အညတရဘိက္ခုဝတ္ထု၊ ကမ္မစတုက္ကနှင့် `ဧည့်သည်ပြန်ချိန် နီးပြီဘုရာ့´

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၀-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်မြဲ ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ စုပေါင်း တရားရှုမှတ်ခြင်း အစီအစဉ်ဝယ် လောကချမ်းသာဆရာတော်က တရားရှုမှတ်ခြင်းဆိုင်ရာ သြဝါဒတရား မိန့်ကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ မှ ၄း၁၅ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တဝဂ်၊ ဂါထာ (၃၅) အညတရဘိက္ခုဝတ္ထုအကြောင်း သင်ပြ၏။

+++++
ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိထိမုတ်ပိုင်း၊ ကမ္မစတုက္က ရှင်းပြ သင်ကြား၏။

+++++
ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ဧည့်သည်ပြန်ချိန် နီးပြီဘုရာ့´တရားတော်ကို […]

မေဃိယမထေရ်ဝတ္ထု၊ ဘုံပိုင်းနှင့် `ကိုယ်ဖြစ်ချင်သည့်အတိုင်း´

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများနှင့် တရားပွဲတွင် လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားမထိုင်မီနှင့် ထိုင်နေစဉ်အတွင်း တရားအားထုတ်ခြင်းဆိုင်ရာ သြဝါဒကို ဟောကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တဝဂ်၊ ဂါထာ (၃၃-၃၄) မေဃိယမထေရ်ဝတ္ထုကို ဟောကြား သင်ပြ၏။

+++++
မွန်းလွဲ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ဝီထိမုတ်ပိုင်းကို ရှင်းလင်း သင်ကြားပေး၏။

+++++
ညနေ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `ကိုယ်ဖြစ်ချင့်သည့်အတိုင်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် တနေ့တာ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

ဝိပဿနာကို ဘယ်လို အားထုတ်မလဲ? – ဆုထူးပန်ဆရာတော် ဦးနာဒရ

ဝိပဿနာကို ဘယ်လို အားထုတ်မလဲ?
ဒီအမေးအတွက် ခန္ဓဝဂ္ဂသံယုတ်၊ သီလဝန္တသုတ်တော်ကို မှီးပြီး အကျဉ်းနည်းအားဖြင့် ဖြေပါ့မယ်။
၎င်းသုတ်တော်ကို ပါဠိတော့ မဖော်ပြတော့ဘူး။ သဘောပဲ ဟောပါမယ်။ ဝိပဿနာဆိုတာ `မှားနေတာကို အမှန်မြင်အောင် လုပ်တဲ့ အလုပ်´ပါပဲ။ သတ္တဝါတွေဟာ ဘယ်အပေါ်မှာ မှားနေသလဲဆိုတာ စစ်ဆေးကြည့်ရင် ခန္ဓာငါးပါးအပေါ်မှာ မှားနေတယ်။ ခန္ဓာငါးပါးဆိုရာမှာလည်း မိမိခန္ဓာက စပြီး တလောကလုံး ရှိရှိသမျှ ခန္ဓာငါးပါးအပေါ်မှာ မှားတယ်။ ဒါပေမယ့် မိမိခန္ဓာငါးပါးသာလျှင် မှားခြင်းရဲ့ အစမူလဖြစ်တဲ့အတွက် အမှန်မြင်ချင်ရင် မိမိခန္ဓာကိုယ်ကို အလျင်မြင်ရမယ်။
ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက – `ဝိပဿနာဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း?၊ စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာ ရှု၍ဖြစ်သတည်း´လို့ ဆောင်ပုဒ်လေး စီထားပါတယ်။
သတိနဲ့ ဘာကြောင့် ရှုမှတ်ရသလဲ?
ခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းနေတယ်။ မှားနေတယ်။
ဒီအမှားကို ပျောက်အောင် ဒီခန္ဓာငါးပါးကိုပင် […]

နိဂမဝါသီတိဿမထေရ်ဝတ္ထုနှင့် ဘုံပိုင်း

နိဂမဝါသီမထေရ်ဝတ္ထု
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နိဂုံးသားတစ်ယောက်သည် မြတ်စွာဘုရားထံတော်ဝယ် ရဟန်းပြု၏။ သူ၏ အမည်ရင်းမှာ တိဿ ဖြစ်၏။ သူသည် ဇေတဝန်ကျောင်းတော်၌ပင် ၅-နှစ်ကြာ ပရိယတ္တိ သင်ယူပြီး မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားတောင်းယူကာ မွေးရပ်မြေ နိဂုံးသို့ ပြန်သီတင်းသုံး တရားအားထုတ်၏။ ထိုအချိန်မှ စ၍ သူသည် ဘုရားတစ်ဆူ တစ်ဆူ၏ လက်ထက်တော်၌ တစ်ကြိမ်သာ ပေါ်ပေါက်သော ကောသလမင်းကြီး၏ အသဒိသအလှူကြီးသို့ပင် မကြွရောက်တော့ဘဲ မွေးရပ်မြေ တောရွာလေး၌သာ သီတင်းသုံးနေတော့၏။ ထို့ကြောင့် သူ့အမည်မှာ နိဂမဝါသီ=နိဂုံး၌နေသူဟု ဘွဲ့တိုးကာ နိဂမဝါသီတိဿမထေရ်ဟု တွင်၏။
သူ့ကို အခြားရဟန်းများက ဇာတိမြေနှင့် ဆွေမျိုးများကို တွယ်တာ သံယောဇဉ်ဖြစ်လွန်းသူဟု ထင်မြင်ကြ၏။
အမှန်မှာ နိဂမဝါသီတိဿမထေရ်သည် အလိုနည်း၏။ ရောင့်ရဲလွယ်၏။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏။ အားထုတ်အပ်သော လုံ့လဝိရိယ […]

