားမင်း၊ ဘုံ၌စိတ်ရ နှင့် `မာရ်မင်းကျော့ကွင်း လွတ်ကင်းရအောင်´

သိကြားမင်း
ဝေသာလီမြို့တော် ကုဋာဂါရကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် မဟာလိမည်သော လိစ္ဆဝီမင်းသားကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။
တနေ့သ၌ မဟာလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် `အရှင်ဘုရား၊ သိကြားမင်းကို မြင်ရပါသလော´ဟု မေးလျှောက်၏။ ဘုရားရှင်က `မဟာလိ၊ ငါဘုရားသည် သိကြားမင်းကို မြင်ရ၏´ဟု ဖြေကြားတော်မူလေရာ –
`အရှင်ဘုရား၊ အရှင်ဘုရားမြင်ရသော သိကြားမင်းသည် သိကြားမင်းအတု ဖြစ်ရာ၏။ သိကြားမင်းကို မြင်ရန် ခဲယဉ်းလှပါသည်ဘုရား´
`မဟာလိ ငါဘုရားသည် သိကြားမင်းကိုလည်းကောင်း၊ သိကြားမင်းဖြစ်ကြောင်း တရားကိုလည်းကောင်း သိ၏။
မဟာလိ၊ သိကြားမင်းသည် ရှေးအခါက လူဖြစ်စဉ်တုန်းက မာဃမည်သော လုလင် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် မဃဝ ဟုလည်း ခေါ်ရ၏။
မဟာလိ၊ သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ရှေးဦးစွာ အလှူကို ပေးလှူခဲ့၏။ ထို့ကြောင့် ပုရိန္ဒရ ဟုလည်း ခေါ်ရ၏။
မဟာလိ၊ […]

မိတ်ဆွေရဟန်းနှစ်ပါး၊ ပုဂ္ဂိုလ်အပြားနှင့် `အန္တရာယ်က လွတ်ပါစေ´

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရား၏ အပတ်စဉ် ဓမ္မသင်တန်းများဝယ် မွန်းလွဲ ၁း၅၅ နာရီ၌ လောကချမ်းသာဆရာတော်က ဝိပဿနာတရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာ ၂၉၊ မိတ်ဆွေရဟန်းနှစ်ပါးဝတ္ထုအကြောင်း သင်ပြ ပို့ချ၏။

+++++
ညနေ ၄ နာရီခွဲတွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ဝီထိပိုင်း၊ `ပုဂ္ဂိုလ်အပြား၊ ဘုံပုဂ္ဂိုလ်ရ´၊ `ပုဂ္ဂိုလ်စိတ်ရ´၊ `စိတ်-ပုဂ္ဂိုလ်ရ´တို့ကို ရှင်းလင်း သင်ကြား၏။

+++++
ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် အရှင်ဝိမလက ခေမာထေရီအကြောင်း၊ `အန္တရာယ်က လွတ်ပါစေ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကုသိုလ် အပေါင်းအစုတို့ကို အမျှပေးဝေကြကုန်၏။
သာဓု … သာဓု … သာဓု။

အရှင်မဟာကဿပထေရ်၊ မနောဒွါရဝီထိများနှင့် `ငယ်သေးတယ်ရယ်လို့´

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ဓမ္မသင်တန်းများကို ပြုလုပ်ရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က ဝိပဿနာတရားတော်ကို ဟောကြား ချီးမြှင့်၏

+++++
မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာ ၂၈-အရှင်မဟာကဿပထေရ်အကြောင်း ပို့ချပေး၏။

+++++
ညနေ ၄ နာရီတွင် အရှင်ဝဏ္ဏိတက ဝီထိပိုင်း မနောဒွါရဝီထိများအကြောင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

+++++
ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် အရှင်ဝိမလက ကောသလသံယုတ်၊ ဒဟရသုတ်နှင့် ဓမ္မပဒမှ သာမဏေလေးပါးဝတ္ထုတို့ကို အခြေခံ၍ `ငယ်သေးတယ်ရယ်လို့´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသာ် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။
သာဓု … သာဓု … သာဓု။