ပုဂ္ဂိုလ်စွဲကြည်ညိုမှု သတိပြု – လောကချမ်းသာဆရာတော်

ပုဂ္ဂိုလ်စွဲကြည်ညိုသူသည် အထူးအားဖြင့် မိမိ၏ဆရာသမားကို ပုဂ္ဂိုလ်စွဲ ကြည်ညိုတတ်၏။
ကိုယ့်ဆရာမှ ကိုယ့်ဆရာ၊ အခြားဆရာသမားများကို အထင်မကြီးတတ်။ ထိုသူမျိုးမှာ ပညာအသိဉာဏ် တိုးတက်မှု ပိတ်နေတတ်တော့၏။ ကုသိုလ်ရဖို့အခွင့်လည်း နည်းပါးတတ်၏။
အသိဉာဏ်ပညာ ပြည့်စုံသည့် တစ်ဦးတည်းသော ဆရာမှာ မြတ်စွာဘုရားသာ ရှိ၏။
အခြား ဆရာသမားများသည် တစ်ခုကောင်း နှစ်ခုကောင်းလောက်သာ တော်နိုင်၏။ အဖက်ဖက်မှ မပြည့်စုံနိုင်ပါ။ ထို့ကြောင့် ဆရာစွဲကြီးလျှင် အသိဉာဏ်တိုးတက်ရေးကို အားနည်းစေမှာ အမှန်ပင် ဖြစ်၏။
မိမိသည် ငယ်စဉ်က ဆရာစွဲကြီးခဲ့သူတစ်ဦး ဖြစ်၏။
စာသင်တိုက်ကြီးတစ်တိုက်မှာ စာသင်သားလေးဘဝ၊ တိုက်အုပ်ဆရာတော်ထံမှာ အခြေခံပါဠိစာပေများကို စပြီး သင်ရ၏။
`တို့ရဲ့ဆရာတော်က လောကီလောကုတ္တရာပညာအရာမှာ နိုးတူး၊ နှစ်ပါးမရှိဘူး´ဟု အလွန် အထင်ကြီး၏။
ဆရာတော်အနေဖြင့်လည်း တိုက်တွင်းမှာတော့ ပညာအတော်ဆုံး ဆရာတော် ဖြစ်၏။ အခြား စာချဆရာတော်များ၏ ဆရာလည်း ဖြစ်၏။
မိမိ၏ ပညာသင်မှုသည် ဤတိုက်မှာပင် ရပ်နားခဲ့၏။
အခြားကျောင်းတိုက်များမှာ […]

သာသနာပြုစိတ်ဓာတ် သာသနာပြုအရည်အချင်း – လောကချမ်းသာဆရာတော်

သာသနာပြုစိတ်ဓာတ်
သာသနာပြုစိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။
ဗုဒ္ဓသာသနာတော် ကြီးပွားတိုးတက်ရန်အတွက် သာသနာပြုစိတ်ဓာတ်ထက်သန်သည့် ဗုဒ္ဓဘာသာဝင်များအပေါ်မှာ များစွာ မူတည်ပါတယ်။ သာသနာပြုစိတ်ဓာတ်ရှိဖို့ကလည်း မိမိဘာသာ၏ အနှစ်သာရများကို ကောင်းစွာ သိနားလည်မှုအပေါ်မှာ မူတည်ပြန်ပါတယ်။
ဤသို့ သိဖို့ရန် ဗုဒ္ဓ၏ အဆို အဆုံးအမ တရားတော်များကို စာတွေ့လက်တွေ့အားဖြင့် လေ့လာလိုက်စားဖို့ လိုပါတယ်။
ဘာသာတရား တတ်သိနားလည်သူ ပညာရှိများထံမှာ ဆည်းကပ်ပြီး ဆွေးနွေး မေးမြန်း၍ ဘာသာရေးစာပေများကို ဖတ်ရှု လေ့လာရမှာ ဖြစ်ပါတယ်။
မိမိသည် သာသနာပြုစိတ်ဓာတ်မျိုးစေ့ကို အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အနာဂတ်သာသနာရေး၊ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဘာသာသွေး စာအုပ်များကို ဖတ်ရှုရာမှ ရရှိခဲ့ပါတယ်။ ယင်းစာအုပ်များကို ဖတ်ရှုခြင်းဖြင့် ဘာသာရေးအသိဉာဏ်များ တိုးတက်နိုင်သည့်အပြင် ဗုဒ္ဓသာသနာပြုစိတ်ဓာတ်များလည်း တိုးတက် ဖြစ်ပေါ်နိုင်ပါတယ်။
သာသနာပြုစိတ်ဓာတ်ရှိလျှင် ကိုယ်ကျိုးကို မငဲ့ဘဲ သာသနာတော်အကျိုးကိုသာ ရှေ့တန်းတင် အနစ်နာခံ၍ စွန့်စွန့်စားစား သာသနာပြုပါတယ်။
မိမိကိုယ်ကို အရင်သာသနာပြုပြီးမှ […]